တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Thu, 06/13/2024 - 05:12 -- bordertrade

              တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (ဧပြီလ မှ ဇွန်လ ၁၀ ရက်နေ့ထိ) ပို့ကုန် ကန်ဒေါ်လာ (၃၅.၄၉၃) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၁၉.၃၅၁) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(၅၄.၈၄၄)သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ (၁၀-၆-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၅,၃၃၉.၀၇၁) တန်၊ တန်ဖိုး (၁.၂၅၄) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၁၉၄.၀၇၀) တန်၊ တန်ဖိုး (၀.၄၀၂) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၃၅.၀၀၀)တန်၊ တန်ဖိုး (၀.၀၇၇) ဒေါ်လာသန်း၊ လက်ဖက်ခြောက် (၄၉.၆၀၀) တန်၊ တန်ဖိုး (၀.၀၆၃) ဒေါ်လာသန်း၊ ပုစွန်ဖွဲ (၂၀၁.၆၀၀) တန်၊ တန်ဖိုး (၀.၀၉၇) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ(၃၄.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ စုစုပေါင်း (၁.၈၉၇) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံး ဘတ်ငွေလဲနှုန်းအနေဖြင့် (၁၀-၆-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင် (၈၄၅.၀၂၃)ဘတ် ဖြစ်ပေါ် ခဲ့ပါသည်။

            တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိက တင်သွင်းလျက်ရှိပြီး (၁၀-၆-၂၀၂၄) ရက်တွင် ဓာတ်ဆီ (၀.၀၆၁) ဒေါ်လာသန်း၊ ဒီဇယ် (၀.၀၅၇) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၆၈) ဒေါ်လာသန်း၊ ယာဉ်နှင့် ယာဉ်ယန္တရား (၀.၄၉၅) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်း (၀.၀၆၇) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၀၃၃) ဒေါ်လာသန်း  အပါအဝင် (၀.၇၈၁) ဒေါ်လာသန်း တင်သွင်းခဲ့ပါ သည်။

Border Trade News

Pages