ထိုင်းနိုင်ငံတွင် ကျွမ်းကျင်လုပ်သား ပိုမိုမွေးထုတ်မည်

       ထိုင်းနိုင်ငံအနေဖြင့် လာမည့် နှစ်အနည်းငယ်အတွင်း ကျွမ်းကျင်လုပ်သားရှားပါးမှုကို ကာကွယ်ရန်အတွက် ကျွမ်းကျင်လုပ်သားများ ပိုမိုမွေးထုတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုင်းနိုင်ငံရှိ စုစုပေါင်းလုပ်သား အင် အား၏ ၆၀ ရာခိုင်နှုန်းသည် ကျွမ်းကျင်မှုမရှိသော အခြေခံလုပ်သားများဖြစ်ကြပြီး အဆင့်မြင့်စက်မှုလက်မှု လုပ်ငန်းများအတွက် ကျွမ်းကျင်လုပ်သားများ အထူးလိုအပ်လျက်ရှိ ကြောင်း ဈေးကွက်အသီးသီးမှ လိုအပ် သောကျွမ်း ကျင် လုပ်သား အရည် အချင်းနှင့်အရေအတွက်ကို ဖြည့်ဆည်း နိုင်ရန်အတွက် ထိုင်းစက်မှုအဖွဲ့အစည်း နှင့် အစိုးရဌာနများက ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ထိုင်းအစိုးရသည် တိုင်းပြည်၏ အဆင့်မြင့်စက်မှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးတွင် အရေးတကြီးလိုအပ်သော ကျွမ်းကျင်လုပ်သားများ လေ့ကျင့်ပေးရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အရေးများေျပးရမည်ဖြစ်ပြီး ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကို၂၀၂၅ ခုနှစ်တွင် လုံးဝဖြည့်ဆ ည်းပေးရန် မျှော် မှန်းဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရပါသည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့