နောက်ဆုံးရ သတင်း

အင်ဒိုနီးရှားနိုင်ငံ သီးနှံဝယ်ယူရေးအေဂျင်စီဖြစ်တဲ့  ဘူးလော့ဂ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ရောက်ရှိလျက်ရှိပြီး ဆန်တန်ချိန် နှစ်သိန်းဝယ်ယူရေး အတွက် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းနဲ့ ဇန်နဝါရီ ၂၈ ရက် ညနေ ၆နာရီခွဲက ပါ့ခ်ရွိုင်ရယ်ဟိုတယ်မှာ နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးခဲ့ကြောင်း သိရပါတယ်။ MOU ကို ဘူးလော့ဂ်ဥက္ကဋ္ဌ Mr.Alimoeso နဲ့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်တို့က လက်မှတ်ရေးထိုးခဲ့တယ်လို သိရပါတယ်။ အဆိုပါအခမ်းအနားကို စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာပွင့်ဆန်းနဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Sumarsono  တို့ တက်ရောက်ပြီး အမှာစကားပြောကြားခဲ့ပါတယ်။ ဘူးလော့ဂ်အဖွဲ့ဟာ ဇန်နဝါရီ ၂၇ ရက်မှာလည်း နေပြည်တော်ရှိ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်နဲ့လည်းတွေ့ဆုံပြီး မြန်မာနိုင်ငံမှ ဆန်၊ ကြံနဲ့ ပဲပုပ်တို့ကိုလည်း ဝယ်ယူလိုကြောင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦမြင့်လှိုင်နဲ့လည်းတွေ့ဆုံပြီး ဆန်စပါးကဏ္ဍ၊ ကြံကဏ္ဍနဲ့ ပဲမျိုးစုံကဏ္ဍတို့မှာ ရင်းနှီးမြှုပ်နှံ လိုကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
''မြန်မာနိုင်ငံက ဆန်တန်ချိန်နှစ်သိန်းကို ၂၀၁၂ခုနှစ်အတွင်းမှာ ဝယ်ယူဖို့ရှိပါတယ်။ ဝယ်ယူမယ့်ဆန် အမျိုးအစားတွေက ဆန်ဖြူ ၅မှတ်၊ ၁၀မှတ်၊ ၁၅မှတ်နဲ့ ၂၅မှတ် ဆန်တွေပါ၊ လာမယ့်ဖေဖော်ဝါရီလအတွင်းမှာ ပထမနဲ့ ဒုတိယ Shipment ကိုစပြီး တင်ပို့ဖို့သဘောတူထားပါတယ်'' လို့ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း အသင်းရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမျိုးသူရအေးက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ နှစ်စဉ် လူဦးရေတိုးပွား လာနေတာနဲ့အမျှ ပြည်တွင်း ထုတ်လုပ်မှုနဲ့ မလုံ လောက်တဲ့အတွက် နှစ်စဉ် ပြည်ပဆန်တင်သွင်း နေရလျက်ရှိရာ အမေရိကန် စိုက်ပျိုးရေးဌာန စာရင်းအရ ၂၀၁၀-၂၀၁၁ မှာ တန်ချိန် ၂ ဒသမ ၇၈ သန်းခန့်  တင်သွင်းခဲ့ရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တင်ပို့မှုကိုကြည့်ရင် ယခင် ၂၀၀၁-၂၀၀၂ နဲ့ ၂၀၀၂-၂၀၀၃ ဘဏ္ဍာနှစ်ဝန်း ကျင်က ဆန်တန်ချိန် တစ်သိန်းအထက် တင်ပို့ခဲ့ ရာမှ နောက်ပိုင်းနှစ်တွေမှာ တန်ချိန် ထောင်ဂဏန်း ကိုသာ လျော့ကျတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
