ယခုတစ်ပတ် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်အများဆုံးတင်ပို့

         မြန်မာ-တရုတ်နယ်စပ်နဲ့မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရှိ ကုန်သွယ်ရေးစခန်းများမှ အောက်တိုဘာ ၁၄ ရက် မှ ၂၄ ရက်အထိ သီတင်းပတ်အတွင်းအမေရိကန်ဒေါ်လာ ၇ ဒသမ ၃၉၃သန်းတန်ဖိုးရှိ ဆန်နဲ့ကောက်ညှင်း ဆန်၂၀၅၅၅တန် နီးပါးတင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ  ဧည့်မထဆန် ၁၇၆၉၂ တန်ခန့်နဲ့ ကောက်ညှင်းဆန်တန်၁၀၀၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း မှ ငစိန်ဆန် ၈၂ တန်နီး ပါးနဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန်၁၉၃၇တန်တင်ပို့ခဲ့ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၅၀၅ တန် နဲ့ မောင်တောကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၃၉၂ တန် ကျော်တင်ပို့ခဲ့ပါတယ်။ နယ်မြေ မအေးချမ်းတဲ့အတွက် ဆန် တင်ပို့ခြင်းကို ရပ်နားထားခဲ့တဲ့ မောင်တောကုန်သွယ်ရေး စခန်းမှ ယခုအခါနယ်မြေအေးချမ်းပြီဖြစ်တဲ့အတွက် ဆန်ပြန် လည်တင်ပို့နေပြီဖြစ်ပါတယ်။ ကုန်သွယ်ရေး စခန်းများရဲ့ဆန် တင်ပို့မှုမှာ ယခင်တစ်ပတ်က ဆန်တန်ချိန် ၁၁၆၂၀ ကျော် တင်ပို့ခဲ့ပြီး ယခုတစ်ပတ်မှာ ၂၀၅၅၅တန်ခန့် တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်ဆန် ၈၉၃၅ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
         ယခုတစ်ပတ် ဆန်ကွဲတင်ပို့မှုမှာ  အမေရိကန်ဒေါ်လာ သုည ဒသမ ၄၉သန်းဖိုးနဲ့  တန်ချိန် ၁၆၈၆ တန်တင်ပို့ခဲ့ပြီး မူဆယ်မှ  ၁၅၉၇ တန်နဲ့ လွယ်ဂျယ်မှ ၈၉ တန်တင်ပို့ပါတယ်။ ယခင်တစ်ပတ်က အဆိုပါစခန်းနှစ်ခုမှ ဆန် ကွဲ ၇၆၅ တန် တင်ပို့ခဲ့တဲ့အတွက်  ယခုတစ်ပတ် ၉၂၁ တန်ပိုမိုတင်ပို့နိုင် ကြောင်းသိရပါတယ်။ အောက်တိုဘာ ၁၅ ရက်မှ ၂၁ ရက်အထိ သီတင်းပတ် အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၇ဒသမ ၅၆၅သန်းတန်ဖိုးရှိ  ဆန်ဖြူနဲ့ပေါင်းဆန် ၂၃၆၂၅ တန်တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ် ဆန်အများဆုံး တင်ပို့တဲ့နိုင်ငံမှာ ဖိလစ်ပိုင်နိုင်ငံဖြစ်ပြီး ဧည့်မထဆန်တန်ချိန် ၁၀၀၀၀တင်ပို့ခဲ့ပါတယ်။ အခြားတင်ပို့တဲ့နိုင်ငံများမှာဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ဧည့်မထဆန်တန်ချိန် ၈၇၅၀၊  ဂျပန်နိုင်ငံသို့ ဧည့်မထဆန်တန်ချိန်၅၀၀၊အာဖဂန်နစ္စတန်နိုင်ငံသို့ ဧည့်မထ ဆန်၈၇၅တန်၊ တရုတ်နိုင်ငံသို့ ငစိန်ဆန် ၇၅ တန်၊ စင်ကာပူ နိုင်ငံသို့ ဧည့်မထဆန် ၁၂၅တန်နဲ့ငစိန်ဆန် တန်ချိန်၅၀၊ သီရိ လင်္ကာနိုင်ငံသို့ ဧည့်မထဆန်တန်ချိန် ၁၇၅၀၊ ရုရှားနိုင်ငံသို့ ပေါင်းဆန် ၁၂၅ တန်၊ မက်ဒါဂါစကားနိုင်ငံသို့  ဧည့်မထဆန် ၁၁၂၅တန်၊အီးယူနိုင်ငံများသို့ပေါင်းဆန်တန်ချိန် ၂၅၀တင်ပို့ ခဲ့ပါတယ်။ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းမှ ဆန် ၁၅၀၂၅တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာတန်ချိန် ၈၆၀၀ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။
        ယခုတစ်ပတ်  ဆန်တင်ပို့မှု  ပိုမိုသလို ဆန်ကွဲလည်းပိုမို တင်ပို့ခဲ့ကြောင်းသိရပါတယ်။  ယခုတစ်ပတ် အမေရိကန် ဒေါ်လာ ၁ဒသမ၅၃၅သန်းတန်ဖိုးရှိ ဆန်ကွဲ၆၀၆၄တန်တင်ပို့ ခဲ့ရာ စင်ကာပူနိုင်ငံသို့ ၇၅တန်၊ သီရိလင်္ကာနို င်ငံသို့ တန်ချိန် ၅၀၀၊ မလေးရှားနိုင်ငံသို့ ၃၇၅ တန်၊ အာဖဂန် နစ္စတန်နိုင်ငံသို့ ၁၂၅ တန်နဲ့ အီးယူနိုင်ငံများသို့ ဆန်ကွဲ ၄၉၈၉တန် တင် ပို့ခဲ့ပါတယ်။ယခင်တစ်ပတ်က ဆန်ကွဲ ၄၁၂၅  တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် ဆန်ကွဲ တင်ပို့ မှု ၁၉၃၉ တန်ပိုမိုခဲ့ပါ တယ်။ ယခုတစ်ပတ်မှာ နယ်စပ်ရော ပင်လယ်ရေကြောင်း မှပါ ဆန်နဲ့ဆန်ကွဲ ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။

 

ယဉ်ယဉ်အေး