၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် ကျင်းပပြုခဲ့သည့် ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်၏ ဒုတိယ အကြိမ်မြောက် ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာ ဆပ်ကော်မတီအစည်းအဝေး

Thu, 07/20/2023 - 10:37 -- regionaldep

   ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်၏ ဒုတိယအကြိမ်မြောက် ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာ ဆပ်ကော်မတီအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘယားမြို၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင်ကျင်းပခဲ့ပါသည်။ အစည်းအဝေးကို မြန်မာနိုင်ငံမှ ဘာသာရပ်တာဝန်ခံကိုယ်စားလှယ်အဖြစ် ကုန်သွယ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ် (၁) ဦးနှင့် အကောက်ခွန်ဦးစီးဌာနမှ ကိုယ်စားလှယ် (၂) ဦး တို့ Online ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် ဒုတိယအကြိမ်နှင့် တတိယအကြိမ် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီအစည်းအဝေးရလာဒ်များကို မှတ်တမ်းတင်ခဲ့ကြသည်။ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အောက်ရှိ သီးသန့် စည်းမျဉ်း HS 2022 နှင့် ပြန်လည်ပြင်ဆင်ထားသော Form RCEP ၏ နောက်ကျော ဘက်တွင်ဖော်ပြထားသည့် ရှင်းလင်းချက်များကို အကောင်အထည်ဖော်မှုလမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးခဲ့ကြပါသည်။

   ဆက်လက်၍ ပင်ရင်းမှတ်ကျောက်သတ်မှတ်ချက်၊ ပင်ရင်းကြေညာချက်နမူနာပုံစံနှင့် ပတ်သက်၍ ကိုရီးယားနိုင်ငံကတင်ပြသော အီလက်ထရောနစ်စာတမ်း၊ တရုတ်နိုင်ငံ၏ တောင်းဆိုမှုအရ ဆက်သွယ်ဆောင်ရွက်ရမည့် ကိုယ်စာလှယ်စာရင်း၊ အစည်းအဝေး မှတ်တမ်းအတည်ပြုခြင်းနှင့် လာမည့်အစည်းအဝေးအတွက် အချိန်နှင့် နေ့ရက်တို့ကို အတည်ပြုသတ်မှတ်ခြင်းတို့ကို ဆွေးနွေးခဲ့ကြပါသည်။