ကယားပြည်နယ် ခရီးသွားလုပ်ငန်း စီမံကိန်းကြီးကြပ်မှု့ကော်မတီ အစည်းအဝေးကျင်းပ

          အမျိုးသားပို့ကုန်မဟာဗျူဟာရှိ၊  ကယား ပြည်နယ်ခရီးသွားလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာလ ၆ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံး အမှတ် (၃)၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အသေး စား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းတို့မှ ကော်မတီ အဖွဲ့ဝင်များ၊ နိုင် ငံတကာ ကုန်သွယ်မှုဗဟိုဌာန (ITC)  နယ်သာ လန် နိုင်ငံအဖွဲ့အစည်း CBI တို့မှ ကျွမ်းကျင် ပညာ ရှင်များ တက်ရောက် ခဲ့ကြပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊  မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေး မှူးချုပ် ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားပြီး ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်အေးဟန် ကလည်းကောင်း၊ နယ်သာလန်နိုင်ငံအဖွဲ့အစည်း CBI မှ Country Manager,  Ms. Jeanette Scherpenzeel က  လည်း ကောင်း၊ နိုင်ငံတကာကုန်သွယ်မှု ဗဟိုဌာန (ITC) မှ Project Manager, Ms. Marie-Claude Frauenrath လည်းကောင်း  အမှာစကား အသီးသီး ပြောကြားကြ ပါသည်။ အစည်းအဝေးတွင် စီမံကိန်း လုပ်ငန်းနှစ်နှစ်တာကာလအတွင်း ဆောင်ရွက်ပြီးစီးထားမှု အခြေအနေ များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း၊ မြန်မာနိုင်ငံ တွင် CBI အဖွဲ့ အစည်းမှ ခရီးသွား လုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်နေမှု များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ တင်ပြ ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူ များ၏တင်ပြမှုများအပေါ် အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါ သည်။ ထို့နောက Netherlands Trust Fund IV အစီအစဉ်အရ CBI နှင့် ITC မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းရွေးချယ်ရန် အစီအစဉ်များနှင့် ခရီးသွားလုပ် ငန်း တိုးတက်ရေးဆိုင်ရာ အချက်အလက်များ ကို အသေးစိတ်ထပ်မံဆွေးနွေးခဲ့ကြပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချူပ်မှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ ကယားပြည်နယ် ခရီးသွား လုပ်ငန်း စီမံကိန်းကို Netherlands Trust Fund IV  အစီအစဉ်ဖြင့် ၂၀၁၄ခုနှစ် စက်တင်ဘာလမှ စတင်ပြီး သုံးနှစ် စီမံ ကိန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းသည် ကယား ပြည်နယ် တွင် လူထုအခြေပြု ခရီးသွားလုပ်ငန်းကို ဦးတည်၍  ဒေသထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ နှင့် အသေးစားအလတ်စားစီးပွားရေး လုပ်ငန်းများ မြှင့်တင်ခြင်း၊ ခရီးသွား လုပ်ငန်းအသင်း အဖွဲ့များ စွမ်းဆောင် ရည်မြှင့်တင်ြ ခင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ စီးပွားရေးချိတ်ဆက်မှု များတိုးချဲ့ဆောင်ရွက်ပေးခြင်းဖြင့် ဒေသတွင်း လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင် ဖန်တီးပေးခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်ပေးရန် ရည်ရွယ်ပါသည်။

 

NES Units