Wednesday Talk ဆွေးနွေးပွဲ သတင်း (အပြည့်အစုံ)

Wednesday Talk ဆွေးနွေးပွဲ

သတင်း (အပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံခန်းမ ၌ Wednesday Talk ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၄၅) နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။         Wednesday Talk ဆွေးနွေးပွဲတွင် ကုန်သွယ်ရေးဦးစီးဌာန၊ နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ​ဒေါ်ဇာ နည်တင်က “Implementation of Article 66.2 of the WTO TRIPS Agreement” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့ပါသည်။

၃။         ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ WTOနှင့်အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများဌာန ခွဲမှ ညွှန်ကြားရေးမှူး ဦးညီညီအောင်နှင့် နှစ်နိုင်ငံကုန်သွယ်မှု ဆက်ဆံရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်မင်းသိုက်တို့ က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ကုန်သွယ်ရေးဦး စီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ ကဆွေးနွေးပြောကြားခဲ့သော ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဇာနည်တင်အား ဂုဏ်ပြုလက်ဆောင်ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က နိဂုံး ချုပ်အမှာ စကားပြောကြားခဲ့ပါသည်။

၄။         အဆိုပါ Wednesday Talk ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၄၅) ဦးတို့ တက်ရောက်ခဲ့ပါသည်။