မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြားချုပ်ဆိုထားသည့်စာချုပ်များရှိပါသလား။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြားချုပ်ဆိုထားသည့်စာချုပ် (၃)ခုရှိပါသည်။ ၎င်းတို့မှာ-
(က) မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြားကုန်သွယ်ရေးသဘောတူစာချုပ်ကို၁၉၈၉ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ လက်မှတ်ရေးထိုးခဲ့ပါသည်။
( ခ ) မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြားကုန်သွယ်ရေးပူးတွဲကော်မတီထူထောင်ရေးနားလည်မှုစာချွန်လွှာကို ၁၉၉၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ လက်မှတ်ရေးထိုးခဲ့ပါသည်။
( ဂ) မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြားနယ်စပ်ကုန်သွယ်ရေးသဘောတူစာချုပ်ကို ၁၉၉၆ ခုနှစ်၊ မတ်လ ၁၇ ရက်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ လက်မှတ်ရေးထိုးခဲ့ပါသည်။