မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုး နေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ်စာရင်းများအရ ပင်လယ် ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇) သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၉-၁၂-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၉၈၁၆၆၈.၀၂၈)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၈၅.၂၄၅) သန်း၊ နယ်စပ်မှ (၁၅၇၂၂၄.၀၂၀) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၈.၅၄၇) သန်း၊ စုစုပေါင်း (၁၁၃၈၈၉၂.၀၄၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၈၉၃.၇၉၂) သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၉-၁၂-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၉-၁၂-၂၀၂၂) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၃၇၈.၄၆၄ | ၇.၈၁၆ | ၃၈၆.၂၈၀ | |
ကီလို | ၄၅၃၈၀၇.၄၃၁ | ၈၁၆၂.၀၁၀ | ၄၆၁၉၆၉.၄၄၁ | |||
၂ | ပဲတီစိမ်း | US$ | ၂၂၄.၂၃၂ | ၆၉.၅၅၉ | ၂၉၃.၇၉၁ | |
ကီလို | ၂၉၂၃၂၅.၉၈၄ | ၉၉၉၇၁.၁၈၇ | ၃၉၂၂၉၇.၁၇၁ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
ကီလို | ||||||
၄ | ပဲစဉ်းငုံ | US$ | ၇၇.၃၈၀ | ၀.၂၀၅ | ၇၇.၅၈၅ | |
ကီလို | ၉၅၈၇၂.၇၅၇ | ၂၉၆.၅၀၀ | ၉၆၁၆၉.၂၅၇ | |||
၅ | ကုလားပဲ | US$ | ၁၂.၆၅၂ | ၀.၀၂၆ | ၁၂.၆၇၈ | |
ကီလို | ၁၈၀၉၈.၅၂၆ | ၄၃.၀၀၀ | ၁၈၁၄၁.၅၂၆ | |||
၆ | ပဲလွန်းဖြူ | US$ | ၁၈.၁၉၆ | ၁.၇၁၆ | ၁၉.၉၁၂ | |
ကီလို | ၂၅၃၉၃.၀၅၈ | ၃၈၇၆.၂၅၃ | ၂၉၂၆၉.၃၁၁ | |||
၇ | မြေထောက်ပဲ | US$ | ၂၅.၃၂၃ | ၈.၁၄၁ | ၃၃.၄၆၄ | |
ကီလို | ၃၂၀၀၉.၂၇၄ | ၁၂၈၁၂.၄၆၁ | ၄၄၈၂၁.၇၃၅ | |||
၈ | ထောပတ်ပဲ | US$ | ၁၇.၂၅၁ | ၃.၁၀၇ | ၂၀.၃၅၈ | |
ကီလို | ၂၀၂၇၉.၆၇၂ | ၅၇၀၀.၃၅၇ | ၂၅၉၈၀.၀၂၉ | |||
၉ | ပဲယင်း | US$ | ၁၅.၁၄၆ | ၄.၁၈၇ | ၁၉.၃၃၃ | |
ကီလို | ၂၀၉၁၀.၀၂၉ | ၈၆၅၅.၅၅၀ | ၂၉၅၆၅.၅၇၉ | |||
၁၀ | ပဲကြီး | US$ | ၃.၁၆၆ | ၁.၂၅၇ | ၄.၄၂၃ | |
ကီလို | ၄၄၁၂.၉၆၁ | ၂၃၀၀.၄၂၀ | ၆၇၁၃.၃၈၁ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၂.၄၆၅ | ၂.၄၆၅ | ||
ကီလို | ၃၇၅၅.၁၃၅ | ၃၇၅၅.၁၃၅ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၆၀၂ | ၀.၀၀၀ | ၀.၆၀၂ | |
ကီလို | ၉၂၅.၇၀၀ | ၀.၀၀၀ | ၉၂၅.၇၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၁.၁၇၆ | ၁.၁၇၆ | ||
ကီလို | ၂၀၆၄.၅၃၀ | ၂၀၆၄.၅၃၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၁၈၂ | ၀.၀၀၀ | ၀.၁၈၂ | |
ကီလို | ၂၅၆.၆၈၅ | ၀.၀၀၀ | ၂၅၆.၆၈၅ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၇.၈၄၀ | ၀.၀၀၀ | ၇.၈၄၀ | |
ကီလို | ၁၀၇၆၃.၉၆၀ | ၀.၀၀၀ | ၁၀၇၆၃.၉၆၀ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၅ | ၀.၀၀၀ | ၀.၀၆၅ | |
ကီလို | ၆၉.၅၁၀ | ၀.၀၀၀ | ၆၉.၅၁၀ | |||
၁၇ | ပဲနီကြား | US$ | ၁.၈၈၃ | ၁.၈၈၃ | ||
ကီလို | ၄၇၆၄.၂၅၀ | ၄၇၆၄.၂၅၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၄၉၀ | ၀.၄၉၀ | ||
ကီလို | ၆၄၀.၆၀၀ | ၆၄၀.၆၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ||||
ကီလို | ||||||
၂၀ | မြေပဲဆံ | US$ | ၁.၇၃၉ | ၈.၉၈၄ | ၁၀.၇၂၃ | |
ကီလို | ၁၈၄၂.၆၀၀ | ၇၉၃၆.၉၀၂ | ၉၇၇၉.၅၀၂ | |||
၂၁ | အခြားပဲ | US$ | ၀.၅၄၂ | ၀.၀၀၀ | ၀.၅၄၂ | |
ကီလို | ၉၄၄.၇၄၆ | ၀.၀၀၀ | ၉၄၄.၇၄၆ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၇၈၅.၂၄၅ | ၁၀၈.၅၄၇ | ၈၉၃.၇၉၂ | ||
ကီလို | ၉၈၁၆၆၈.၀၂၈ | ၁၅၇၂၂၄.၀၂၀ | ၁၁၃၈၈၉၂.၀၄၈ |