ကော့သောင်း ကုန်သွယ်ရေးစခန်းမှ ပင်လယ်ငါးရှဉ့်နဲ့ ရေဘဝဲ တန် ၂၀ ကျော်တင်ပို့

မြန်မာ-ထိုင်းနယ်စပ်ရှိ  ကော့သောင်းကုန်သွယ်ရေးစခန်းမှ  မေ ၇ ရက်မှ ၁၃ ရက်အတွင်းမှာ ပင်လယ်ငါးရှဉ့် တစ်တန်ကျော်၊ တန်ဖိုး ကန်ဒေါ် လာ သုည ဒသမ ၀၀၂ သန်း၊ ရေဘဝဲ ၄၁၁ ကီလိုဂရမ်၊တန်ဖိုးကန်ဒေါ်လာ သုည  ဒသမ ၀၀၁ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ဧပြီလအတွင်းက  ကန်ဒေါ်လာ သုည ဒသမ ၀၄၇ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့ ပင်လယ်ငါးရှဉ့် ၁၉ တန်ကျော်နဲ့  ရေဘဝဲ ၇ တန်ကျော်တင်ပို့ နိုင် ခဲ့ပါတယ်။       
 

ခင်မြနွယ်