(၃၁)ကြိမ်မြောက်အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများအဖွဲ့အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ တက်ရောက်ခြင်း

Tue, 10/10/2023 - 06:26 -- competition

(၃၁) ကြိမ်မြောက်အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများအဖွဲ့အစည်းအဝေး (ASEAN Experts Group on Competition-AEGC) နှင့်ဆက်စပ်အစည်းအဝေးများကို၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၉ရက်မှ၁၃ရက်အထိဖိလစ်ပိုင်နိုင်ငံ၊ ပါလဝမ်မြို့တွင် လူကိုယ်တိုင်နှင့် Virtual စနစ်တို့ဖြင့် ပူးတွဲပုံစံ (Hybrid) ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် Ms. LolibethRamit-Medranoက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါအစည်းအဝေးများ ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ယှဉ်ပြိုင်မှုဥပဒေ၊ ယှဉ်ပြိုင်မှုမူဝါဒများနှင့်စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့်အစီအစဉ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများ၊ စိန်ခေါ်မှုများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

(၃၁) ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများအဖွဲ့အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ပါသည် -

(က)    (၃၁)ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများအဖွဲ့အစည်းအဝေး (၂၀၂၃ခုနှစ်၊အောက်တိုဘာလ ၉ရက်မှ ၁၁ ရက်ထိ)

( ခ )   (၁၀)ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများအကြား အလွတ်သဘောညှိနှိုင်းအစည်းအဝေး(၂၀၂၃ခုနှစ်၊အောက်တိုဘာလ ၁၂ရက်)

( ဂ )   (၁၉)ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ-နယူးဇီလန် လွတ်လပ်သော ကုန် သွယ်မှုဒေသ ကော်မတီအစည်းအဝေး (၂၀၂၃ခုနှစ်၊အောက်တိုဘာလ ၁၂ရက်)

(ဃ)    (၁၀)ကြိမ်မြောက် စီမံကိန်းဦးဆောင်ကော်မတီ အစည်းအဝေး (၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၂ရက်)  

( င )    အာဆီယံယှဉ်ပြိုင်မှု မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးဆိုင်ရာ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေး (၂၀၂၃ခုနှစ်၊အောက်တိုဘာလ ၁၃ရက်)

(၃၁) ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများအဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ဆက်စပ်အစည်းအဝေးများသို့ ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ အမေရိကန်၊ ယူကေ၊ ကနေဒါနိုင်ငံတို့နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် GIZ ၊ OECD အဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြပါသည်။