တောင်သူအခြေကိုက် Demon ငရုတ်ကိုစိုက်

Fri, 06/24/2016 - 02:57 -- dotadmin

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် သည် စပါး ၊ ပဲ နှမ် ၊ကြက်သွန် ၊ ငရုတ်အများဆုံး စိုက်ပျိုးသော ဒေသဖြစ်သည်။ ကျောက်ဆည် ခရိုင်အတွင်း ကျောက်ဆည်၊ မြစ်သား မြိ ု့နယ်များရှိ တောင်သူများသည် ယခင်နှစ်က ထွက်နှုန်းကောင်းပြီး ဈေးကောင်း ရရှိ သည့် အတွက် ယခုနှစ်မှာလည်း ငရုတ်သီးများ ဆက်လက် စိုက်ပျိုးကြသည်ကို သိရှိရသည်။ ငရုတ်သီးတွင် အရွယ်အစား၊ပုံသဏ္ဍန်၊ အရောင် နှင့် အရာသာ ပူစပ်နှုန်း ကွဲပြားကြသည်။ အလွယ်အားဖြင့် မိုးမျှော် ငရုတ်(မိုးထောင်)၊ ကုလားအော်ငရုတ်၊ ပန်းငရုတ် (ခ) ငရုတ်ပွသီး စသည်ဖြင့်ခေါ်ဆိုကြရာ အမှန်စင်စစ်တွင် New Ruby, Nun 2074,Indira,Green Profit 004 HP 1072, Jumbo 99, Champion Hot 44, Champion Hot 55, Nano N-21,692,Demon,So Hot No 932, Vectora နှင့် ကျောက်စိမ်း စသည်ဖြင့် မျိုးကွဲအမျိုးမျိုးရှိသည်။

ငရုတ်သီးသည် တစ်နှစ်ပတ်လုံး အသီးသီးသော အပင်ဖြစ်ပြီး အနှံ့အပြား စိုက်ပျိုုးကြောင်း ငရုတ်သီးထွက်ရှိရာ ၊ ပင်ရင်းဒေသသည် အမေရိ ကန် ပြည်ထောင်စုဖြစ်ကြောင်း ၊ အမေရိကန်အလယ်ပိုင်းမကဆီကန် လူမျိုးများ၏ ရိုးရာဟင်းတွင် ငရုတ်သီးကို ဟင်းခတ် အမွေးအကြိုင်အဖြစ် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက အစဉ်အလာအဖြစ် ချက်ပြုတ် စားသုံးလာကြောင်း၊ ထိုမှတဆင့် တစ်ကမ္ဘာလုံးစိုက်ပျိုး လာကြောင်း၊ လူသားများ ကို အကျိုးပြုစေသည့် ဆန်ကျင်ဘက် ဓတ်တိုးပစည်းများ ပါဝင်ကြောင်း၊ ဗီတာမင် A , C, E, ပရိုဗီတာမင် A၊ ပိုတက်စီယမ် ၊ မကနီစီယံနှင့် သံဓာတ်တို့ရရှိရာ အရင်းအမြစ်ဖြစ်ကြောင်း ၊ ငရုတ်ပွသီး ထဲတွင် သဘာဝ အလျှောက် Capsantin နှင့် Capcorubin ဟူသော Alkali ဓာတ်ပေါင်းများ ပါရှိသောကြောင့် အနံံ့အရာသာ သည် ပူစပ်မွန် ထူနေခြင်းဖြစ်ကြောင်း၊ ငရုတ်သီးတွင်ပါဝင်ဗီတာမင်(C )သည် လိမော်သီး တွင် ပါဝင်သော ဗီတာမင်(C ) ထက် (၇ ) ဆပိုကြောင်း လေ့လာ မှတ်သား ရသည်။

