မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြ ပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၀၂၃၈၈)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၃၄၂.၆၂၈)သန်း၊ နယ်စပ်မှ (၁၅၇၄၁၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၁.၃၈၀)သန်း၊ စုစုပေါင်း (၁၇၅၉၇၉၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၈၄.၀၀၈)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၃၁-၅-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၄၆၀၈၀၈.၂၁၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၉၇.၈၁၁)သန်း၊ နယ်စပ်မှ (၁၇၀၈၃.၆၈၁)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၄.၆၁၁)သန်း၊ စုစုပေါင်း (၄၇၇၈၉၁.၈၉၅) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၁၂.၄၂၂)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၃၁-၅-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
တန်ဖိုး- အမေရိကန်ဒေါ်လာသန်း | |||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (၃၁-၅-၂၀၂၄) ထိ |
||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | |||
၁ | မတ်ပဲ | US$ | ၁၈၁.၈၇၈ | ၀.၀၆၂ | ၁၈၁.၉၄၀ |
မတန် | ၁၈၇၅၅၀.၇၆၀ | ၆၆.၀၀၀ | ၁၈၇၆၁၆.၇၆၀ | ||
၂ | ပဲတီစိမ်း | US$ | ၈၇.၃၄၅ | ၀.၅၇၅ | ၈၇.၉၂၀ |
မတန် | ၁၃၃၇၉၄.၉၂၉ | ၈၉၉.၀၁၉ | ၁၃၄၆၉၃.၉၄၈ | ||
၃ | ပဲစဉ်းငုံ | US$ | ၇၆.၃၃၅ | ၇၆.၃၃၅ | |
မတန် | ၆၇၄၆၇.၀၀၀ | ၆၇၄၆၇.၀၀၀ | |||
၄ | ကုလားပဲ | US$ | ၁.၁၁၅ | ၁.၁၁၅ | |
မတန် | ၁၂၅၉.၅၆၁ | ၁၂၅၉.၅၆၁ | |||
၅ | ပဲလွန်းဖြူ | US$ | ၁၀.၁၇၁ | ၁၀.၁၇၁ | |
မတန် | ၁၅၄၅၇.၀၃၉ | ၁၅၄၅၇.၀၃၉ | |||
၆ | မြေထောက်ပဲ | US$ | ၆.၃၁၅ | ၁.၅၆၉ | ၇.၈၈၄ |
မတန် | ၆၀၆၄.၈၉၉ | ၁၃၆၄.၀၀၀ | ၇၄၂၈.၈၉၉ | ||
၇ | ထောပတ်ပဲ | US$ | ၁၀.၉၄၁ | ၆.၁၅၂ | ၁၇.၀၉၃ |
မတန် | ၉၈၈၈.၄၆၀ | ၅၆၈၃.၅၀၀ | ၁၅၅၇၁.၉၆၀ | ||
၈ | ပဲယင်း | US$ | ၁၅.၄၃၆ | ၂.၁၄၀ | ၁၇.၅၇၆ |
မတန် | ၂၇၉၃၃.၄၇၇ | ၃၈၂၈.၉၉၀ | ၃၁၇၆၂.၄၆၇ | ||
၉ | ပဲကြီး | US$ | ၂.၄၅၆ | ၁.၆၆၅ | ၄.၁၂၁ |
မတန် | ၂၆၇၁.၂၃၂ | ၁၈၅၂.၀၀၀ | ၄၅၂၃.၂၃၂ | ||
၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၁၁၈ | ၁.၁၁၈ | |
မတန် | ၁၈၉၄.၁၂၃ | ၁၈၉၄.၁၂၃ | |||
၁၁ | စွန်တာပြာ | US$ | ၀.၁၉၃ | ၀.၁၉၃ | |
မတန် | ၃၀၉.၀၀၀ | ၃၀၉.၀၀၀ | |||
၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၃၉ | ၀.၀၃၉ | |
မတန် | ၆၄.၀၀၀ | ၆၄.၀၀၀ | |||
၁၃ | ပဲဖြူလေး | US$ | ၀.၀၂၈ | ၀.၀၂၈ | |
မတန် | ၂၄.၀၀၀ | ၂၄.၀၀၀ | |||
၁၄ | ဘိုကိတ်ပဲ | US$ | ၄.၀၃၈ | ၄.၀၃၈ | |
မတန် | ၆၀၁၂.၉၉၅ | ၆၀၁၂.၉၉၅ | |||
၁၅ | ပဲပုတ်စေ့ | US$ | |||
မတန် | |||||
၁၆ | ပဲနီကြား | US$ | ၁.၁၃၅ | ၁.၁၃၅ | |
မတန် | ၁၈၉၂.၀၀၀ | ၁၈၉၂.၀၀၀ | |||
၁၇ | နိုင်လွန်ပဲ | US$ | ၀.၁၆၁ | ၀.၄၇၀ | ၀.၆၃၁ |
မတန် | ၂၅၀.၀၀၀ | ၇၂၂.၀၀၀ | ၉၇၂.၀၀၀ | ||
၁၈ | မြေပဲဆံ | US$ | ၀.၂၄၀ | ၀.၆၆၉ | ၀.၉၀၉ |
မတန် | ၁၈၀.၉၅၀ | ၅၁၁.၁၇၂ | ၆၉၂.၁၂၂ | ||
၁၉ | အခြားပဲ | US$ | ၀.၀၄၁ | ၀.၁၃၅ | ၀.၁၇၆ |
မတန် | ၄၉.၇၈၉ | ၂၀၁.၀၀၀ | ၂၅၀.၇၈၉ | ||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၃၉၇.၈၁၁ | ၁၄.၆၁၁ | ၄၁၂.၄၂၂ | |
မတန် | ၄၆၀၈၀၈.၂၁၄ | ၁၇၀၈၃.၆၈၁ | ၄၇၇၈၉၁.၈၉၅ |