မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှု တိုးမြှင့်နိုင်ရေး ဆောင်ရွက်နေ

         ယခုဘဏ္ဍာနှစ် လက်ရှိကာလတွင် မြန်မာ-အိန္ဒိယ ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၈၀၀ ဒသမ ၄၂၁ သန်းခန့် ရရှိထားပြီး နယ်စပ်ကုန်သွယ်မှု တိုးမြှင့်နိုင်ရေးအတွက်ဆောင် ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသ န်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည့် နိုင်ငံပေါင်း ၄၉ နိုင်ငံအနက် အိန္ဒိယက အဆင့် ၁၁ ၌ ရပ်တည် နေပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာအထိ စီမံကိန်းပေါင်း ၃၀ ခန့် ရှိနေ သလို အိန္ဒိယကုမ္ပဏီပေါင်း ၂၂၅ ခုခန့် ထိရှိကြောင်း သိရ သည်။
        "နှစ်နိုင်ငံ ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းအဝေးကနေ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးပြီးတော့ ချမှတ်ဖော်ဆောင်နေသလို နယ်စပ်ကုန်သွယ်မှုချောမွေ့စေဖို့ လမ်းတံတားတွေ ပြုပြင်တည်ဆောက်တာေ တွ ဆောင်ရွက်နေပါတယ်"ဟု   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မေ ၂၉ ရက်တွင် ပြောသည်။ ထို့ပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား နယ်စပ်ဈေးများ စီမံခန့်ခွဲမှု နည်းလမ်းများ ချမှတ်ခြင်း၊ နှစ်နိုင်ငံရင်း နှီးမြှုပ်နှံမှုတိုးမြှင့်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံတွင် Myanmar Inve- stment RoadShow ပြပွဲနှင့် နှစ်နိုင်ငံကုန်စည် ပြပွဲများ အပြန် အလှန် ကျင်းပနိုင်ရေး၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနို င်ငံ၏ အထည်အလိပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးကဏ္ဍ၊ နှစ်နိုင်ငံကျွမ်း ကျင်ပညာရှင်များ အပြန်အလှန် အသိအမှတ် ပြုရေးကဏ္ဍ၊  စိုက်ပျိုးရေးကဏ္ဍနှင့် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ရောဂါ  တားဆီးနှိမ်နင်းရေးနှင့် မွေးမြူရေး လုပ်ငန်း ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီး ကပြောသည်။
        ဆက်လက်၍ အိန္ဒိယနိုင်ငံဘက်မှ  အခွန်လျှော့ချရေး အပါအဝင် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများ ပိုမိုတင်ပို့ နိုင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး၊ အိန္ဒိယနိုင်ငံမှနည်းပညာ အထောက်အပံ့ပေးရေးနှင့် ရင်းနှီးမြှုပ်နှံ မှု တိုးမြှင့်ရေး စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် လျက်ရှိသည်ဟုဆိုသည်။ အိန္ဒိယသို့ လက်ရှိတွင် မြန်မာနိုင်ငံ မှ ပဲမျိုးစုံ၊ သစ်ပါးလွှာ၊ အထပ်သား၊ သစ်ခွဲသား၊ ရေချို၊ ရေငန် ငါးများ တင်ပို့နေသကဲ့သို့  သွင်းကုန်အနေဖြင့် ဆေးဝါးများ၊ သယ်ယူပို့ဆောင်ရေး ပစ္စည်းများ၊ သံမဏိပစ္စည်းများ၊ စက်နှင့်စက်ပစ္စည်းတို့ကို တင်သွင်းနေကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။ မြန်မာ-အိန္ဒိယ ကုန်သွယ်ရေး ပူးတွဲကော်မတီ အစည်းအဝေးကို ထပ်မံကျင်းပနိုင်ရေးအတွက် နှစ်ဖက်သဘောတူညီ မှုရရှိထားသလို နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေး ထားသည့် နယ်စပ်ဈေးများ စောလျင်စွာ ဖွင့်လှစ်သွားနိုင်ရေး ကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။

 

ပန်းဆု