''ကျွန်တော်တို့က ပြည်ပကနေ လစဉ် စား အုန်းဆီတန်ချိန် နှစ်သောင်းနဲ့ သုံးသောင်းကြား သွင်းနေရတယ်၊ အင်ဒိုနီးရှားက ကမ္ဘာမှာ စားအုန်း ဆီ အများဆုံး ထုတ်လုပ်တဲ့နိုင်ငံပဲ၊ လက်ရှိဈေးအရ စားအုန်းဆီတစ်တန်ကို ဆန်သုံးတန်နဲ့ညီတော့ အပြန်အလှန် ကုန်ပစ္စည်း ဖလှယ်တဲ့စနစ် (Barter System) နဲ့ ရောင်းနိုင်ရင် ပိုကောင်းမယ်လို့ထင် တယ်'' လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းဝင် ဧရာဝတီတိုင်းဒေသကြီးမှ ဆန်စက်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။                        
လမင်း

သဘောၤသားများအတွက် ကားတင်သွင်း ခွင့်နဲ့ပတ်သက်လို့ ကုန်သွယ်ရေးညွှန်ကြားမှုဦး စီးဌာနမှာ ပါမစ်လျှောက်ထားမှု အခြေအနေကို ကောမတ်စ် က လေ့လာစုံစမ်းခဲ့ရာမှာ တာဝန် ရှိသူတစ်ဦးက ''ကျွန်တော်တို့ဌာနကို သက်ဆိုင်ရာ  စိစစ်ထောက်ခံပေးတဲ့အဖွဲ့က  အမည် စာရင်းတွေ ပို့ထားတာရှိပါတယ်။ ၇-၁၂-၂၀၁၁ နေ့က ၂၇၄ ဦး၊ ၁၉-၁၂-၂၀၁၁ မှာ ၄၀၈ ဦးနဲ့ ၂၁-၁၂-၂၀၁၁ မှာ ၃၁၃ ဦးဆိုတော့ စုစုပေါင်း ၉၉၅ ဦးပါ။ လျာထားချက်က ၃၀၀၀ ပါ။ ၂၇-၁-၂၀၁၂  (သောကြာ)နေ့ထိ ၁၃၂ ဦးပဲ ပါမစ် လာလျှောက်လို့ ထုတ်ပေးပြီးပါပြီ ကျွန်တော်တို့ ဆီမှာတော့ ဒီစာရင်းပဲရှိပါတယ်'' လို့  ပြောပါတယ်။                 
ကြည်သန်းမောင်

မြန်မာနိုင်ငံနဲ့  အာဆီယံ-တရုတ် စင်တာတို့  ပူးပေါင်းဆောင်ရွက်ရန် အာဆီယံ-တရုတ်စင်တာကို  ၂၀၁၂-၂၀၁၃ခုနှစ်အတွင်းဖွဲ့စည်းမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊   ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန် သွယ်မှုမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြား ရေးမှူး ဦးအောင်စိုးမှ ပြောပါတယ်။
မြန်မာနိုင်ငံနဲ့  အာဆီယံ-ဂျပန်၊ အာဆီယံ-ကိုရီးယားစင်တာများကို ဖွဲ့ စည်းခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲများ ကျင်း ပလျက်ရှိပြီး၊ အာဆီယံ-တရုတ်စင်တာ ကို Trade Promotion  အတွက် ရည် ရွယ်ပြီး ဖွဲ့စည်းမှာဖြစ်ကြောင်း၊ သက် ဆိုင်ရာဈေးကွက်အလိုက် ဝင်ရောက် နိုင်မယ့်နည်းပညာနဲ့ သတင်းအချက် အလက်များကို  လက်တွေ့သိရှိနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
အာဆီယံ-ဂျပန်      စင်တာနဲ့ အာဆီယံ-ကိုရီးယား  စင်တာများနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ နိုင်ငံအလိုက် ကြိုက်နှစ်သစ်တဲ့   ထုတ်ကုန်ပစ္စည်း အခြေခံခြင်းတူညီသော်လည်း ဒီဇိုင်း၊ အရောင်မတူညီတဲ့အတွက် ကြိုက်နှစ် သက်မှုကို မသိရှိနိုင်ကြောင်း၊  ထုတ် လုပ်တဲ့ပစ္စည်းများကို  ဈေးကွက်ထိုး ဖောက်နိုင်ဖို့ လိုအပ်ကြောင်း သိရပါ တယ်။
