၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ ၀၉း၃၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်၊ Horizon Lake Views Resort Hotel ၌ ကျင်းပပြုလုပ်သော “Workshop on Trade Policy Reviews” အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက် အဖွင့်အမှာစကားပြောကြား
ပြည်ထောင်စုဝန်ကြီးရုံးသတင်းများ
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့ ၁၃း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သော “(၉၁) ကြိမ်မြောက် အာဆီယံဝန်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရေး ဦးစီးကော်မတီညှိနှိုင်း အစည်းအဝေး” သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက် အဖွင့်အမှာစကားပြောကြား
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ ၁၃း၃၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် World Bank Mission ၏ Senior Economist ဖြစ်သူ Mr. Sjamsu Rahardja ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ ၁၄း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ရန်ကုန်မြို့ရှိ ကာတာသံရုံးမှ သံရုံးယာယီတာဝန်ခံ (Charge d’ Affaires and Minister Plenipotentiary) ဖြစ်သူ Mr. Mansoor Mubarak S.B. AL-Khayarin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၁) ၌ လက်ခံတွေ့ဆုံ
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ ၁၁း၁၅ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြိး ဒေါက်တာသန်းမြင့်သည် ဥရောပသမဂ္ဂမှ သံအမတ်ကြီးဖြစ်သူ H.E. Mr. Kristian Schmidt ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၁) ၌ လက်ခံတွေ့ဆုံ
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ ၁၀း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာ အမှတ် (၃၈/၂၀၁၇) အရ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်း တက်ရောက် အဖွင့်အမှာစကားပြောကြား
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ ၁၅း၃၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းသည် TOYOTA TSUSHO CORPORATION မှ Chief Representative ဖြစ်သူ Mr. Takuya Ichihashi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၂) ၌ လက်ခံတွေ့ဆုံ
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့၊ နံနက် (၉း၃၀) နာရီအချိန်တွင် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သည့်၊ Thursday Talk ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်အိအိချောက “Training Course on Promotion for Food Safety and Quality” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတိုးဦးက “Workshop on Communication Food Safety” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ဝေက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ ၁၃း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းသည် အိန္ဒိယ နိုင်ငံ၊ International Business Development of the International Panaacea Limited (IPL) မှ Manager ဖြစ်သူ Mr. Ashish Sharma ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၂) ၌ လက်ခံတွေ့ဆုံ
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ ၁၁း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းလီမိတက် (MAPCO) မှ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးရဲမင်းအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၁) ၌ လက်ခံတွေ့ဆုံ
