အာဆီယံ - တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ( ASEAN – China Free Trade Agreement – ACFTA ) ညှိနှိုင်းဆွေးနွေးမှုများ၏ ပထမအကြိမ်ယှဉ်ပြိုင်မှုနှင့် စားသုံးသူအကာအကွယ် ပေးရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး ( 1st ACFTA WGCC) ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၂) ရက်၊ နံနက်ပိုင်းတွင် အွန်လိုင်းမှ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံယှဉ်ပြိုင်မှုကဏ္ဍမှ ကိုယ်စားလှယ်များ၊ စားသုံးသူ အကာအကွယ်ပေးရေးကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း ( ၅၀ )ဦးခန့် တက်ရောက်ခဲ့ကြပါသည်။