ဆောင်းဒါးရက်ကန်း   သင်တန်း ကျောင်းမှ နည်းပြအရာရှိ ဒေါ်ခိုင်ခိုင် သိန်းမှ အာဆီယံ-ဂျပန်စင်တာမှ ဆွေး နွေးပွဲပြုလုပ်တဲ့အတွက်  ၎င်းတို့နိုင်ငံမှ ကြိုက်နှစ်သက်တဲ့ပစ္စည်းများကို ရှင်း လင်းပြောကြားပြီး ဂျပန်နိုင်ငံသို့ ချည် ထည်များတင်ပို့တဲ့အခါ ဒီဇိုင်းနဲ့အရောင် ဘယ်လိုလုပ်သင့်သလဲ  သိရှိလိုက်နိုင် ကြောင်း၊ ကျန်းမာရေးနဲ့ဆိုင်တဲ့ ပစ္စည်း များလည်း စိတ်ဝင်စားမှုရှိပါကြောင်း၊ အာဆီယံနိုင်ငံများနဲ့  စင်တာများ  ဖွဲ့စည်းပြီး ဆွေးနွေးပွဲများ ပြုလုပ်ကာ နိုင်ငံအလိုက်   ကြိုက်နှစ်သက်မှုကိုသိရှိ ပါက ပြည်ပတင်ပို့ရာမှာ ကုန်ပစ္စည်း ကြိုက်နှစ်သက်မှုကို ခွဲခြားတင်ပို့နိုင် မှာဖြစ်ကြောင်းပြောကြားပါတယ်။
ဇူးဇူး

၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁၇ မှာ ဆီနဲ့ ဆီထွက်သီးနှံဆိုင်ရာတွေ့ဆုံ ဆွေး နွေးပွဲအခမ်းအနားကို နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စုပေါင်းခန်းမမှာ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။  အဲဒီ ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ စားသုံးဆီဟာ ဆန်ပြီးရင် အရေးပါတဲ့ စားသောက်ကုန်ဖြစ်တဲ့ အတွက် စားသုံးဆီဈေးနှုန်းဟာ စား သုံးသူများနဲ့ ပြည်တွင်းထုတ်လုပ်သူ များအကြား မျှမျှတတရှိရန် လိုအပ်ပါ ကြောင်း၊ လုပ်ငန်းများ လုပ်ဆောင်ရာ မှာ ပြည်သူများရဲ့ အကျိုးစီးပွားကို ဖော် ဆောင်ဖို့လိုကြောင်း ပြောကြားပါတယ်။ ပြည်တွင်းဆီထွက်သီးနှံများ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေးနဲ့သင့်တင့်မျှတ တဲ့ စားသုံးဆီ ဈေးနှုန်းများဖြစ်ရေး၊ ပြည်တွင်းထုတ်လုပ်မှု ပြည်တွင်း စား သုံးဆီလိုအပ်ချက်၊ ပြည်ပ စားအုန်းဆီ တင်သွင်းဖို့ လိုအပ်ချက်နဲ့ ပြည်ပကို  ဆီ ထွက်သီးနှံ တင်ပို့နိုင်မယ့် အလားအလာ များကို ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ် တဲ့ တောင်သူများ၊ ဆီစက်လုပ်ငန်းရှင် များ၊ ဆီစက်လုပ်သားများ၊ စားသုံးသူ အများပြည်သူများရဲ့ ရေရှည်အကျိုးကို မျှော်ကိုးပြီး၊ အကြေအလည် ညှိနှိုင်း ဆွေးနွေးပေးကြဖို့ ယခုဆွေးနွေးပွဲကို ကျင်းပတယ်လို့ ဆိုပါတယ်။
