နောက်ဆုံးရ သတင်း

ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ပဲတီစိမ်းကို မျိုးအတွက် ဝယ်ယူမှုများရှိလာတဲ့အတွက် တစ်ရက်မျိုးပဲ ၂၅ အိတ်ကျော် အရောင်း အဝယ်ဖြစ်ခဲ့ကြပါတယ်။ ပဲတီစိမ်းဈေးမှာ အရည်အသွေးလိုက်၍ ဈေးကွာခြားမှုရှိခဲ့ပြီး၊ ရိုးရိုးစမှာ တစ်တင်း ၁၃၅၀၀ ကျပ်၊အလတ်စမှာ
တစ်တင်း ၁၄၅၀၀ ကျပ်၊ ထိပ်စအမျိုးအစားမှာ တစ်တင်း ၁၈၀၀၀ ကျပ်ဖြင့် မျိုးအတွက် အရောင်းအဝယ်ဖြစ်ခဲ့ကြတယ်လို့သိရပါ တယ်။ပဲတီစိမ်းဝင်ရောက်မှု အနေနဲ့ အဝင်ပါးလာပြီဖြစ်သလို လိုင်းသမားများမှလည်း နေ့စဉ်အဝင်မရှိပဲ အရောင်းအဝယ်ဖြစ်တဲ့ရက်မှာ တစ်ရက် အိတ် ၃၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ခင်ဆွေဝင်း - ပြည်

ပဲခူးတိုင်းဒေသကြီး(ပြည်)တွင် ဆောင်းသီးနှံဖြစ်သော ဘိုကိတ်သီးနှံစိုက်ပျိုးသည့် မြို့နယ်များမှ ဘိုကိတ် မျိုးများ စတင်ဝယ်ယူနေပြီ လို့ သိရပါတယ်။ ပဲဈေးမှာ ပိဿာ ၂၀ တစ်တင်းကို ၁၁၀၀၀ ကျပ်၊ အနည်းငယ်ညံ့သော ဘိုကိတ်မှာ ၁၀၀၀၀ ကျပ်အောက်ရှိကြောင်း သိရပါတယ်။
ပြည်ဈေးကွက်တွင် မျိုးဝယ်ယူသူများအပြင် လက်လီ ဝယ်ယူ သူများလည်း ရှိခဲ့တယ်လို့သိရပြီး၊ တစ်နေ့ကို ၁၀ အိတ်ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။
ဆုမွန်ဆွေ - ပြည်

ပြည်ပဲပုပ်မှာ ယခုတစ်ပတ်ထိ ပိဿာ ၂၀ တစ်တင်းကို ၁၇၅၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပါတယ်။ ပြည်ဈေး ကွက်တွင် ပဲပုပ်လက်ကျန် နည်းလာတဲ့အတွက် လက်လီသမားဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ လက်လီဝယ်ယူသူများမှာ အများအားဖြင့် ပဲပြား လုပ်ငန်းရှင်များဖြစ်ပြီး၊ တစ်နေ့ ၁၅ အိတ်ခန့် အဝယ်ရှိတယ် လို့သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး(ပြည်)အတွင်းရှိ  ပေါင်းတည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များတွင် မိုးပဲပုပ်ဧက ၁၇၈၁ ဧက စိုက်ပျိုးထားကြောင်း သိရပါတယ်။
ဆုမွန်ဆွေ - ပြည်

ပြည်ဈေးကွက်တွင် ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၈၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ရှိပြီး၊ ယခုတစ်ပတ်တွင် တစ်တင်း၂၀၃၀၀ ကျပ်မှ ၂၁၀၀၀ ကျပ်ထိ ဈေးမြင့်တက်ခဲ့ပါတယ်။ ယခုရက်အတွင်း မန္တလေးဘက်မှ အဝယ်ရှိတဲ့အတွက် ဈေးမြင့် လာခြင်းဖြစ်ပါတယ်။
ဒေသတွင်း ခွဲစက်သမားများကတော့ ခွဲခြမ်း ရောင်းချမှု ပုံမှန်ရှိတဲ့အတွက် တစ်နေ့အိတ် ၂၀၀ ခန့် အရောင်းအဝယ်ရှိပြီး၊ မန္တလေးဝယ်လက်ရှိသောနေ့များတွင် တစ်နေ့အိတ် ၄၀၀- ၅၀၀ ခန့် အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။
လွင်လွင်ဆန်း - ပြည်

ပြည်ဈေးကွက်အတွင်း ထောပတ်ပဲသီးနှံမှာ လက်ကျန်နည်းလာခဲ့ပြီဖြစ်ပြီး၊ ဈေးနှုန်းအနေဖြင့် တစ်တင်း ၁၇၃၀၀ ကျပ်ဖြင့် ယခင် အပတ်ကအတိုင်း ဈေးငြိမ်နေခဲ့ပါတယ်။ မြို့တွင်းလက်လီသမားများ ဝယ်ယူမှုရှိတာကြောင့် တစ်ရက် ၁၀ အိတ်ခန့်အရောင်းအဝယ် ဖြစ်ပြီး ရန်ကုန်၊ ပုသိမ်ဘက်မှ လက်ကားဝယ်ယူမှုရှိသည့်ရက်တွင် အိတ် ၅၀ ကျော် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
ခင်ဆွေဝင်း- ပြည်

Pages

Subscribe to နောက်ဆုံးရ သတင်း