အမေရိကန်နိုင်ငံမှ ကမ္ဘာ့နိုင်ငံများသို့ ဒစ်ဂျစ်တယ်တွဲဖက် ဝန်ထမ်း တိုးချဲ့ခန့်ထားရန်ရှိ

         အမေရိကန်နိုင်ငံသည် ကမ္ဘာ့ ဈေးကွက်အတွင်း ဒစ်ဂျစ်တယ် ဝန် ဆောင်မှုအစီအစဉ် ဆောင်ရွက်နိုင်ရန် ဒစ်ဂျစ်တယ်တွဲဖက်ဝန်ထမ်း နှစ်ဆ တိုး ချဲ့ခန့်ထားရန်ရှိကြောင်း ဆီလီကွန် ဗယ်လီတွင် ပြုလုပ်သည့် အင်တာနက် အသင်း၏ ဒုတိယနှစ်ပတ်လည်ညီလာခံတွင် ထည့်သွင်းပြောကြားခဲ့ကြောင်းနှင့် ယခုနှစ် အစောပိုင်းတွင် အရှေ့တောင် အာရှနိုင်ငံများ၊ ဘရာဇီး၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အီးယူ၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့သို့ စမ်းသပ်စေလွှတ် ထားပြီးဖြစ် ကြောင်း သိရှိရပါသည်။
        ဒစ်ဂျစ်တယ်တွဲဖက်ဝန်ထမ်း အစီအစဉ်သည် ၂၁ ရာစု  ဒစ်ဂျစ်တယ်ဆိုင်ရာ ကုန်သွယ်မှုအတားအဆီးများအား ကျော်လွှားစေရန် ရည်ရွယ်သည့် အမေရိကန်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဘက်စုံမဟာဗျူ ဟာ ဖြ စ် ကြောင်း၊ ကမ္ဘာ့အီလက်ထရွန်းနစ် ကုန် သွယ်ရေးလမ်းကြောင်းတွင် အမေရိကန် စီးပွားရေးလုပ်ငန်းများအနေဖြင့် အဆိုပါဝန်ထမ်းများအား စွမ်းအားစု အရင်းအမြစ်များသဖွယ် အသုံးပြု၍ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရန် ကြိုးပမ်းနိုင် မည်ဖြစ်ကြောင်း၊ အဆိုပါဝန်ထမ်းများမှ ပြည်ပဈေးကွက်များ၏ ဒစ်ဂျစ်တယ်  မူဝါဒနှင့် စည်းမျဉ်းနည်းဥပဒေဆိုင်ရာ ကိစ္စများအား လမ်းညွှန်ပြသနိုင်မည် ဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။
          အမေရိကန် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ စိစစ်သုံးသပ်မှု၊ လုပ်ငန်းများ၏ စိတ်အားထက်သန်မှုတို့အပေါ် မူတည်၍  ကမ္ဘာ့ဈေးကွက် ခြောက်ခုမှ ၁၂ ခုအထိ တိုးမြှင့်ရန်ရှိပြီး နေရာဒေသဆုံးဖြတ်ချက်ကိုမူ အဆိုပါ အ စီအစဉ်၌ ပါဝင်ပတ်သက်သူများ၏ သဘောထားအပေါ် မူတည်၍  ဆုံးဖြတ် မည်ဖြစ်ကြောင်း သိရှိရသည်။

 

ဥမ္မာအေး၊  စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဝါရှင်တန်မြို့