ဝါသီးနှံနှင့် ဝါဂွမ်းတို့အပေါ် တားမြစ်မိန့် ထုတ်ပြန်ခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ (က) နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ၈-၄-၂၀၂၂ ရက်စွဲပါ အမိန့်အမှတ် (၂၉/၂၀၂၂) တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်စည်လိုင်းများအဖြစ် သတ်မှတ်ခြင်း

ကုန်စည်လိုင်းများကို သွင်းကုန်စနစ်သို့ ပြောင်းလဲကျင့်သုံးရာတွင် ယခင်က ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာအမှတ် (၆၈/၂၀၂၀) ပါ ကုန်စည်လိုင်း (၃၉၃၁)လိုင်း၊ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၁၈/၂၀၂၁) ၊ (၁/၂၀၂၂)၊ (၂/၂၀၂၂) ၊ (၅/၂၀၂၂) တို့ဖြင့် ထုတ်ပြန်ထားသည့် ကုန်စည်လိုင်းများအား သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ

အမိန့်ကြော်ငြာစာအမှတ် (၃၂/၂၀၂၂)

သတ်မှတ်သွင်းကုန်လိုင်စင်ကြေးနှုန်းထားဖြင့် ကောက်ခံရန်ကာလတိုးမြှင့်ခြင်း

သွင်းကုန်လိုင်စင်ကြေးများကို လိုင်စင်(၁)စောင်လျှင် ကျပ် ၃၀၀၀၀ (ကျပ် သုံးသောင်း)နှုန်းဖြင့်  ပြောင်းလဲကောက်ခံခြင်းအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၆ ရက်နေ့မှ စက်တင်ဘာလ ၃၁ ရက်နေ့အထိကို အမိန့်ကြော်ငြာစာအမှတ် ၂၃/၂၀၂၀ ဖြင့်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိကို အမိန့်ကြော်ငြာစာအမှတ် (၆၄/၂၀၂၀) ဖြင့်လည်းကောင်း ကာလတိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ခြင်းကို ဤအမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန် လိုက်သည်။

 

ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ညွှန်ကြားချက်

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်သည် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၈၃၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ကုန်အညွှန်းအမှတ်ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဤညွှန်ကြားချက်အား ထုတ်ပြန်ထားရှိခဲ့ပါသည်။ 

နိုင်ငံခြားဖက်စပ်ကုမ္ပဏီများကို သတ်မှတ်ချက်များနှင့်အညီဖော်ပြထားသော လယ်ယာသုံး စက်ကိရိယာများအား တင်သွင်းရောင်းချခွင့် (ကုန်သွယ်ခွင့်) ပြုသည့် အမိန့်ကြော်ငြာစာ

အမိန့်ကြော်ငြာစာအမှတ်(၅၅/၂၀၁၇) ဖြင့် ထုတ်ပြန်သော လယ်ယာထွက်ကုန်ထုတ်လုပ်မှုတိုးတက်စေရေးအထောက်အကူပြုရန် ရည်ရွယ်၍ နိုင်ငံခြားဖက်စပ်ကုမ္ပဏီများကို သတ်မှတ်ချက်များနှင့်အညီဖော်ပြထားသော လယ်ယာသုံး စက်ကိရိယာများအား တင်သွင်းရောင်းချခွင့် (ကုန်သွယ်ခွင့်) ပြုသည့် အမိန့်ကြော်ငြာစာ