ယခုတစ်ပတ် မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာမြေပဲဆန်မှာ လှောင်လက်သမားများနှင့်ဆီစက်သမား များသာအဝယ်ရှိနေခြင်းနှင့် တရုတ်ဈေးကွက်ဈေးအေးနေပြီး အရည် အသွေးနှင့်ဝယ်လိုအားပေါ်မူတည်၍ ဈေးအနိမ့်၊ အမြင့်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်၊ စပါးဈေးကွက် အရောင်းအဝယ်အေးလျက်ရှိပြီး မြို့နယ်အချို့ တွင် ဧည့်မထ မိုး/နွေ ဆန်၊ စပါး ဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိ ကြောင်း တိုင်းဆန်စပါးသတင်းများမှ သိရသည်။
မအူပင်မြို့နယ်တွင် ကျေးရွာအုပ်စု ၇၆ အုပ်စုရှိပြီး ယခင်နှစ်က မိုးစပါး ၁၄၁၂၇၈ ဧက စိုက်ပျိုးရိတ်သိမ်းဆောင်ရွက်နိုင်ခဲ့သည်။ ယခုနှစ်တွင် မိုးစပါး ၇၅ ရာခိုင်နှုန်းခန့် စိုက်ပျိုးနိုင်ခဲ့ပြီး ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးရန် အနည်းငယ်သာလိုကြောင်း စက်ပိုင်များထံမှ သိရှိရသည်။
ယခုနှစ်တွင် ပြည်တွင်း၌ Refine Sugar လုံလောက်စွာ မထုတ်လုပ်နိုင်သည့်အတွက် ပြည်ပသို့သကြား တင်ပို့နိုင် တော့မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။ ပြည်တွင်း၌ Refine Sugar ထုတ် လုပ်သည့် စက်ရုံမှာ ယခုနှစ်တွင် နှစ်ရုံ သာရှိသေ
ကမ္ဘာ့ရွှေမှာခုနစ်နှစ်တာကာလအတွင်း အမြင့်ဆုံးဈေးနှုန်းရောက်ရှိနေပြီ ဖြစ်သော်လည်း မြန်မာ့ရွှေမှာ ယခုအချိန်ထိ လိုက်ပါမြင့်တက်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ လက်ရှိ ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၂၂၀ဝ၀ဝ ၊ ၁၅ ပဲရည် ရွ