မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၂၇-၅-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၂၅၀၆၆၉.၄၅၂)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၉၄.၉၉၃)သန်း၊ နယ်စပ်မှ (၅၄၈၂၀.၀၆၃)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၃၆.၈၈၁)သန်း၊ စုစုပေါင်း (၃၀၅၄၈၉.၅၁၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၃၁.၈၇၄)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၂၇-၅-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၂၇-၅-၂၀၂၂) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၃၅.၃၈၆ | ၂.၄၂၆ | ၃၇.၈၁၂ | |
ကီလို | ၄၃၈၆၆.၄၇၉ | ၂၅၈၉.၃၁၀ | ၄၆၄၅၅.၇၈၉ | |||
၂ | ပဲတီစိမ်း | US$ | ၉၇.၉၁၅ | ၁၉.၂၇၇ | ၁၁၇.၁၉၂ | |
ကီလို | ၁၂၃၁၃၂.၆၀၇ | ၂၇၇၉၃.၉၆၉ | ၁၅၀၉၂၆.၅၇၆ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၅၆၁ | ၀.၅၆၁ | ||
ကီလို | ၅၉၅.၇၀၀ | ၅၉၅.၇၀၀ | ||||
၄ | ပဲစဉ်းငုံ | US$ | ၃.၇၅၆ | ၀.၀၆၆ | ၃.၈၂၂ | |
ကီလို | ၅၁၁၈.၇၅၀ | ၉၃.၅၀၀ | ၅၂၁၂.၂၅၀ | |||
၅ | ကုလားပဲ | US$ | ၇.၈၃၉ | ၀.၀၂၆ | ၇.၈၆၅ | |
ကီလို | ၁၁၁၃၁.၄၀၀ | ၄၃.၀၀၀ | ၁၁၁၇၄.၄၀၀ | |||
၆ | ပဲလွန်းဖြူ | US$ | ၇.၈၈၃ | ၀.၃၈၂ | ၈.၂၆၅ | |
ကီလို | ၁၁၀၀၃.၀၀၃ | ၉၁၈.၀၅၃ | ၁၁၉၂၁.၀၅၆ | |||
၇ | မြေထောက်ပဲ | US$ | ၁၃.၉၉၁ | ၄.၈၁၈ | ၁၈.၈၀၉ | |
ကီလို | ၁၉၇၆၁.၉၇၅ | ၇၄၈၄.၉၆၂ | ၂၇၂၄၆.၉၃၇ | |||
၈ | ထောပတ်ပဲ | US$ | ၉.၀၇၆ | ၁.၁၄၇ | ၁၀.၂၂၃ | |
ကီလို | ၁၀၇၅၈.၂၁၂ | ၂၀၈၈.၅၀၀ | ၁၂၈၄၆.၇၁၂ | |||
၉ | ပဲယင်း | US$ | ၉.၈၉၃ | ၁.၄၆၆ | ၁၁.၃၅၉ | |
ကီလို | ၁၃၁၇၈.၀၆၇ | ၃၁၈၉.၀၀၀ | ၁၆၃၆၇.၀၆၇ | |||
၁၀ | ပဲကြီး | US$ | ၂.၅၁၇ | ၀.၈၄၇ | ၃.၃၆၄ | |
ကီလို | ၃၅၅၇.၈၈၀ | ၁၅၁၉.၆၇၀ | ၅၀၇၇.၅၅၀ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၅၄၈ | ၁.၅၄၈ | ||
ကီလို | ၂၁၈၈.၉၃၅ | ၂၁၈၈.၉၃၅ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၁၇၅ | ၀.၀၀၀ | ၀.၁၇၅ | |
ကီလို | ၂၄၈.၀၀၀ | ၀.၀၀၀ | ၂၄၈.၀၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၄၈၉ | ၀.၄၈၉ | ||
ကီလို | ၈၅၆.၇၅၀ | ၈၅၆.၇၅၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၁၅၀ | ၀.၀၀၀ | ၀.၁၅၀ | |
ကီလို | ၂၂၁.၀၀၀ | ၀.၀၀၀ | ၂၂၁.၀၀၀ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၃.၀၈၇ | ၀.၀၀၀ | ၃.၀၈၇ | |
ကီလို | ၄၁၆၆.၁၇၀ | ၀.၀၀၀ | ၄၁၆၆.၁၇၀ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၃ | ၀.၀၀၀ | ၀.၀၆၃ | |
ကီလို | ၆၆.၀၀၀ | ၀.၀၀၀ | ၆၆.၀၀၀ | |||
၁၇ | ပဲနီကြား | US$ | ၁.၂၉၈ | ၁.၂၉၈ | ||
ကီလို | ၃၂၆၃.၄၀၀ | ၃၂၆၃.၄၀၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၃၉၁ | ၀.၃၉၁ | ||
ကီလို | ၅၃၇.၉၅၀ | ၅၃၇.၉၅၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ၀.၀၉၁ | ၀.၀၉၁ | ||
ကီလို | ၁၁၁.၂၅၀ | ၁၁၁.၂၅၀ | ||||
၂၀ | မြေပဲဆံ | US$ | ၁.၂၂၇ | ၃.၅၈၂ | ၄.၈၀၉ | |
ကီလို | ၁၃၈၉.၁၀၀ | ၃၇၀၀.၅၅၀ | ၅၀၈၉.၆၅၀ | |||
၂၁ | အခြားပဲ | US$ | ၀.၄၈၇ | ၀.၀၁၄ | ၀.၅၀၁ | |
ကီလို | ၈၈၁.၈၇၄ | ၃၄.၅၀၀ | ၉၁၆.၃၇၄ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၁၉၄.၉၉၃ | ၃၆.၈၈၁ | ၂၃၁.၈၇၄ | ||
ကီလို | ၂၅၀၆၆၉.၄၅၂ | ၅၄၈၂၀.၀၆၄ | ၃၀၅၄၈၉.၅၁၆ |