နောက်ဆုံးရ သတင်း

သက်တမ်းလွန် မော်တော်ယာဉ်များ အပ်နှံမှုအတွက် အစားထိုး တင်သွင်းရန် သွင်းကုန်ပါမစ် လျှောက်ထားရာတွင် ပါရှိရမည့်စာရွက်စာတမ်းပုံစံများ .....

သက်တမ်းလွန် မော်တော်ယာဉ်များ အပ်နှံမှုအတွက် အစားထိုး တင်သွင်းရန် သွင်းကုန်ပါမစ် လျှောက်ထားရာတွင် သိရှိသင့်သည့် အချက်များကို ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ အောက်ပါအတိုင်း ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

သက်တမ်းလွန် မော်တော်ယာဉ်များ အပ်နှံမှုအတွက် အစားထိုး တင်သွင်းရန် သွင်းကုန်ပါမစ် လျှောက်ထားရာတွင် စိစစ်ခွင့်ပြု ထုတ်ပေးပုံ အဆင့်ဆင့်

၁။   လာရောက်လျှောက်ထားသူသည် ပထမဆုံး မှတ်ပုံတင်ဌာနတွင် မှတ်ပုံတင်စာရင်း ရေးသွင်းပြီး Application လျှောက်လွှာဖြည့်သွင်းရပါမည်။
၂   မှတ်ပုံတင်ပြီးပါက ကညန၊ MFTB/MICB ၊အ  ကောက်ခွန်၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန တို့ပါဝင်သည့် One Stop Services အဖွဲ့ ကိုယ်စားလှယ်အရာရှိများမှ လက်ခံစိစစ်ပါမည်။
၃။   One Stop Services အဖွဲ့မှ စိစစ်ပြီးပါက ဒုတိယညွှန်ကြားရေးမှူး မှတဆင့် ညွှန်ကြားရေးမှူး ထံ တင်ပြအတည်ပြုချက် ရယူပါမည်။
၄။   ညွှန်ကြားရေးမှူး အတည်ပြုပြီးပါက ပါမစ်ကြေးပေးသွင်းစေပြီး ပါမစ်ထုတ်၍ ညွှန်ကြားရေးမှူး ချုပ်ကိုယ်စား ညွှန်ကြားရေးမှူးမှ လက်မှတ်ရေးထိုးပြီး ကာယကံရှင်သို့ထုတ်ပေးပါမည်။
၅။   ဖျက်သိမ်း၊ အပ်နှံသည့် အစားထိုးယာဉ် တစ်စီးချင်းအတွက် မူလအမည်ပေါက် ယာဉ်ပိုင်ရှင် အမည်ဖြင့် ပါမစ်တစ်စောင်စီထုတ်ပေးပါမည်။

သက်တမ်းလွန် မော်တော်ယာဉ်များ အပ်နှံမှုအတွက် အစားထိုး တင်သွင်းရန် သွင်းကုန်ပါမစ် လျှောက်ထားရာတွင် ပါရှိရမည့် စာရွက်စာတမ်းများ

၁။    ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကားဟောင်းပိုင်ရှင်သို့ထုတ်ပေးသည့် ယာဉ် အပ်နှံမှု အထောက်အထားစာမူရင်း။
၂။   မြန့်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) (သို့မဟုတ်) မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့်ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB) ဘဏ်တစ်ခုခုတွင်ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေစာရင်း စာအုပ် (Bank Passport မိတ္တူ)) (မူရင်းပူးတွဲတင်ပြရမည်)။ ၎င်းငွေစာရင်းစာအုပ်တွင် မော်တော်ယာဉ်အတွက်ပေးချေရမည့် ငွေပမာဏနှင့် သင်္ဘောတင်ဆောင်ခ၊ ရေကြောင်း အာမခံစရိတ်များအတွက် လုံလောက်သောငွေပမာဏ ရှိရမည်။
၃။    မော်တော်ယာဉ်ပိုင်ရှင်မှ ယာဉ်တင်သွင်းမှုအတွက် နိုင်ငံခြားသို့ကိုယ်တိုင်ငွေလွဲ ပို့ခြင်း မဟုတ်လျှင် ကိုယ်စားလွှဲ ပေးမည့်သူ၏ ခံဝန်ကတိစာနှင့် နိုင်ငံခြားငွေစာရင်းစာအုပ်မိတ္တူ (မူရင်းပူးတွဲတင်ပြရမည်)။
၄။    မော်တော်ကား ရောင်းချပေးသည့် ပြည်ပနိုင်ငံကုမ္ပဏီ မှ ထုတ်ပေးသော Proforma Invoice (သို့မဟုတ်) Sale Contract။
၅။   ကိုယ်တိုင်လျှောက်ထားခြင်းဖြစ်ပါက မော်တော်ကားအဟောင်းပိုင်ရှင်၏ နိုင်ငံသားစိစစ်ရေးကဒ် (သို့မဟုတ်) မှတ်ပုံတင်မိတ္တူ (မူရင်းပူူးတွဲတင်ပြရမည်)။ ကိုယ်စားလှယ်ဖြင့် လျှောက်ထားခြင်းဖြစ်ပါက ကားပိုင်ရှင်မှ လွှဲအပ်ထားသော Special Power မူရင်းတင်ပြရမည်။ Special Power ဖြင့်လာရောက်လျှောက်ထားသူ၏ မှတ်ပုံတင်မူရင်း/မိတ္တူနှင့် မူရင်းမော်တော်ယာဉ် ပိုင်ရှင်၏ မှတ်ပုံတင်မိတ္တူပါရှိရမည်။

