စစ်တွေကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

   ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှ ၁၅  ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန် တင်ပို့/တင်သွင်းစာရင်းများအရ စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ပို့ကုန် အမေရိကန် ဒေါ်လာ (၀.၁၃၀၂) သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ (၀.၁၀၁၅) သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၃၁၇) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

   ပို့ကုန်ပစ္စည်းတင်ပို့မှုအနေဖြင့် မန်ကျည်းစေ့ (၂၈၀) တန်၊ ဇီးဖတ် (၁၉၂)တန်၊ ဂျင်းအစို (၁၁၆)တန်၊ အုန်းသီးခြောက် (၃၅) တန်၊ နနွင်းတက် (၃) တန်၊ ငါးမြစ်ချင်း (၂-၃) (၆) တန်၊ ငါးမြစ်ချင်း (၃-၅) (၂.၄) တန်နှင့် ဇီးယိုထုပ် (၁၂) တန်တို့ကို တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်ပိုင်းတွင် ပလတ်စတစ်ရေလှောင်ကန် (Plastic Water Tank) (၇၁.၂) တန်နှင့် T-Shirt (၂၀၀၀) ထည်တို့ တင်သွင်းခဲ့သည်။

   ငွေလဲနှုန်းအနေဖြင့် အမေရိကန်ဒေါ်လာ (၁) ဒေါ်လာလျှင် (၁၁၇.၇၀) တာကာနှင့် (၁) တာကာ လျှင် (၂၈.၈၀) ကျပ်ဖြစ်ကြောင်း သိရှိရသည်။

DOT (စစ်တွေ)