ဆဋ္ဌမအကြိမ်မြောက် အာဆီယံ-အီးယူစီးပွားရေးညီလာခံကို စင်ကာပူနိုင်ငံ၌ ၂၀၁၈ ခုနှစ်အတွင်း ကျင်းပမည်

          ဆဋ္ဌမအကြိမ်မြောက် အာဆီယံ-အီးယူ စီးပွားရေးညီလာခံ (ASEAN- EU Business Summit 2018) ကို ၂၀၁၈ ခုနှစ် မတ် ၂ ရက် တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါညီလာခံတွင် ဥရောပကုန်သည်ကြီး များကော်မရှင် အစည်းအဝေးနှင့်အတူ အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးတို့ကိုပါ ပူးတွဲ၍ ကျင်းပမည်ဖြစ်သည်။ အဆိုပါကြေညာချက်ကို ဒီဇင်ဘာ ၁၂ ရက် က အီးယူ-အာဆီယံစီးပွားရေးကောင်စီ  (EU-Asean Business Council)၊ စင်ကာပူနိုင်ငံမှ ဥရောပ စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ချုပ်- ယူရိုချန်း (EuroCham) နှင့် စင်ကာပူစီးပွားရေးအဖွဲ့ချုပ် (Singapore Business Federation-SBF) တို့ ပူးတွဲ၍ သတင်းထုတ်ပြန်  ကြေညာခဲ့ြ ခင်းဖြစ်သည်။
         အဆိုပါညီ လာခံတွင် အာဆီယံစီးပွားရေး အဖွဲ့အစည်းအား အဆင့်မြှင့်တင်ရေးအပါအဝင် အာဆီယံနိုင်ငံများတွင် အီးယူနိုင်ငံများ၏ ရင်းနှီး မြှုပ်နှံမှုများ အများအပြား ဝင်ရောက်လာရေးကိစ္စ ရပ်များအား ဆွေးနွေးကြမ ည်ဖြစ်သည်။ ထို့ပြင် အာဆီယံဒေသတွင်း နိုင်ငံများတွင် ဒစ်ဂျစ်တယ် စီးပွားရေးစနစ် ထူထောင်ရန်နှင့် အာဆီယံဒေသ အတွင်း မြို့ပြအင်္ဂါရပ်နှင့်ညီညွတ်သည့် ဒေသများအား ပိုမိုမြှင့်တင်ဆောင်ရွက်ရန်တို့ကို တွန်း အားပေးေ ဆာင်ရွက်သွားရန် ဆွေးနွေးကြမည်ဖြစ် သည်။ အဆိုပါညီလာခံသည် ၂၀၁၈ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌရာထူးတာဝန်ကို ထမ်းဆောင်မည့် စင်ကာပူနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကျင်းပသည့် ညီလာခံဖြစ်သည်။ "ကျွန်တော်တို့ အနေနဲ့ ဒေသတစ်ခုနဲ့တစ်ခု  လွတ်လပ်စွာကုန်သွယ်မှုပြုရေးနဲ့ အီးယူနဲ့ အာဆီယံ ဒေသတွင်း နိုင်ငံများအကြား လွတ်လပ်စွာ ကုန် သွယ်မှုသဘောတူညီချက်စာချုပ်ချုပ်ဆိုနိုင်ရေး တို့ကိုပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့အတွက် ကုန် သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုခိုင်မာအောင် လုပ်ဆောင်လျက်ရှိပါတယ်" ဟု EU-ABC ၏ ဥက္ကဋ္ဌ Donal Kanak က ပြောကြားခဲ့သည်။
        ယူရိုချန်း၏ဥက္ကဋ္ဌဖြစ်သူ စတီဖင်နိုပိုလီက  အာဆီယံဒေသတွင်းနိုင်ငံများမှ စီးပွားရေးဝန်ကြီး များနှင့်  ဥရောပမှ စီးပွားရေးလုပ်ငန်းများနှင့် အာဆီယံဒေသတွင်းမှ စီးပွားရေးလုပ်ငန်းများ၏ ယခုညီလာခံတွင် ပူးပေါင်းပါဝင် မှုသည် အလွန် အဆင့်မြင့်သည့်ကဏ္ဍတစ်ရပ်တွင်  ပါဝင်နေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အာဆီယံစီးပွားရေးအကြံပေးကောင်စီ ဥက္ကဋ္ဌ ရောဘတ်ယက်ပ်က ၂၀၁၈ခုနှစ်သည် အာဆီယံနှင့် အီးယူနိုင်ငံများအကြား ထူးခြား သည့် မျက်နှာစာသစ်ကို ဖွင့်လှစ်လိုက်ခြင်းပင် ဖြစ်ကြောင်း၊ ASEAN-EU Plan of Action သည် အာဆီယံနှင့် အီးယူနိုင်ငံများအကြား ဦးဆောင် လမ်းပြအဖြစ်  တည်ရှိနေမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။

 

မယ်သီတာ