အာဆီယံဒေသက တောင်ကိုရီးယားခရီးသည်များကို ဆွဲဆောင်ဖို့ ကြိုးပမ်း

          (၃၁)ကြိမ်မြောက် ကမ္ဘာ့ခရီးသွား လုပ်ငန်းပြပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ COEXကွန်ဗင်းရှင်းစင်တာ မှာ ဇွန် ၉ ရက်မှ ၁၂ ရက်အထိကျင်းပ ခဲ့ရာ အဆိုပါ ကုန်စည်ပြပွဲမှာ အာဆီယံ ကိုရီးယားစင်တာ ရဲ့ ပြပွဲခ န်းမဆောင် မှာလည်း ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ  ခရီးသွားလုပ်ငန်းအစီအစဉ်တွေကို ပြသထားကြောင်း ကိုရီးယားတိုင်းမ်သတင်းမှာ ဖော်ပြထားပါတယ်။ အာဆီယံ-ကိုရီးယားစင်တာက ၂၀၁၃ ခုနှစ်ကစပြီး ပြပွဲမှာ ပါဝင်ပြသခဲ့ပါတယ်။ အာဆီယံဒေသကို ကိုရီးယားလူမျိုးများရဲ့ ခရီးသွားဒေသအဖြစ် မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များက ဆိုးလ်မြို့သို့လာရောက်ပြီး ပြပွဲကိုတက်ရော က် ခဲ့ကြပါတယ်။
          "၂၀၁၅ ခုနှစ် ဒီဇင်ဘာမှာ အာဆီယံအသိုက်အဝန်းကို ထူထောင် ပြီးချိန်မှစပြီး အာဆီယံနဲ့ ဆက်ဆံရေးက အဓိကဦးစားပေးလုပ်ငန်းတစ်ခု ဖြစ်လာပါတယ်။ အာဆီယံကိုတစ်ခုတည်းသော ခရီးသွားဒေသအဖြစ် ယှဉ်ပြို င်နိုင်မှု စွမ်းရည် တိုးတက်အောင် ဆောင်ရွက်ရေးနဲ့   နိုင်ငံဖြတ်ကျော် သဘာဝအခြေခံခရီးသွားလုပ်ငန်း အစု အဖွဲ့များဖော်ဆောင်ရေးက  အာဆီယံ  ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကို အထောက် အကူပေးလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"လို့  အာဆီယံ-ကိုရီးယား စင်တာရဲ့ အထွေထွေအတွင်းရေးမှူး ကင်ယန်းဆန်က ပြောပါတယ်။ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းက ရေရှည်တည်တံ့ပြီး ခရီးသွားလုပ်ငန်းအလုံးစုံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖစ်စေတဲ့အတွက် ပြည်သူလူထုအခြေခံ  ရေရှည်တည်တံ့မယ့်အာဆီယံဒေသဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေနိုင် ကြောင်း အာဆီယံ-ကိုရီးယားစင်တာက ပြောပါ တယ်။
         အာဆီယံခရီးသွားလုပ်ငန်းအသင်းက ဦးဆောင်ပြီး "Visit ASEAN@50 Golden Celebration" ဆိုတဲ့ခရီးသွားလုပ်ငန်းလှုံ့ဆော်မှု တစ်ခုကို ဇွန် ၉ ရက်က ဖွင့်လှစ်ခဲ့ရာ အခမ်းအနားသို့ မလေးရှားခရီးသွား လုပ်ငန်းနဲ့ ယဉ်ကျေးမှုဒုတိယဝန်ကြီး မတ်စ်အာမီယာတီဆမ်ဆူဒင်၊ လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှုနဲ့  ခရီးသွားလုပ်ငန်းဝန်ကြီးဌာန လက်အောက်ရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးဌာန ညွှန်ကြားရေး မှူးချုပ် ဆောင်းမန်နီဗောင်တို့ တက်ရောက်ခဲ့ကြပါတယ်။ ကိုရီးယားနိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံတို့ ဆက်ဆံရေး  မြှင့်တင်ဖို့အတွက် အာဆီယံ-ကိုရီးယား စင်တာကို ၂၀၀၉ ခုနှစ်က စတင်တည် ထောင်ခဲ့ပြီး အစိုးရအချင်း ချင်း အပြန် အလှန်ဆက်ဆံရေးကို ဖော်ဆောင်ပေးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

 

ဉာဏ်တင်