မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Tue, 01/16/2024 - 06:04 -- DotBorderdep

            မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက် ရှိရာ (၉-၁-၂၀၂4) ရက်နေ့မှ (13-၁-၂၀၂4) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများ ဖြစ်သည့် ငရုတ်(အခြောက်)၊  ကြက်သွန်နီ၊ သတ္တုနှင့်သတ္တုရိုင်းများ၊ မြေပဲ(အစို)၊ငရုတ်(အစို) ကော်ဖီစေ့နှင့် ချုပ်ပြီးအထည်များ တင်ပို့ခဲ့ပါသည်။ 

            (၉-၁-၂၀၂4) ရက်နေ့မှ (၁၃-၁-၂၀၂4)  ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ ၊ ငရုတ်(အခြောက်) ကော်ဖီစေ့၊သတ္တုနှင့်သတ္တုရိုင်းတို့ ဖြစ်ပါသည်။

            ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန် လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍ လတ်တလောကာလများတွင်ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

            ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်း ပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစား ပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

            (၉-၁-၂၀၂၄ မှ ၁၃-၁-၂၀၂4) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ်ကုန်ကြမ်းများ(၁.၇၀၇) ဒေါ်လာသန်း၊ အခြားပစ္စည်းများ (၁.၆၀၉) ဒေါ်လာသန်း၊ မော်တော် ယာဉ်နှင့်မော်တော်ယာဉ်ပစ္စည်းများ(၀.၇၃၃)ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၀.၄၁၆) ဒေါ်လာသန်း၊ ဓါတု‌‌ဗေဒ(၀.၄၁၄)ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ(0.၃၄၃) ဒေါ်လာသန်း၊ ‌တာယာနှင့်ကျွတ် (၀.၂၂၉) ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ)ဆောက်လုပ်ရေးပစ္စည်းများ(၀.၁၈၁) ဒေါ်လာသန်း၊ လျှပ်စစ်ဓါတ် ဖြန့်ဖြူးရေးနှင့်တပ်ဆင်ရေးပစ္စည်းများ(၀.၁၃၀) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

            ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၈.၅၂)ကျပ် ရှိပြီး ယခုအပတ်တွင် (၉၈.၅၂) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးမှာ တည်ငြိမ်လျက်ရှိပါသည်။

            (၉-၁-၂၀၂၃ မှ ၁၃-၁-၂၀၂4) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ မြေပဲ(အစို)  (၁) တန်လျှင် (939.580) ဒေါ်လာဖြင့် (38.315) တန်၊ (၀.036) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁)တန်လျှင် (528.930) ‌ဒေါ်လာဖြင့် (2074.180) တန် (1.097) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၁)တန်လျှင် (4403.846)ဒေါ်လာဖြင့် (5၂) တန်လျှင် (၀.229)ဒေါ်လာသန်း၊ ‌ငရုတ်သီး(ခြောက်) (၁) တန်လျှင် (၁၆၁၃.၄၅၉) ဒေါ်လာဖြင့် (၄၀၀.၃၈၂)တန် (၀.၆၄၆)ဒေါ်လာသန်း၊ငရုတ်သီး(စိမ်း)(အစို) (၁) တန်လျှင် (၃၂၈.၂၀၉) ဒေါ်လာ ဖြင့် (၁၈၈.၉၀၄) တန် (၀.၀၆၂) ဒေါ်လာသန်း၊သတ္တုနှင့်သတ္တုရိုင်းများ (၁) တန်လျှင် (၂၀၈၃.၃၃၃) ဒေါ်လာဖြင့် (၉၆) တန် (၀.၂၀၀) ဒေါ်လာသန်း၊ ချုပ်ပြီးအထည် (၁)တန်လျှင် (၅.၁၀၅) ဒေါ်လာဖြင့် (၈၄၂၃)တန် (၀.၀၄၃)ဒေါ်လာသန်း တို့ ဖြစ်ပါသည်။

            မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ မှ ဇန်နဝါရီ ၁၃ ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၄.၃၂၅) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၁၁.၄၂၄) ကန် ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၅.၇၄၉) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Border Trade News

Pages