နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးရုံးခွဲ လျှောက်လွှာလက်ခံဌာနများရှိ ဝန်ထမ်းများသို့ စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေပါဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် အသိပညာပေးသင်တန်း ကျင်းပခြင်း

Tue, 10/17/2023 - 04:03 -- ipICTdep

   မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးချုပ်(နေပြည်တော်)၊ ရန်ကုန်နှင့် မန္တလေးရုံးခွဲများရှိ လျှောက်လွှာ လက်ခံဌာနများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများကို  စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စများအား သိရှိစေရန်အတွက် အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် နေပြည်တော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမတွင်  စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေပါဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် အသိပညာပေးသင်တန်းကို virtual  စနစ်ဖြင့် ကျင်းပခဲ့သည်။

   အဆိုပါသင်တန်းတွင် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာခင်စန္ဒာဝင်းက စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေပါဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ သင်ကြားခဲ့ပြီး  တက်ရောက်လာသည့် ဝန်ထမ်းများက သိရှိလိုသည်များ မေးမြန်းခဲ့ကြပါသည်။

   အဆိုပါ အသိပညာပေးသင်တန်းကို မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စများအား ဆောင်ရွက်ရာတွင် လျှောက်လွှာများလက်ခံခြင်း၊  အခကြေးငွေများကောက်ခံခြင်း၊  လျှောက်လွှာများတွင်ပါဝင်သော အချက်အလက်များကို  အဆင့်ဆင့်စစ်ဆေးခြင်းနှင့် စာရင်းသွင်းခြင်းစသည့် လုပ်ငန်းစဉ်များအား ကျွမ်းကျင်စွာဖြင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး အဆိုပါ သင်တန်းသို့ မူပိုင်ခွင့်ဦးစီးဌာနရန်ကုန်နှင့် မန္တလေးရုံးခွဲများမှ ဝန်ထမ်းအပါအဝင် စုစုပေါင်း ဝန်ထမ်း (၃၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။