မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

   မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇန်နဝါရီလ ၂၈ ရက်နေ့ အထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် ၁၀.၄၅၂ အမေရိကန်ဒေါ်လာသန်းနှင့် သွင်းကုန် ၃၄.၇၆၈ အမေရိကန်ဒေါ်လာသန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ ၄၅.၂၂၀ ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ သည်။
 

   နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ ၂၈-၁-၂၀၂၄ရက်နေ့တွင် အဓိကတင်ပို့ခဲ့ သော ပို့ကုန်ပစ္စည်းများမှာ လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် မြေပဲဆံ၊ ကြက်သွန်နီ၊ ငရုတ် ခြောက်နှင့် ငရုတ်အစိုတို့ဖြစ်ပြီး မြေပဲဆံ ၃၁.၅ တန်၊  ကြက်သွန်နီ ၄၈၁.၅၅၅ တန်၊ ငရုတ်သီးစိမ်းအစို ၇၉.၇ တန်နှင့် ငရုတ်ခြောက် ၇၁.၇၈ တန်တို့ဖြစ်သည်။

   အများဆုံး တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ်ကုန်ကြမ်းများ၊ မော်တော် ဆိုင်ကယ် အပိုပစ္စည်းများ၊ ကားအပိုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း များ၊ ဆပ်ပြာများ၊ စားသောက်ကုန်ပစ္စည်း၊ စက်အပိုပစ္စည်းများနှင့်ဆိုင်ကယ်အပိုပစ္စည်းတို့ဖြစ် သည်။

   ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ နှင့် ငရုတ်တို့ကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

DOT ( မြဝတီ)