လယ်ယာထွက်ကုန်ပဲမျိုးစုံမေလတင်ပို့မှုလျာထားချက်ကျော်လွန်
မြန်မာနိုင်ငံ၏ အဓိကပြည်ပပို့ကုန် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းများသည် နိုင်ငံတော်၏ ပြည်ပဝင်ငွေအများဆုံးရရှိသောအားထားရသည့် ပို့ကုန်အမယ် များဖြစ်ကြသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၈၉ သန်း၊ ပြည်ပသို့ တင်ပိုရန်လျာထားခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်ပထမသုံးလပတ်တွင် စုစုပေါင်းတန်ချိန် ၄ ဒသမ ၃၈ သိန်း တင်ပို့ရန် လျာထားခဲ့သည်။
