မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၁-၇-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၃၆၂၂၇၆.၅၀၈)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၈၄.၄၁၄)သန်း၊ နယ်စပ်မှ (၁၂၇၇၀၈.၇၁၇)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၈၅.၃၉၉)သန်း၊ စုစုပေါင်း (၄၈၉၉၈၅.၂၂၅) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၆၉.၈၁၃)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၁-၇-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
			စဉ်
			အကြောင်းအရာ
			
			ရေတွက်
			ပုံ
			၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်
			(၁-၇-၂၀၂၂) ထိ
			ပင်လယ်
			ရေကြောင်း
			နယ်စပ်
			ပေါင်း
			 
			၁
			မတ်ပဲ
			US$
			၇၁.၄၈၁
			၅.၈၇၆
			၇၇.၃၅၇
			ကီလို
			၈၈၂၀၇.၅၀၃
			၆၃၀၇.၅၁၀
			၉၄၅၁၅.၀၁၃
			 
			၂
			ပဲတီစိမ်း
			US$
			၁၃၃.၇၉၈
			၅၅.၉၃၃
			၁၈၉.၇၃၁
			ကီလို
			၁၆၇၇၆၇.၂၆၆
			၈၀၃၃၀.၉၄၃
			၂၄၈၀၉၈.၂၀၉
			 
			၃
			ပဲတီစိမ်းလုံးခြမ်း
			US$
			 
			၀.၀၀၀
			၀.၀၀၀
			ကီလို
			 
			၀.၀၀၀
			၀.၀၀၀
			 
			၄
			ပဲစဉ်းငုံ
			US$
			၅.၀၉၇
			၀.၁၇၈
			၅.၂၇၅
			ကီလို
			၆၉၄၅.၁၈၅
			၂၆၃.၅၀၀
			၇၂၀၈.၆၈၅
			 
			၅
			ကုလားပဲ
			US$
			၁၁.၄၀၉
			၀.၀၂၇
			၁၁.၄၃၆
			ကီလို
			၁၆၄၄၅.၈၁၅
			၄၃.၀၀၀
			၁၆၄၈၈.၈၁၅
			 
			၆
			ပဲလွန်းဖြူ
			US$
			၉.၅၁၆
			၁.၁၈၅
			၁၀.၇၀၁
			ကီလို
			၁၃၀၆၈.၁၄၅
			၂၉၉၁.၇၅၃
			၁၆၀၅၉.၈၉၈
			 
			၇
			မြေထောက်ပဲ
			US$
			၁၈.၀၇၉
			၇.၈၄၄
			၂၅.၉၂၃
			ကီလို
			၂၄၆၅၅.၉၆၀
			၁၂၄၃၉.၆၁၁
			၃၇၀၉၅.၅၇၁
			 
			၈
			ထောပတ်ပဲ
			US$
			၁၃.၁၆၃
			၂.၇၄၂
			၁၅.၉၀၅
			ကီလို
			၁၅၂၉၂.၅၈၂
			၅၀၈၆.၇၀၀
			၂၀၃၇၉.၂၈၂
			 
			၉
			 ပဲယင်း
			US$
			၁၁.၆၈၅
			၃.၁၉၉
			၁၄.၈၈၄
			ကီလို
			၁၅၈၉၈.၅၁၃
			၆၉၈၅.၆၀၀
			၂၂၈၈၄.၁၁၃
			 
			၁၀
			ပဲကြီး
			US$
			၂.၈၂၇
			၁.၂၅၇
			၄.၀၈၄
			ကီလို
			၃၉၈၇.၅၃၀
			၂၃၀၀.၄၂၀
			၆၂၈၇.၉၅၀
			 
			၁၁
			ပဲကတ္တီပါ(စွန်တာနီ)
			US$
			၁.၅၄၈
			 
			၁.၅၄၈
			ကီလို
			၂၁၈၈.၉၃၅
			 
			၂၁၈၈.၉၃၅
			 
			၁၂
			စွန်တာပြာ
			US$
			၀.၂၆၂
			၀.၀၀၀
			၀.၂၆၂
			ကီလို
			၃၇၆.၇၀၀
			၀.၀၀၀
			၃၇၆.၇၀၀
			 
			၁၃
			ပဲကတ္တီပါ(စွန်တာနီ/ပြာ)
			US$
			 
			၀.၉၉၅
			၀.၉၉၅
			ကီလို
			 
			၁၇၅၆.၅၃၀
			၁၇၅၆.၅၃၀
			 
			၁၄
			ပဲဖြူလေး
			US$
			၀.၁၆၂
			၀.၀၀၀
			၀.၁၆၂
			ကီလို
			၂၃၂.၆၇၀
			၀.၀၀၀
			၂၃၂.၆၇၀
			 
			၁၅
			ဘိုကိတ်ပဲ
			US$
			၃.၅၀၁
			၀.၀၀၀
			၃.၅၀၁
			ကီလို
			၄၇၀၆.၆၇၀
			၀.၀၀၀
			၄၇၀၆.၆၇၀
			 
			၁၆
			ပဲပုတ်စေ့
			US$
			၀.၀၆၃
			၀.၀၀၀
			၀.၀၆၃
			ကီလို
			၆၆.၀၀၀
			၀.၀၀၀
			၆၆.၀၀၀
			 
			၁၇
			ပဲနီကြား
			US$
			 
			၁.၇၇၄
			၁.၇၇၄
			ကီလို
			 
			၄၅၁၂.၂၅၀
			၄၅၁၂.၂၅၀
			 
			၁၈
			နိုင်လွန်ပဲ
			US$
			 
			၀.၄၇၁
			၀.၄၇၁
			ကီလို
			 
			၆၁၅.၆၀၀
			၆၁၅.၆၀၀
			 
			၁၉
			မြေပဲ(အခွံပါ)
			US$
			 
			၀.၀၉၁
			၀.၀၉၁
			ကီလို
			 
			၁၁၁.၂၅၀
			၁၁၁.၂၅၀
			 
			၂၀
			မြေပဲဆံ
			US$
			၁.၃၁၄
			၃.၈၂၇
			၅.၁၄၁
			ကီလို
			၁၅၂၇.၆၀၀
			၃၉၆၄.၀၅၀
			၅၄၉၁.၆၅၀
			 
			၂၁
			အခြားပဲ
			US$
			၀.၅၀၉
			၀.၀၀၀
			၀.၅၀၉
			ကီလို
			၉၀၉.၄၃၄
			၀.၀၀၀
			၉၀၉.၄၃၄
			 
			 
			ပဲတင်ပို့မှုစုစုပေါင်း
			US$
			၂၈၄.၄၁၄
			၈၅.၃၉၉
			၃၆၉.၈၁၃
			ကီလို
			၃၆၂၂၇၆.၅၀၈
			၁၂၇၇၀၈.၇၁၇
			၄၈၉၉၈၅.၂၂၅