တောင်သူများသည် 692 မျိုးနှင့် Demon မျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း၊တစ်ဧကတွင် မျိုးစေ့ထုပ် (8)ထုပ် ကုန်ပြီး ပျိုးရာတွင် မျိုးစေ့ဘောင်ဖြင့် ပျိုးထောင်ကာရေလောင်း/ရေဖျန်း ပေးရကြောင်း ၊ ပျိုးသက် တစ်လခွဲခန့်အရောက် နတ်တော် လပြည့်ကျော် ပြာသိုလ ဆန်းပိုင်း မှာ စိုက်ခင်းတွင်မြေချ စိုက်ပျိုးကြောင်း ၊ရေတင်ပေါင်းနှုတ် ၊မြေသြဇာကျွေး၊ ပိုးသတ်ဆေး ၊ အပင်အားဆေးများကို လိုအပ်သလို ပြုလုပ်ပေးရကြောင်း၊ စိုက်ပျိုးပြီးသုံးလခွဲ ၊လေးလတွင် (ငရုတ်ပင်ကိုင်း အခက်များကြား၌ သီးသော အသီး) များ စတင်ခူးဆွတ် ပေးပါကြောင်း၊ တစ်ဧကတွင် (၃/၄) တင်းထွက် ရှိကြောင်း ၊ခူးဆွတ်ပြီး ရေတင်မြေသြဇာကြွေး ပိုးသတ်ဆေးနှင့် အပင် အားဆေးများ ဖြန်းပေးရကြောင်း(၁၀)ရက်ခြားတစ်ခါ ခူးဆွတ်ပေးရပြီး ခူးဆွတ်ပြီးတိုင်း ရေတင် မြေသြဇာ ကြွေးမှို သတ်ဆေး၊ ပိုးသတ်ဆေး ၊အသီး အပွင့်အားဆေးများ၊ ဖြန်းပေးရကြောင်း၊ တစ်ခါခူးလျှင် တစ်ဧက (30/40) တင်းထွက်ပြီး သုံးလခွဲ၊ လေးလ ထိ ခူးဆွတ်နိုင်ကြောင်း ၊ခူးဆွတ်ပြီး ငရုတ် သီး အစိုကို တလင်းတွင် အခြောက်လှန်းရကြောင်း ၊ 692 ငရုတ်မျိုး သည် Demon မျိုးထက် အတောင့်ကြီး၍ အလေးချိန်လျော့ကာ Demon မျိုးသည် အတောင့်သေး၍ အလေးချိန်ပိုစီးကြောင်း နေလှန်းပြီး ငရုတ်သီးခြောက် များ ကို ပွဲစားများ ရောင်းရာတွင် တင်းခြင်ဖြင့် တစ်တင်း(၇၀၀၀)ကျပ်နှုန်း ရကြောင်း၊ ရွာများ၌ တင်းခြင်ဖြင့် ရောင်းချ ကြ သူ များကြောင်း၊ မြစ်သားမြို့ပေါ် ပွဲရုံများတွင် ပိဿာချိန်ဈေးဖြင့် တစ်ပိဿာ(၂၅၀၀/၃၀၀၀) ကျပ်နှုန်း ရောင်းချရ ပါကြောင်း၊ ငရုတ်သီးခြောက်တစ်တင်းတွင် ပုံမှန် အားဖြင့် ၆၉၂ မျိုးသည် ၂ ပိဿာ ၅၀ ကျပ်သား၊ Demon မျိုးသည် ၃ ပိဿာ ရှိကြောင်း၊ တစ်ဧကထွက်နှုန်းသည် ရာသီဥတုပေါ် မူတည်ပြီး ၃၅၀/၄၀၀ တင်းနှုန်းခန့် ထွက်ရှိကြောင်း၊ တစ်ဧကကုန်ကျစရိတ် (၆)သိန်း ခန့် ရှိပါကြောင်း ပြီးခဲ့သည့် ဧပြီလက မိုးသက်လေပြင်းနှင့် မိုးသီးများကျ၍ အထွက်နှုန်းလျော့ပါကြောင်း၊ သို့သော် လည်း ငရုတ်ဈေးကောင်းသောကြောင့် အဆင်ပြေနိုင် ပါကြောင်း၊ မြို့ပေါ်မှ ပွဲရုံများသည် ဈေးနှုန်းပေါ်မူတည်ပြီး ငရုတ်သီးခြောက်များအား အညှာခြွေကာ မူဆယ် တင်ပို့ကြောင်း၊ မြစ်သားမြို့နယ် ကူဖြူကျေး ရွာ တောင်သူတစ်ဦးမှ ပြောပါသည်။

ထို့ကြောင့် Demon ငရုတ်သီးသည် အထွက်နှုန်းကောင်း၍ အလေးချိန် စီးသောကြောင့် တောင်သူများ အတွက် တွက်ချေကိုက်သော သီးနှံဖြစ် ကာ ဈေးကွက်စီးပွားရေး ကုန်သွယ်မှုတစ်ရပ် Export အဖြစ်တွင် ကျယ်စွာ စိုက်ပျိုးသင့်ပါကြောင်း တိုက်တွန်းလိုက် ရပါသည်။

(အောင်မြိုင်၊ DOT-Mdy)