မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုလုပ်ငန်း ရန်ကုန်-ကော့သောင်း-ရနောင်း ကွန်တိန်နာ စနစ် စတင်မည်

မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှု လမ်းကြောင်းအသစ်ဖြစ်သည့် ရန်ကုန်-ကော့သောင်း-ရနောင်း ကွန်တိန်နာစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်မှုကို ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် စတင်တော့မည် ဖြစ်ပါသည်။ GOLD SHIPPING AGENCY SERVICES LIMITED မှ သင်္ဘောဖြစ်သည့် MV.Beypore Sultan သည် မြန်မာပို့ကုန် ပြောင်းဆံများသယ်ဆောင်ပြီး ထိုင်းနိုင်ငံ၊ ရနောင်းဆိပ်ကမ်းသို့ ၂၈-၆-၂၀၂၄ ရက်နေ့တွင် ထွက်ခွာရန် စီစဉ်ထားရှိပါသည်။ အပြန်တွင် ရနောင်းဆိပ်ကမ်းမှ သွင်းကုန်ပစ္စည်းများ သယ်ဆောင်ပြီး ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာမည်ဖြစ်ပါသည်။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းအသစ်ဖြင့် ဆောင်ရွက်နိုင်ပါကြေ

လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Super Seven Stars Motors Industry Co., Ltd. မှ တင်သွင်းလာ‌သော ကိုရီးယားနိုင်ငံထုတ် KIA EV-6 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Win Motor Myanmar Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် FAW VOLKSWAGEN ID-4 နှင့် LIVAN MAPLE 60S  အမျိုးအစား လျှပ်စစ်သုံးမော်တော်

ကုန်သွယ်ရေးတင်းမာလာမှုကြောင့် ဥရောပမှ တင်သွင်းလာသည့်ဝက်သားများအား ဈေးလျှော့ ရောင်းချခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံမှ စတင်စစ်ဆေး

   တရုတ်နိုင်ငံမှ တင်ပို့သည့် မော်တော်ယာဉ်များအပေါ် ဘရပ်ဆဲလ်မှ အခွန်နှုန်းတိုးမြှင့် လိုက်ပြီးနောက်နေ့တွင် ဥရောပသမဂ္ဂမှ တင်သွင်းလာသည့် ဝက်သားအချို့အပေါ် ဈေးလျှော့ ရောင်းချမှုနှင့်ပတ်သက်၍ စစ်ဆေးစုံစမ်းမှုများအား ပေကျင်းမှ စတင်ဆောင်ရွက်ခဲ့သည်။ ဥရောပ မှ တင်သွင်းလာသည့် ဝက်သားနှင့် ဝက်ကလီစာ၊ ဝက်ဆီ၊ ဝက်အူ၊ ဝက်သည်းခြေနှင့် ဝက်အစာ အိမ် အစရှိသည်တို့အား စုံစမ်းစစ်ဆေးမှု စတင်ဆောင်ရွက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ၊ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ကြေညာခဲ့ကြောင်း၊ အဆိုပါစုံစမ်းစစ်ဆေးမှုအား ၁၂ လအတွင်းပြီးဆုံးရန် မျှော်မှန်းထားသော်လည်း နောက်ထပ် ၆ လ

ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများအား ခွင့်ပြုချက်မရရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ တင်သွင်းရောက်ရှိခြင်း မပြုရန် ထပ်မံအသိပေးကြေညာခြင်း

၁။           ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစတင်၍  သွင်းကုန်လိုင်စင်/ပါမစ် ခွင့်ပြုချက် မရရှိသေးဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန်များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သော သတင်းလွှာ ( ၃/၂၀၂၄) ဖြင့် ထုတ်ပြန်ထားပါသည်။
 

ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

   နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေး လုပ်ငန်း များကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် ဇွန်လ ၁၇ ရက်​နေ့တွင် အေးရှားဝေါဆိပ်ကမ်း (AWPT-2) မှ ပြောင်းစေ့တန်ချိန် ၅,၄၀၀ တန် နှင့် မင်းထက်မင်းဆိပ်ကမ်း (MHM)မှ ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ တန် တင်ပို့ခဲ့သည်။

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၅,၃၇၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။

လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Earth Renewable Energy Co., Ltd.