သက်တမ်းရင့် မော်တော်ယာဉ်များ အပ်နှံ၍  သွင်းကုန်ပါမစ် ပြန်လည်လျှောက်ထားရာတွင် Proforma Invoice (သို့မဟုတ်) Sale Contract တွင် ထည့်သွင်း ရမည့် အချက်အလက်များ

(၁)    မော်တော်ယာဉ်အမျိုးအမည် (Brand Name)
(၂)    မော်တော်ယာဉ်အမျိုးအစား (Van/Saloon/ Pick Up etc…)
(၃)    မော်တော်ယာဉ်ထုတ်လုပ်သည့်ခုနှစ် (Model Year)
(၄)    မော်တော်ယာဉ်ထုတ်လုပ်သည့်နိုင်ငံ (Country of Origin)
(၅)    မော်တော်ယာဉ်တင်ပို့မည့်နိုင်ငံ (Country Whence Consign) နှင့် တင်ပို့မည့်ဆိပ်ကမ်း (Port of Loading)
(၆)    ငွေပေးချေမည့်နည်းလမ်း (Method of Payment) ၊ Normal LC ဖြင့် ငွေပေးချေရန်။
(၇)     Micro Bus များအတွက် Seater အရေအတွက် ခွဲခြားဖော်ပြရန်။
(၈)    လျှောက်ထားသည့်မော်တော်ယာဉ်၏ ရန်ကုန်ဆိပ်ကမ်းအရောက် CIF ဈေး နှုန်း။
(၉)    တင်သွင်း/တင်ပို့သူ၏ လက်မှတ်၊ အမည်၊ ရာထူးအဆင့်အပြည့်အစုံ။       

တင်သွင်းခွင့်ပြုသည့် မော်တော်ယာဉ်ဈေးနှုန်းများ

စဉ် ယာဉ်အမျိုးအစား Model Year CIF တန်ဖိုး USD မှတ်ချက်
မှ ထိ မှ ထိ
Saloon/ Van/ Hatchback
1 Honda 1995 2002 3600.00 5000.00
2 Mazda 1995 2002 3600.00 5000.00
3 Mercedes(S-class မပါ) 1995 1997 4400.00 5000.00
4 Mitsubishi 1995 2002 3600.00 5000.00
5 Nissan 1995 2002 3600.00 5000.00
6 Subaru 1995 2003 3400.00 5000.00
7 Toyota 1995 2002 3600.00 5000.00
8 Volkswagen 1995 2003 3400.00 5000.00
9 BMW 1995 1998 4400.00 5000.00
10 Volvo 1995 1998 4400.00 5000.00
11 Audi 1995 1998 4400.00 5000.00
12 Hyundai 1995 2004 3200.00 5000.00
13 Daewoo 1995 2004 3200.00 5000.00
14 KIA 1995 2004 3200.00 5000.00 C/O : China, Malaysia များအပါအဝင်
Wagon/ Pick Up Double Cab/ Micro Bus (15 Seater အောက်)
15 Chrysler Cherokee 1995 1996 4800.00 5000.00
16 Honda 1995 2000 4000.00 5000.00
17 Isuzu 1995 1996 4800.00 5000.00
18 Mercedes 1995 1996 4800.00 5000.00
19 Mitsubishi 1995 2000 4200.00 5000.00
20 BMW 1995 1996 4800.00 5000.00
21 Audi 1995 1996 4800.00 5000.00
22 Volvo 1995 1996 4800.00 5000.00
23 Nissan 1995 2000 4000.00 5000.00
24 Suzuki 1995 2000 4000.00 5000.00
25 Toyota(Landcruiser Luxex/Prado မပါ) 1995 1999 4400.00 5000.00
Pick Up
26 ရိုးရိုး Pick Up/ Extra Cap/
Space Cab, All Brand
1995 2004 3200.00 5000.00

Toyota ကားအမျိုးအစားများအတွက်ကန့်သတ်လိုက်သည့်ကားအမျိုးအစားများနှင့်ထပ်မံတင်သွင်း ခွင့်ပြုလိုက်သည့်ကားအမျိုးအစားများ