၂၀၁၁ ခုနှစ် ဧပြီလမှာ စားအုန်း ဆီဈေးနှုန်းများ မြင့်တက်ခဲ့တဲ့အတွက် ကုမ္ပဏီအဖွဲ့အစည်းများကို ခေါ်ယူ ညှိနှိုင်းကာပြည်ပမှစားအုန်းဆီများ တင် သွင်းရာမှာ အများပြည်သူ ကျန်းမာရေး ကို ရည်ရွယ်ပြီး၊ စံချိန်စံညွှန်းနဲ့ကိုက်ညီ တဲ့ ဆီအရည်အသွေး ကောင်းများကို သာ တင်သွင်းစေခဲ့ကြောင်း၊ ယခုလို စားအုန်းဆီများ ပြည်ပက တင်သွင်းခွင့် ပြုခဲ့သလို ဆီထွက်သီးနှံ စိုက်ပျိုးတဲ့ တောင်သူများ၊ ဆီစက်လုပ်ငန်းရှင်များ ရဲ့အကျိုးအတွက်ယခင်က ပြည်ပတင်ပို့ ခွင့် မပြုခဲ့တဲ့ နှမ်းနီ၊ နှမ်းညို၊ မြေပဲဆန်၊ မြေပဲဆီနဲ့  နှမ်းဆီများကို ပြည်ပသို့ တင်ပို့ရန် ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဒါကြောင့်    ဆီထွက်သီးနှံစိုက်ပျိုးတဲ့ တောင်သူများအနေနဲ့ မိမိတို့ စိုက်ပျိုး ထုတ်လုပ်တဲ့သီးနှံများအပေါ် ဈေးကွက် ရရှိရေး၊ ဈေးကောင်းရရှိရေးတို့ အတွက် ရေရှည်အလားအလာ ကောင်းများ ဖြစ်ပေါ်လာမှာ ဖြစ်ကြောင်း၊ ဆီစက် ပိုင်ရှင်များအနေနဲ့လည်း နိုင်ငံတကာ အဆင့်မီ၊ အရည်အသွေးမီတဲ့ စားသုံး ဆီများ    ကြိတ်ခွဲထုတ်လုပ်နိုင်ရေး အတွက် ခေတ်မီ ဆီစက်အစိတ်အပိုင်း များ တပ်ဆင်အသုံးပြုခြင်း၊ ခေတ်မီ ဆီစက်များ တည်ဆောက်ခြင်းများကို တစ်ဦးကောင်း   တစ်ယောက်ကောင်း ဆောင်ရွက်ရန်    မတတ်နိုင်ပါက အသင်းအဖွဲ့ပုံစံနဲ့ဖြစ်စေ၊  အချင်းချင်း ပူးပေါင်းပြီးတော့ဖြစ်စေ   ကြိုးပမ်း ဆောင်ရွက်သွားရမှာ    ဖြစ်ကြောင်း၊ တောင်သူလယ်သမားများရဲ့  အထွက် နှုန်း တိုးတက်ရေးနဲ့ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်   လျှော့ချပေးနိုင်ရေး အတွက် မျိုး၊ သွင်းအားစုနဲ့ နည်းပညာ များ ပံ့ပိုးကူညီခြင်း၊ ခေတ်မီလယ်ယာ သုံးစက်ကိရိယာများ သုံးစွဲနိုင်ရေးကူညီ ပေးခြင်း၊စပါးနဲ့ ပဲမျိုးစုံအထူးပြု ကုမ္ပဏီ များကဲ့သို့ဆီထွက်သီးနှံအထူးပြု ကုမ္ပဏီ များ ဖွဲ့စည်းထူထောင်နိုင်ရေးအတွက် အသင်းအဖွဲ့များ၊ ကုမ္ပဏီအဖွဲ့အစည်း များက အကောင်အထည်ဖော် ဆောင် ရွက်ပေးရမှာ ဖြစ်ကြောင်း၊ ယခုကဲ့သို့ စိုက်ပျိုးထုတ်လုပ်သူများ၊  ကုန်သည် ပွဲစားများ၊ ကုမ္ပဏီအဖွဲ့အစည်းများ၊ ပြည်ပတင်ပို့သူများနဲ့ အသင်းအဖွဲ့များ အားလုံးပါဝင်တဲ့   စိုက်ပျိုးထုတ်လုပ် သည်မှ ပြည်တွင်းပြည်ပတင်ပို့ရောင်းချ သည်   အထိ  Supply  Chain  Mechanism တစ်ခုလုံးမှာ ပါဝင်နေသူ များ အနေနဲ့ တွေ့ဆုံဆွေးနွေးပွဲများပြု လုပ်ပြီး၊ အပြန်အလှန် ညှိနှိုင်းဆောင် ရွက်သွားနိုင်ပါက  ရလဒ်ကောင်းများ ပေါ်ထွက်လာမှာဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါတယ်။
