လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၁-၁၁-၂၀၂၃)မှ(၅-၁၁-၂၀၂၃)ရက်နေ့အတွင်း ကုန်သွယ်မှု ဆောင်ရွက်ရာ၌ပို့ကုန်ပိုင်းတွင် ဆန်(၇၁၄.၅၀)တန်၊ တန်ဖိုး(၀.၃၆၁)ဒေါ်လာသန်း၊ ဆန်ကွဲ (၂၈၁.၅၀)တန်၊ တန်ဖိုး(၀.၁၂၂)ဒေါ်လာသန်း၊ ပြောင်း(၂၀၀.၀၀) တန်၊ တန်ဖိုး (၀.၀၅၂) ဒေါ်လာသန်း၊ ရော်ဘာ(၉၇.၀၀) တန်၊ တန်ဖိုး (၀.၁၂၅) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

          ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် ဆန်တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲတစ်တန်လျှင် (၄၀၈)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ပဲတီစိမ်း တစ်တန်လျှင် (၆၆၀)ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၄၈၄)ဒေါ်လာ၊ရော်ဘာ တစ်တန်လျှင် (၁၃၀၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ် ရှိကြောင်းသိရှိရပါသည်။

          ယခုအပတ်အတွင်း သွင်းကုန်ပိုင်းတွင် စက္ကူလိပ် (၁၁.၉၀) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ ပိတ်လိပ် (၁၂၄.၃၀) တန်၊ တန်ဖိုး (၀.၀၇၄) ဒေါ်လာသန်း၊ နန်းကြိုးခွေ (၄၅.၀၀) တန်၊ တန်ဖိုး (၀.၀၃၀) ဒေါ်လာသန်း၊ ထွန်စက် (၂၄) U၊ တန်ဖိုး (၀.၂၁၀) ဒေါ်လာသန်း၊ ပီနံအိတ် (၁၂.၅၀) တန်၊ တန်ဖိုး (၀.၀၁၀)ဒေါ်လာသန်း၊ ချည် (၃၃.၀၀) တန်၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာသန်း၊ မြက်ခင်းတု (၁၅.၃၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ပလပ်စတစ်လိပ် (၃၆.၀၀) တန်၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်း၊ သကြားစက် (၂) U၊ တန်ဖိုး (၀.၂၀၉) ဒေါ်လာသန်း၊ ကြက်ခြံ (၁) U ၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်း၊ ကုန်စုံ (၁၉၇.၁၀) U၊(၂၈၁၇၅) PR ၊ တန်ဖိုး (၀.၂၇၃) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် နှစ်ဘီးထွန်စက်တစ်စီးလျှင် (၆၀၀)ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀) ဒေါ်လာ၊ ချည်ခင်တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့ သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီး ယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင်(၁၀၀၀၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများ အား မန္တလေး -လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ်လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအား ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ် - စိန်လုံ - မိုးမောက် (ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

လွယ်ဂျယ်နယ်စပ်ဒေသ ငွေကြေးဈေးကွက်အနေဖြင့် ၃၁-၁၀-၂၀၂၃ ရက်နေ့မှာ (၁) ယွမ်လျှင် (၄၄၁)ကျပ်ဖြစ်ခဲ့ပြီး ၅-၁၁-၂၀၂၃ ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၄၁)ကျပ်ဖြစ်၍ မြန်မာကျပ်ငွေဈေး တည်ငြိမ်ခဲ့ကြောင်းသိရှိရပါသည်။