ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဧပြီလအတွက် ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် ၁၄ ဒေါ်လာသန်း၊ သွင်းကုန် ၁၁ ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ၂၅ ဒေါ်လာသန်းဖြစ်ပြီး ပို့ကုန် ၁၀.၅၇ ဒေါ်လာသန်း၊ သွင်းကုန် ၃၈.၁၈၅ ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ၄၈.၇၅၅ ဒေါ်လာသန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် ၁၉၅.၀၂၀%  ဆောင်ရွက်နိုင်ခဲ့သည်။

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (7-5-2023) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ ၀.၉၁ သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၂.၅၁၂) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၃.၄၂၂) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်သီးခြောက် ၁၁၄.၉၆၂ တန်၊ သရက်သီး ၃၄၂.၁ တန်၊ ကြက်သွန်နီ ၃၃၉ တန်၊ ငါးရှဉ့် ၂၆.၁၆တန်၊ ကဏန်း ၁၇.၉၇၅ တန်၊ ခဲသတ္တု ၁၇၀ တန်၊ မြေပဲ ၃၃ တန်၊ ငါးမှုန့် ၆၉ တန်၊ ဝါဂွမ်း ၁၆.၅၄ တန်၊ မိကျောင်းကွမ်းဖတ်စေ့ ၂၉.၈၂ တန်၊ တန်ဖိုး (၀.၀၂၉) ဒေါ်လာသန်းတို့ဖြစ်သည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် Grand Sirius Co., Ltd. မှ တင်သွင်းလာသောတရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 60KW (၁၅) စုံနှင့် Chin Dwin Shan Contruction Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 60KW (၅) စုံသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၇-၄-၂၀၂၃) ရက်နေ့တွင် လုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးယာဉ် အားသွင်းစက်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။

နေပြည်တော်၊ ဧပြီ ၇           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစု များ၏  သင်္ကြန်အကြို ရေကစားဧည့်ခံပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ (၁၅:၀၀)နာရီ အချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃)၊ ဝန်ကြီးဌာန ပရဝဏ်အတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်၊ (၁၄:၀၀) နာရီအချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ် H.E. Mr. Chen Hai အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

   ရခိုင်ပြည်နယ်ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (၁/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေ ဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလ

    အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Grand Sirius Co., Ltd. မှ တင်သွင်းလာ‌သော BYD E2 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၁၀) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့်    ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင်  လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း  သတင်းရရှိသည်။

နေပြည်တော်၊ မတ် ၃၁      မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ (၇)နှစ်မြောက်နှစ်ပတ်လည်နေ့ ညစာစားပွဲအခမ်းအနားကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ရုံးဥပစာ၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ည (၆)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်ချီးမြှင့်ခဲ့ပါသည်။