တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ပြောင်းလျော့နည်းတင်ပို့

       မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊  ချင်းရွှေဟော်နဲ့ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းစုံမှ အောက်တိုဘာ ၁၄ ရက်မှ ၂၀ရက်အထိ  သီတင်းပတ် အတွင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၉၈ သန်းတန်ဖိုးရှိ ပြောင်း တန်ချိန် ၂၆၀၆၉ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုမှာ မူဆယ်မှ ၂၂၅၉၆တန်၊ လွယ်ဂျယ်မှ ၃၀၈၀ တန်ကျော်၊ ချင်းရွှေဟော်မှ ၃၇၃တန်နဲ့ ကန်ပိုက် တီမှ တန် ၂၀ ဖြစ်ပါတယ်။ ယခင်သီတင်း ပတ်က  မူဆယ်၊ လွယ်ဂျယ်နဲ့ချင်းရွှေ ဟော်စခန်းသုံးခုမှ ပြောင်းတန်ချိန် ၂၆၆၃၅ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ် ၅၆၆ တန်လျော့နည်း တင်ပို့ခဲ့တာတွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ပြောင်း တစ်တန်ကို ၃၄၄၂၆၂ ကျပ်ရှိရာမှ အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အထိ သီတင်းပတ်မှာ ၃၄၂၃၆၈ ကျပ်သို့ ဈေးပြန်လည်ကျဆင်းခဲ့ ကြောင်း၊ မူဆယ်သို့ပြောင်းကား (၁၀၀၅)စီး ဝင်ရောက်ခဲ့ကြောင်း၊ တစ်ဖက်နိုင်ငံ ဝယ်ဈေး မှာ ယွမ်၁၈၀၀ရှိကြောင်း၊ မန္တလေး-မူဆယ် သယ်ယူစရိတ်မှာ ပြောင်း တစ်ပိဿာကို ကျပ်၅၀ရှိကြောင်းမူဆယ်ကုန်စည်ဒိုင်မှ သိရပါတယ်။

 

မော်မော်အောင်