ခရီးသွားလုပ်ငန်းမဟာဗျူဟာအသစ်ရေးဆွဲဖို့ အာဆီယံက အတိုင်ပင်ခံအဖွဲ့များခေါ်ယူ

      အာဆီယံအဖွဲ့ကခရီးသွားလုပ်ငန်း မဟာဗျူဟာသစ် ရေးဆွဲချမှတ် နိုင်ဖို့ အတိုင်ပင်ခံအဖွဲ့များထံမှ လေလံခေါ်ယူလျက်ရှိကြောင်း နေးရှင်း သတင်းမှာ ဖော်ပြပါတယ်။ ၂၀၁၇-၂၀၂၀ပြည့်နှစ် အာဆီယံ ခရီးသွားလုပ်ငန်းဈေး ကွက် ရှာဖွေ ရေးမဟာဗျူဟာအတွက် အာဆီယံအဖွဲ့က အမေရိကန်ဒေါ်လာ ၃၀၀၀၀ သုံးစွဲဖို့လျာထားပြီး ၂၀၁၆ ခုနှစ် သြဂုတ် ၁၉ ရက်ထက် နောက်မကျစေဘဲ အဆို ပြုချက်များတင်သွင်းဖို့ ခေါ်ယူထား ပါတယ်။ လေလံအောင် သူတွေကို စက် တင်ဘာ ၉ ရက်မှာ   ထုတ်ပြန်ပေးပြီး ဈေးကွက်မဟာဗျူဟာကို ၂၀၁၇ ခုနှစ်၊ နှစ်လယ်မှာ  အပြီးသတ်ရေးဆွဲဖို့ စီစဉ် ထားရှိပါတယ်။
        "ခရီးသွားလုပ်ငန်း  ဈေးကွက်ရှာ ဖွေရေး အစီအစဉ်တွေကို ရေးဆွဲရာမှာ နာမည်ကောင်းရထားပြီး အတွေ့အကြုံ မြင့်မားတဲ့ အတိုင်ပင်ခံအဖွဲ့တွေကို အာဆီယံက ရှာဖွေနေပါတယ်။ အတိုင်ပင်ခံအဖွဲ့တွေက ယဉ်ကျေးမှု ေ ပါင်းစုံနဲ့ပတ်သက်တဲ့ မူဝါဒတွေချမှတ်နိုင်တဲ့ အတွေ့အကြုံရှိသူများ၊ မဟာဗျူဟာ ကျကျ တွေးခေါ်နိုင်သူနဲ့ တီထွင်ဆန်း သစ်မှုရှိတဲ့ ခရီးသွားအစီအစဉ် ချမှတ် နိုင်သူတွေ ဖြစ်ရပါမယ်"လို့ ဗီယက်နမ် အမျိုးသား ခရီးသွားလုပ်ငန်း  စီမံအုပ် ချုပ်ရေးအဖွဲ့ ယာယီညွှန်ကြားရေးမှူး ချုပ်နဲ့ လေလံခေါ်ယူရေး ပေါင်းစပ်ညှိ နှိုင်းရေးမှူး ထရန်ဖူကောင်းက ပြော ပါတယ်။ အာဆီယံအဖွဲ့ စတင်တည် ထောင်ခဲ့တဲ့ နှစ် ၅၀ မြောက်အထိမ်း အမှတ်အဖြစ်   ၂၀၁၇ ခုနှစ်မှာ "Visit Asean @ 50 Golden Celebration" ဆိုတဲ့ အခမ်းအနားကို ကျင်းပမှာဖြစ်ပါတယ်။ ဒီအတွက်ရည်ရွယ်ပြီး ခရီးသွားလုပ်ငန်းဈေးကွက် ရှာဖွေရေး မဟာဗျူဟာကိုချမှတ်မှာ ဖြစ်ပါတယ်။ ယခုဆောင်ရွက်မှုက  ချမှတ် ထားပြီး ဖြစ်တဲ့ ၂၀၁၆-၂၀၂၅ ခုအာဆီယံ ခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်းရဲ့  အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။  ဈေးကွက်ရှာဖွေရေးစီမံကိန်း မှာ အာဆီယံရဲ့ လက်ရှိဈေးကွက် အနေအထားနဲ့  ဒေသတွင်း ခရီးသွား လုပ်ငန်းအပေါ် ရိုက်ခတ်လာမယ့် အနာဂတ် အလားအလာတွေကို လေ့ လာသုံးသပ်ဖို့အတွက် ဈေးကွက်သုတေ သန အစီအစဉ် ချမှတ်ရေးကိစ္စတွေ လည်း ပါဝင်မှာဖြစ်ပါတယ်။

 

ဉာဏ်တင်