Anonymous

ပြည်တွင်းပဲဈေးကွက်မှာ ယခင်တစ်ပတ်ထက် ပဲတစ်တန်လျှင် ကျပ်နှစ်သောင်းခန့် လျော့ကျလာတာတွေ့ရပါသည်။မတ်ပဲဈေးမှာ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ယခင်တစ် ပတ်က တစ်တန်လျှင် ကျပ် ၄၇၀၀၀၀ ၊ယခုတစ်ပတ်မှာတော့ ၄၅၀၀၀၀ ကျပ် လျော့ကျ ခဲ့ပါသည်။ပဲတီစိမ်းမှာ ယခင်တစ်ပတ်က ၇၅၀၀၀၀ ကျော် ဈေးရှိခဲ့ရာမှ ကျပ် ၇၁၃၀၀၀ ကျော် ကျပ်သုံးသောင်းကျော်လျော့ကျပြီး၊ ပဲစင်းငုံမှာ ကျပ် ၅၄၀၀၀၀ ကျော်မှ ၅၂၀၀၀၀ ကျော် အသီးသီးလျော့ကျလာတာတွေ့ရပါသည်။မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ထောပတ်ပဲ ၃၉ တန်ခွဲ ၊အမေရိကန်ဒေါ်လာ ဝ.၀၂၃ သန်း၊မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ မတ်ပဲ ၅တန်ခွဲ၊အမေရိကန်ဒေါ်လာ ဝ.၀၀၄ သန်းဖိုး ယခုတစ်ပတ်အတွင်း တင်ပို့နိုင်တာတွေ့ရပါသည်။

Anonymous

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅မိုင်မှ နိုဝင်ဘာ ဒုတိယပတ် ကာလအတွင်း အမေရိကန်ဒေါ်လာ ဝ.၁၁၆ သန်း၊ တန်ဖိုးရှိပြီး ပဲတီစိမ်းလုံးပြည့် ၁၃၈ တန်ကျော်နှင့် အမေရိကန်ဒေါ်လာ ဝ.၁၅၉ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၄၂ တန်ကို တစ်ဖက်နိုင်ငံ သို့ တင်ပို့ခဲ့ပါသည်။ ယခုအပတ် ပဲတီစိမ်းတင်ပို့မှု တန် ၂၈၀ ကျော်ရှိတဲ့အတွက် ယခင် အပတ်ထက် ၃၁ တန်ကျော် ပိုမိုတင်ပို့ ခဲ့ပါ သည်။ ပြည်ပဈေးကွက်မှာ ပဲတီစိမ်း တစ်တန်လျင်ပေါက်ဈေး ၆၉၁၁၁၁ ကျပ်နှင့် အမေရိကန်ပေါက်ဈေး ၈၂၉ ဒေါ်လာရှိပါ သည်။

Anonymous

မန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅မိုင်မှ ကန်ဒေါ်လာ ဝ.၀၉၉၇သန်း တန်ဖိုးရှိ စွန်တာနီ/ပြာ ၁၅၃ တန်ပို့ခဲ့ပါသည်။ မူဆယ် ၁၀၅မိုင်မှ ကန်ဒေါ်လာ ဝ.၀၅၅ သန်း တန်ဖိုးရှိ ထောပတ်ပဲ ၉၅တန် ကျော်နဲ့ ကန်ဒေါ်လာ ဝ.၀၀၄ သန်းတန်ဖိုးရှိ ပဲနီကြား ၄တန်ခွဲလည်း အပို့ရှိခဲ့သေးတယ်လို့သိရပါသည်။

Anonymous

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅မိုင်မှ အောက်တိုဘာ၂၄ရက်မှ ၃၀ရက်ထိ ပဲတီစိမ်းလုံးပြည့် ၇၅ တန်ကျော် အမေရိကန်ဒေါ်လာ ဝ.၀၆၂ သန်း၊ တန်ဖိုးရှိပြီး ပဲတီစိမ်း လုံးခြမ်း၉၂တန်ကို အမေရိကန်ဒေါ်လာ ဝ.၁၀၁ သန်း၊ တစ်ဖက်နိုင်ငံသို့ တင်ပို့ ခဲ့ပါ သည်။ တမူးနယ်စမ်မှလည်း ကန်ဒေါ်လာ ဝ.၁၀၃ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၄တန် လည်း တင်ပို့ ခဲ့ပါ သည်။ ပြည်တွင်း ဈေးကွက်မှာ ပဲတီစိမ်းတစ်တန်လျင် ၆၈၉၇၁၈ ကျပ် ပြည်ပဈေးကွက်မှာ ၈၂၁ ဒေါ်လာရှိပါသည်။