အဆိုပါ   တွေ့ဆုံဆွေးနွေးပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကုန် သည် အသင်းအဖွဲ့များ၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်သူများ၊ ဆီစက် လုပ် ငန်းရှင်များ၊ ပြည်ပမှ စားအုန်းဆီ တင် သွင်းသူ စာတမ်းရှင်များနဲ့  ဖိတ်ကြား ထားသူများ စုစုပေါင်း ၁၂၆ ဦး တက် ရောက်ခဲ့ကြပြီး ဆီထွက်သီးနှံ စိုက်ပျိုး ထုတ်လုပ်မှု၊ ကြိတ်ခွဲထုတ်လုပ်မှု၊ ပြည်ပ တင်ပို့မှု၊ ပြည်ပမှတင်သွင်းမှု၊ ပြည်တွင်း ပြည်ပဈေးကွက်အခြေအနေနဲ့ ဈေးနှုန်း များ၊ ရှေ့အလားအလာများ အပေါ် သုံးသပ်တင်ပြတဲ့ စာတမ်းလေးစောင်ကို တာဝန်ရှိသူများက ဖတ်ကြားတင်သွင်းခဲ့ ပါတယ်။  စားအုန်းဆီ   တင်သွင်းတဲ့ ကုမ္ပဏီများအနေနဲ့ တင်သွင်းမှုကို ရပ် ဆိုင်းခြင်းမပြုဘဲ ဆီထွက်သီးနှံ စိုက်ပျိုး ထုတ်လုပ်တဲ့ တောင်သူများအား သွင်း အားစုများ ပံ့ပိုးပေးခြင်း၊ ပြည်ပ ဈေး ကွက် ရှာဖွေတင်ပို့စေခြင်းဖြင့် စိုက်ပျိုး ထွက်ရှိမှုများကို ဈေးနှုန်းဈေးကောင်း ရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် ယခုဖြစ်ပေါ်နေတဲ့ ကိစ္စရပ်များ အဆင် ပြေ ချောမွေ့သွားနိုင်မယ်လို့ သုံးသပ်ကြ ပါတယ်။
အဲဒီဆွေးနွေးပွဲမှ ဆောင်ရွက်သင့် တဲ့အချက်များကို အောက်မှာ ဖော်ပြ ထားတဲ့အတိုင်း ဖော်ထုတ်ခဲ့ကြပါတယ်

  • စားအုန်းဆီတင်သွင်းတဲ့ ကုမ္ပဏီ များမှ ဆီထွက်သီးနှံစိုက်ပျိုးတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးများကို ကွင်းဆင်းပြီး အဓိကကျတဲ့ ပြည်နယ်နဲ့  တိုင်းဒေသကြီးများမှာ အထူးပြုကုမ္ပဏီများကဲ့သို့ ဖွဲ့စည်း ပြီး၊    သွင်းအားစုများပေးခြင်း၊ Contract  Farming  စိုက်ပျိုး ခြင်းဖြင့် သီးနှံအထွက်တိုးအောင် ဆောင်ရွက်ပေးခြင်း။
  • စိုက်ပျိုးထွက်ရှိတဲ့ ဆီထွက်သီးနှံ များအား ဆီစက်လုပ်ငန်းရှင်များနဲ့ ညှိနှိုင်းကြိတ်ခွဲကာ ပြည်တွင်းဈေး ကွက်နဲ့ ပြည်ပဈေးကွက်များကို တင်ပို့ရောင်းချရာမှာ ကုန်ကြမ်း အတိုင်း  တင်ပို့ရောင်းချခြင်းနဲ့ ကုန်ချောတင်ပို့ခြင်းကိုလည်း ဈေး ကွက်ဝင် အရည်အသွေးမီ တင်ပို့ ရောင်းချသွားရန်။
  •  ဈေးကွက် အနေအထားပေါ် မူ တည်ပြီး ပဲမျိုးစုံ၊ နှမ်းများအား ပြည်ပသို့ တင်ပို့ရောင်းချခြင်းနဲ့ စားအုန်းဆီ တင်သွင်းခြင်းတို့ကို ညှိနှိုင်းဆောင်ရွက်သွားရန်။
  • စားအုန်းဆီတင်သွင်းတဲ့ ကုမ္ပဏီများမှ ဆီကန်များ ဆောက်လုပ်ပြီး အရန်ဆီသိုလှောင်ထားရှိရန်။
  •  မြေပဲဆီ၊ နှမ်းဆီများ ဈေးကွက်ကို ရောင်းချရာမှာ စားအုန်းဆီရော နှော ပါဝင်ပါက ပါဝင်မှုအချိုးများ ဖော်ပြပြီး ဈေးနှုန်း  သတ်မှတ် ရောင်းချရန်။
  •  စားအုန်းဆီ တင်သွင်းမှုအား ဆီ စက် ပိုင်ရှင်များနဲ့ ရာသီဥတုနဲ့ စိုက်ပျိုးထုတ်လုပ်မှုအပေါ်မူတည် ပြီး တင်သွင်းမှုကို ညှိနှိုင်းတင်သွင်း စေရန် (ဥပမာ ဆန်စပါး တင်ပို့ ရောင်းချမှုပုံစံ)။
