လက်ဝါးကြီးအုပ်ချုပ်ကိုင်ခြင်း
ယှဉ်ပြိုင်မှုကိုချျိုးဖောက်သော သဘောတူညီချက်များ
ဈေးကွက်အတွင်းယှဉ်ပြိုင်မှုဆိုတာဘာလဲ
ယှဉ်ြ့ပိုင်မှုဆိုင်ရာအသိပညာပေးစာစောင်များ
(က)    ဈေးကွက်တွင် လွတ်လပ်၍ မျှတသော ယှဉ်ပြိုင်မှုဝန်းကျင်တစ်ရပ် ဖန်တီးပေးခြင်းအားဖြင့် ဒေသတွင်းနှင့် နိုင်ငံတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်သည့် အသိုက်အဝန်းအဖြစ် ရောက်ရှိစေရေး၊ (ခ)     ဈေးကွက်တွင် မျှတသော ယှဉ်ပြိုင်မှုကို အားပေးကူညီခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ တပြေးညီ တိုးတက်လာစေရေးနှင့် သာတူညီမျှ ခံစားခွင့် ရရှိစေရေး၊ (ဂ)     ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ ကာကွယ် စောင့်ရှောက်ပေးနိုင်ရေး၊
(က)    အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်ရန်၊ (ခ)     ပြည်တွင်း၊ ပြည်ပကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အပေါ်တွင် မျှတမှုမရှိသော ဈေးကွက်ပြိုင်ဆိုင်မှုကို ထိန်းချုပ်နိုင်စေရန်၊
မြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉ ဖြင့် ပြဋ္ဌာန်းခဲ့ပါသည်။