နောက်ဆုံးရ သတင်း

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။

   ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့မှ ဇူလိုင်လ ၂၈ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅,၄၆၀ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

   ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

   အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန ၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

   အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Super Seven Stars Motors Industry Co., Ltd. မှ တင်သွင်းလာသော ကိုရီးယားနိုင်ငံထုတ် KIA EV-6 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Win Motor Myanmar Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် FAW Volkswagen နှင့် FAW AUDI Q4 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ၊ Asia Pacific Automaker Corporation Co., Ltd. မှ တင်သွင်းလာ သော တရုတ်နိုင်ငံထုတ် Dongfeng Nissan Ariya အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ၊ Premier Automotive Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် ZEEKR X အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များ ၊ Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BAIC ARCFOX Alpha T5 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Myanmar Construction & Development Infrastructure Co., Ltd. မှ တင်သွင်းလာသော Volkswagen ID-4 Volkswagen ID-6 နှင့် Volkswagen ID-7 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန် ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၁၇-၇-၂၀၂၄) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့် ပြုခဲ့ပါကြောင်း သတင်းရရှိသည်။

    မြန်မာနိုင်ငံရှိ ဆေးဝါးသုံးစွဲသူပြည်သူများ ပြည်တွင်း၌ သင့်တင့်မျှတသည့်ဈေးနှုန်းများဖြင့် အဆင်ပြေစွာဝယ်ယူသုံးစွဲနိုင်ရေးနှင့် ဆေးဝါးများ မပြတ်လပ်ရေးအတွက် ရည်ရွယ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင် များအသင်းမှ ဦးဆောင်၍ ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ တိုက်ရိုက်ဆေးရောင်းချပွဲကို ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးတွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်မှ ၃၁ ရက်အထိ အပတ်စဥ် တနင်္လာနေ့မှ စနေနေ့အထိ (တနင်္ဂနွေနေ့နှင့် အများပြည်သူရုံးပိတ်ရက်မှအပ - နံနက် ၀၉:၀၀ နာရီမှ ည‌နေ ၁၆:၀၀ နာရီအထိ) ဆေးဝါးရောင်းချခြင်းများ ပြုလုပ်လျက်ရှိပါသည်။ ပြည်သူများအနေဖြင့် မိမိတို့ကျန်းမာရေး အတွက် လိုအပ်သောဆေးဝါးများအား အဆိုပါဆေးရောင်းချပွဲတွင် လေ့လာကြည့်ရှု ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်၍ ဆေးကုမ္ပဏီများမှပြည်သူများထံသို့ တိုက်ရိုက် ဆေးရောင်းချပွဲကို ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ၊ မြန်မာကုန်သွယ်မှုမြှင့် တင်ရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်မှ စတင်၍ အပတ်စဥ်တနင်္လာနေ့မှ စနေနေ့အထိ (တနင်္ဂနွေနေ့နှင့် အများပြည်သူရုံးပိတ်ရက်များမှအပ) နံနက် (၀၉:၀၀)နာရီမှ ညနေ (၁၆:၀၀) နာရီအထိ ဆေးဝါးများ ရောင်းချပေးသွားမည်ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် ကျန်းမာရေးအတွက် လိုအပ်လျက်ရှိသည့် ဆေးဝါးများအား အဆိုပါဆေး ရောင်းချပွဲတွင် လေ့လာကြည့်ရှုဝယ်ယူနိုင်ကြောင်း အသိပေးအပ်ပါသည်။

နေပြည်တော်၊ ဇူလိုင်လ ၁၄

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျ စရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါ သည်။

              ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက် နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၂၁ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅,၄၁၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

              ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

             အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း