(20-9-2011) ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင်ပြုလုပ်သော One Stop အစည်းဝေးဆုံးဖြတ်ချက်အရ Wagon / Pick Up Double Cup/Micro Bus အုပ်စု အမှတ်စဉ် (၂၅) ပါ Toyota Brand တွင် (Landcruiser/ Lexus/ Prado/ Harrier/ Tundra/ Fortuner)များ တင်သွင်းခွင့်မပါရှိကြောင်းနှင့် အောက်ဖော်ပြပါ ယာဉ်အမျိုးအစားတို့အားထပ်မံတင် သွင်းခွင့်ပြု ကြောင်း သတင်းရရှိပါသည်။

စဉ် ယာဉ်အမျိုးအစား Model Year CIF တန်ဘိုး (USD) မှတ်ချက်
မှ ထိ မှ ထိ
Light Truck
၂၇ All Brand 1995 2005 4500.00 6500.00
Heavy Truck
၂၈ All Brand 1995 2000 9500.00 12000.00
Bus
၂၉ Mini Bus, All Brand 1995 2005 10000.00 15000.00
၃၀ City Bus, All Brand 1995 2005 10000.00 15000.00
၃၁ Express, All Brand 1995 2000 12500.00 15000.00

ပြည်ဈေးကွက်အတွင်း ပဲကြီးဈေးနှုန်းမှာ ယခင်တစ်ပတ်ကထက် အနည်းငယ်မြင့်လာခဲ့ပါတယ်။ ပဲကြီး (ကမ်းနား)တစ်တင်း ၁၅၀၀၀ ကျပ်ဖြင့် ပဲလှော်ဖိုလုပ်ငန်းသမားများ ပုံမှန်အဝယ်ရှိတဲ့အတွက် တစ်ရက် အိတ် ၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ပဲကြီး(ရွှေကျွန်း) ကတော့ တစ်တင်း ၁၆၀၀၀ ကျပ်ဖြင့် ရန်ကုန်ဝယ်လက်များ အဝယ်ရှိသော်လည်း ပဲသိုလှောင်ထားသူများကဈေးကောင်းစောင့်နေတဲ့ အတွက် ထုတ်မရောင်းချသေးတာကို တွေ့ရပါတယ်။ ဒါကြောင့် ပဲကြီးဈေးကွက်မှာ ပဲကြီး(ရွှေကျွန်း) အရောင်းအဝယ်မဖြစ် သလောက်ဖြစ်ပြီး ပဲကြီး(ကမ်းနား)သာ နေ့စဉ်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။
ခင်ဆွေဝင်း - ပြည်

ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ပဲတီစိမ်းကို မျိုးအတွက် ဝယ်ယူမှုများရှိလာတဲ့အတွက် တစ်ရက်မျိုးပဲ ၂၅ အိတ်ကျော် အရောင်း အဝယ်ဖြစ်ခဲ့ကြပါတယ်။ ပဲတီစိမ်းဈေးမှာ အရည်အသွေးလိုက်၍ ဈေးကွာခြားမှုရှိခဲ့ပြီး၊ ရိုးရိုးစမှာ တစ်တင်း ၁၃၅၀၀ ကျပ်၊အလတ်စမှာ
တစ်တင်း ၁၄၅၀၀ ကျပ်၊ ထိပ်စအမျိုးအစားမှာ တစ်တင်း ၁၈၀၀၀ ကျပ်ဖြင့် မျိုးအတွက် အရောင်းအဝယ်ဖြစ်ခဲ့ကြတယ်လို့သိရပါ တယ်။ပဲတီစိမ်းဝင်ရောက်မှု အနေနဲ့ အဝင်ပါးလာပြီဖြစ်သလို လိုင်းသမားများမှလည်း နေ့စဉ်အဝင်မရှိပဲ အရောင်းအဝယ်ဖြစ်တဲ့ရက်မှာ တစ်ရက် အိတ် ၃၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ခင်ဆွေဝင်း - ပြည်

ပဲခူးတိုင်းဒေသကြီး(ပြည်)တွင် ဆောင်းသီးနှံဖြစ်သော ဘိုကိတ်သီးနှံစိုက်ပျိုးသည့် မြို့နယ်များမှ ဘိုကိတ် မျိုးများ စတင်ဝယ်ယူနေပြီ လို့ သိရပါတယ်။ ပဲဈေးမှာ ပိဿာ ၂၀ တစ်တင်းကို ၁၁၀၀၀ ကျပ်၊ အနည်းငယ်ညံ့သော ဘိုကိတ်မှာ ၁၀၀၀၀ ကျပ်အောက်ရှိကြောင်း သိရပါတယ်။
ပြည်ဈေးကွက်တွင် မျိုးဝယ်ယူသူများအပြင် လက်လီ ဝယ်ယူ သူများလည်း ရှိခဲ့တယ်လို့သိရပြီး၊ တစ်နေ့ကို ၁၀ အိတ်ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။
ဆုမွန်ဆွေ - ပြည်

Pages

Subscribe to နောက်ဆုံးရ သတင်း