  • စားသုံးဆီများအား  နိုင်ငံတကာ အဆင့်မီ စံချိန်စံညွှန်းများအတိုင်း ကြိတ်ခွဲ ထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီ စက်အစိတ်အပိုင်းများ တပ်ဆင်ခြင်း၊ ခေတ်မီစက်များ တည်ဆောက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန်။
  • စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် (Cost  of  Porduction) လျှော့ ချနိုင်ရေးအတွက် မျိုး၊ သွင်းအားစု နဲ့ နည်းပညာများ၊ တောင်သူများ သို့ လိုအပ်တဲ့ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ရန်။       

နီလာစိုး

မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီသည်   ကားအဟောင်းလဲလှယ်ကာ အစားထိုး မော်တော်ယာဉ်   တင်သွင်းမည့်သူများကို လူစီးကား၊ ထရပ်ကား၊ ဘတ်စ်ကားများ၏ ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ချက်ကို ၁၉၉၆ ခုနှစ်မှ ၂၀၀၆ ခုနှစ် အထိသတ်မှတ်၍  ယခင်ခွင့်ပြုထား သည့်အတိုင်း ဘယ်မောင်း/ညာမောင်း မခွဲခြားဘဲ Reconditioned/Brand New မော်တော်ကားများကို ဇန်နဝါရီ လ ၂ ရက်မှစတင်ကာ တင်သွင်းခွင့်ပြု လိုက်ပြီဖြစ်ကြောင်း ကုန်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနမှ သတင်းရရှိပါသည်။
အစားထိုးမော်တော်ယာဉ် လဲလှယ် ရေးအစီအစဉ်အရ တင်သွင်းခွင့်ပြုမည့် အင်ဂျင်ပါဝါ  ၁၃၅၀ CC နှင့်အောက် မော်တော်ကားများကို ၁၉၉၆ ခုနှစ်မှ လက်ရှိ Model Year အထိ Model ကန့်သတ်ချက်မထားဘဲ တန်ဖိုး အမေရိကန် ဒေါ်လာ ၅၀၀၀ ဖြင့် ခွင့်ပြုသွားမည်ဖြစ်သည်။
နိုင်ငံတော်သမ္မတ၏    နောင်တွင် လူတိုင်းလူတိုင်း    ကားစီးနိုင်သည့် အဆင့်အထိဖြစ်လာစေရန် လမ်းညွှန် ချက်နှင့်အညီ ယခုအခါ ပို့ကုန်/သွင်း ကုန်ကုမ္ပဏီများ၊ ကျောက်မျက်ကုမ္ပဏီ များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများ၊ နိုင်ငံခြား သင်္ဘောသားများ၊ ပြည်ပ တွင်တရားဝင်  အလုပ်လုပ်ကိုင်နေသူ များ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းကုမ္ပဏီများမှ မော်တော်ယာဉ် တင်သွင်းခွင့်  လျှောက်ထားလာမှုကို ၂၀၀၇ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်အတွင်း ထုတ်လုပ်သော လူစီးကားများ ကို ဘယ် မောင်း/ညာမောင်း  မသတ်မှတ်ဘဲ တင်သွင်းခွင့်  ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
