မြင်းခြံခရိုင်တွင် မိုးကြက်သွန်နီများ စတင်ထွက်ပေါ်

Tue, 01/02/2024 - 04:00 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်တွင် မိုးကြက်သွန်နီများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး၊ ဒီဇင်ဘာလ၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် တူးဖော်လေ့ရှိကြောင်း၊ မြင်းခြံခရိုင်၌ ၂၀၂၂ ခုနှစ်တွင်  မိုးကြက်သွန်နီ (၁၆၃၃) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၌ မိုးကြက်သွန်နီ (၁၇၉၄) ဧကစိုက်ပျိုးနိုင်ခဲ့သည့်အတွက် ယခင်နှစ်ထက် (၁၆၁) ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

   ၂၀၂၃ ခုနှစ်တွင် မြို့နယ်အလိုက် ကြက်သွန်နီ စိုက်ပျိုးမှု၊ ရိတ်သိမ်းပြီးစီးမှုနှင့် အထွက်နှုန်း များအနေဖြင့် မြင်းခြံမြို့နယ်တွင် (၈၃၇) ဧက စိုက်ပျိုးခဲ့ပြီး ဒီဇင်ဘာလ (တတိယပတ်) အထိ ရိတ် သိမ်းပြီးစီးမှုမှာ (၃၄၀) ဧက ရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧက ပျမ်းမျှအထွက်နှုန်းမှာ (၂၁၀၀) ပိဿာနှုန်း ဖြင့် ပိဿာချိန်ပေါင်း (၇၁၄၀၀၀) ပိဿာ ထွက်ရှိခဲ့ကြောင်း၊ တောင်သာမြို့နယ်တွင် (၂၉၅) ဧက စိုက်ပျိုးခဲ့ပြီး (၁၀၀) ဧက ရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧကပျမ်းမျှ အထွက်နှုန်းမှာ (၂၁၀၀) ပိဿာနှုန်း ဖြင့် ပိဿာချိန်ပေါင်း (၂၁၀၀၀၀) ပိဿာ၊ နွားထိုးကြီးမြို့နယ်တွင် (၆၆၂) ဧက စိုက်ပျိုးခဲ့ပြီး (၂၃၀) ဧက ရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧကပျမ်းမျှ အထွက်နှုန်းမှာ (၂၁၀၀) ပိဿာဖြင့် ပိဿာချိန်ပေါင်း (၄၈၃၀၀၀)ပိဿာများ ထွက်ရှိခဲ့ကြောင်းနှင့် ကျန်ရှိသောစိုက်ဧကများကိုလည်း ဆက်လက်ရိတ်သိမ်း လျက်ရှိကြောင်း သိရသည်။

   မြင်းခြံခရိုင်အတွင်းရှိ မိုးကြက်သွန်နီများမှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)မှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိရာ ကြက်သွန်နီ (အသေးစ) တစ်ပိဿာလျှင် (၅၀၀-၁၂၀၀) ကျပ်၊ (အလတ်စ) တစ်ပိဿာလျှင် (၁၅၀၀-၂၂၀၀) ကျပ်နှင့် (အကြီးစ) တစ်ပိဿာလျှင် (၂၄၀၀-၂၇၀၀) ကျပ်နှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

DOCA (မန္တလေး)

Local Trade News

Pages