ထို့သို့ Model Year  ကို ၂၀၀၇ ခုနှစ် မှစတင်၍ Model  အမြင့်သတ်မှတ်ရ ခြင်းမှာ နောင်တွင် နိုင်ငံအတွင်းတွင် ကားအဟောင်းများ စုပုံလာနိုင်သော ကြောင့်ဖြစ်ကြောင်း ကုန်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။  သို့ သော် ဆီစားသက်သာပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှု   လျှော့ချပေးနိုင်သည့် ၁၃၅၀ CC နှင့်အောက် မော်တော်ယာဉ် များအားတင်သွင်းပါက Model Year ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ တန်ဖိုး အမေရိကန်ဒေါ်လာ   ၅၀၀၀ ဖြင့် လျှောက်ထားနိုင်ပြီး ၂၀၁၁-၂၀၁၂ Model Year ဖြင့် လျှောက်ထားမည် ဆိုပါကလည်း    လက်ရှိပေါက်ဈေး အတိုင်း လျှောက်ထားရမည်ဖြစ်သည်။ ထို့ပြင် ၁၃၅၀ CC နှင့်အောက် မော်တော်ယာဉ်များကို ကနဦး မှတ်ပုံတင်ကြေး ၃၀ ရာခိုင်နှုန်း လျှော့ပေါ့ပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။
ကားတင်သွင်းရာတွင် လိုအပ်သော လုပ်ထုံးလုပ်နည်းများ၊ ကားတင်သွင်း မည့်သူသိရှိရမည့်အချက်များ၊ တင်သွင်း ခွင့်ပြုသည့် မော်တော်ယာဉ်ဈေးနှုန်း များ၊ လူစီးမော်တော်ယာဉ်ဈေးနှုန်းများ (Reconditioned) နှင့် လူစီးမော် တော်ယာဉ် ှSub-Brand  အလိုက်ဈေး နှုန်းများ (Reconditioned)  ကို စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏Website ဖြစ်သာ www. commerce.gov.mmာ တွင် အသေး စိတ် ဖတ်ရှုနိုင်ပါသည်။
သတ်မှတ်ထားသော  ယာဉ်အုပ်စု တွင်မပါဝင်ဘဲBrand Name အသစ် ဖြင့် လျှောက်ထားလာသော ယာဉ်များ ဖြစ်ပါက လည်း Internet အထောက် အထားများဖြင့် နေ့စဉ်ပြုလုပ်သည့် EICC အစည်းအဝေးသို့ တင်ပြပြီးလျှင် ခွင့်ပြု  ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၁၃ ရက် တစ်နေ့တည်း တွင်  သင်္ဘောသားများ ကားပါမစ် လျှောက်ထားလာမှုမှာ စောင်ရေ ၁၅ စီးရှိပြီဖြစ်ပြီး  ထို ၁၅ စီးအနက် ၁၁ စီးသည် ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ် အတွင်းထုတ်လုပ်သည့် ွှToyota Belta နှင့် Toyota Vitz   အမျိုးအစား ၁၃၅၀ CC နှင့်အောက် မော်တော် ယာဉ်များဖြစ်ပြီး ကျန်လေးစီးမှာ ၂၀၀၉ ခုနှစ်ထုတ် Toyota Mark-X ၊ Toyota Raum နှင့် Toyota ISIS  အမျိုးအစား  အမြင့်ကားများဖြစ် ကြောင်းသတင်းရရှိပါသည်။  တင်သွင်း မည့်နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်သည်။
သက်တမ်းလွန် မော်တော်ယာဉ်များ အပ်နှံပြီး အစားထိုးတင်သွင်းရန်အတွက် သွင်းကုန်ပါမစ်များ  ထုတ်ပေးခြင်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ စတင်ဆောင်ရွက်ပေးခဲ့ရာ ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အထိ ကာလအတွင်း စုစုပေါင်း ကားတင်သွင်းရန် ပါမစ် ၁၈၉၂၆ စောင်  ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။   
အေးမွန်မွန်လှိုင်

Pages

Subscribe to နောက်ဆုံးရ သတင်း