သွင်းကုန်နှင့်ပတ်သတ်သောသိကောင်းစရာများ

ပြည်ပမှ တင်သွင်းရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထပ်မံခွင့်ပြုပေးလိုက်သော စက်ဆီ၊ချောဆီ BRAND NAME များ

Thu, 08/13/2020 - 05:32 -- dotadmin
Undefined

ပြည်ပမှတင်သွင်းရန်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ခွင့်ပြုပေးထားသော စက်ဆီ၊ ချောဆီများ၏ BRAND NAME (၄၇၀) မျိုးအား ၁၆-၃-၂၀၂၀ ရက်နေ့ Commerce Website https://www.commerce.gov.mm/en/article/LubricantBrand470 တွင် ထည့်သွင်းကြေငြာခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထပ်မံ၍ ခွင့်ပြုရန် အကြောင်းကြားလာ Brand Name (၉) မျိုးအား ပူးတွဲပါအတိုင်း ကြေငြာအပ်ပါသည်။

 

Latest News: 
Latest New တင္ရန္

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့် အများပြည်သူများ သိရှိစေရန် အသိပေးကြေငြာခြင်း

Fri, 12/07/2018 - 09:31 -- dotadmin
Undefined

 

(၂၂-၁၁-၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်နှင့် ဝန်ကြီးဌာနစီမံခန့်ခွဲရေး ကော်မတီ (၂၃/၂၀၁၈) အရ အိမ်နီးချင်း တရုတ်နိုင်ငံတွင် အာဖရိက ဝက်တုတ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း ကြားသိရ၍ ပြည်ပမှ ဝက်သားပေါက်၊ အေးခဲဝက်သားနှင့် အေးခဲဝက်သားပြားများ တင်သွင်းခွင့်ပြုခြင်းကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

 

ကုန်သွယ်ရေးဦးစီးဌာန

ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲ

 

 

 

Latest News: 
Latest New တင္ရန္

ဂျပန်နိုင်ငံသို့ တင်ပို့သည့် မြန်မာပို့ကုန်ပစ္စည်းများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် ဂျပန်နိုင်ငံ၏ စားသောက်ကုန်တင်သွင်းရန် လမ်းညွှန်ချက်များ

Thu, 09/21/2017 - 08:23 -- dotadmin
Undefined
နိဒါန်း
 
၁။ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ချုပ်ပြီးအထည်၊ ပုဇွန်၊ နှမ်း၊ ကျောက်မျက်ရတနာ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ထောပတ်ပဲ၊ ရာဘာစိမ်း၊ သတ္တုနှင့်သတ္တုရိုင်းများနှင့် ငါးတို့ကို တင်ပို့ရောင်းချလျှက်ရှိပါ သည်။ ထိုသို့ မြန်မာနိုင်ငံမှ တင်ပို့ရောင်းချသည့် ကုန်ပစ္စည်းများကို ဂျပန်နိုင်ငံမှ ၎င်းတို့နိုင်ငံ၏ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှသာလျှင် ဝယ်ယူ တင်သွင်းလျှက် ရှိပါသည်။ မြန်မာနိုင်ငံမှ တင်ပို့ရောင်းချသည့် ကုန်ပစ္စည်းများထဲမှ တစ်ခုအပါအဝင်ဖြစ်သော ပဲတီစိမ်းကိုလည်း ဂျပန်နိုင်ငံ၏ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စံချိန် စံညွှန်းများနှင့် ကိုက်ညီမှသာလျှင် ဝယ်ယူတင်သွင်းပါသည်။
၂။ ယခုအခါ မြန်မာကုမ္ပဏီတစ်ခုမှ တင်ပို့ရောင်းချခဲ့သည့် ပဲတီစိမ်းများသည် ဂျပန်နိုင်ငံသို့ ရောက်ရှိချိန်တွင် ဂျပန်နိုင်ငံ၊ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ စစ်ဆေးခဲ့ရာ ဂျပန်နိုင်ငံမှ ချမှတ်ထားသော စားသောက်ကုန်ကျန်မာရေးစံချိန်စံညွှန်းနှင့် မကိုက်ညီ၍ အဆိုပါ ပဲတီစိမ်း များအား ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်တင်ပို့ခြင်းခံခဲ့ရပါသည်။ ဂျပန်နိုင်ငံအစိုးရ အနေဖြင့် အဆိုပါဖြစ်စဉ်အပေါ် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်(တိုကျိုမြို့) သံရုံးမှတဆင့် စားသောက်ကုန်ကျန်းမာရေး ဥပဒေနှင့်မကိုက်ညီ၍ ပြန်လည်ပေးပို့ခြင်းဖြစ်ကြောင်း အကြောင်းကြားစာနှင့်အတူ ဆက်လက်၍ မြန်မာနိုင်ငံမှ ပဲတီစိမ်းတင်ပို့မှုအပေါ် Food Sanitation Act (Act No. 233 of 1947) ၏ နောက်ဆက်တွဲ (၁) ၏ ပြဌာန်းချက်များအရ စစ်ဆေးမှုများကို တင်းကြပ်စွာပြုလုပ်သွားမည်ဖြစ်ကြောင်း မေတ္တာရပ်ခံ အကြောင်းကြားလာပါသည်။ သို့ဖြစ်ပါ၍ ဂျပန်နိုင်ငံသို့ တင်ပို့မည့်ကုန်စည်များအား ဂျပန်နိုင်ငံမှ သတ်မှတ်ထားသော စံချိန်စံညွှန်းသတ်မှတ်ချက်များအရ ဆောင်ရွက်ရမည် ဖြစ်ပါသည်။
 
လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်များ
 
၃။ ဂျပန်နိုင်ငံအစိုးရအနေဖြင့် အခြားနိုင်ငံများမှ တင်သွင်းလာသည့် စားသောက်ကုန်များနှင့် စိုက်ပျိုးရေးထုတ်ကုန်များအပေါ်တွင် အန္တရာယ်ကင်းရှင်းပြီး ထိရောက်သော ထိန်းချုပ် ကွက်ကဲနိုင်မှု တို့ကို မြှင့်တင်နိုင်စေရေးအတွက် အထူးအလေးထားဆောင်ရွက်လျှက်ရှိပါသည်။ အထူးသဖြင့် ဂျပန် ပြည်သူလူထု ကျန်းမာရေးကို ထိခိုက်စေနိုင်သော စားသောက်ကုန်ပစ္စည်းများ တင်ပို့နိုင်ငံများနှင့် လယ်ယာသုံး ဓါတုပစ္စည်းပါဝင်မှုများအပေါ် အထူးစစ်ဆေး ကြပ်မတ်လျှက် ရှိပါသည်။
၄။ ဂျပန်နိုင်ငံ၏ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၇ ဘဏ္ဍဍာနှစ်အတွက် အစားအစာသွင်းကုန်ထိန်းချုပ်ခြင်းနှင့် လမ်းညွှန်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု စီမံချက်ကို ရေးဆွဲခဲ့ပြီး Food Sanitation Act (Act No. 233 of 1947) ၏ နောက်ဆက်တွဲ (၁)၊ စာပိုဒ်(၁) အောက်တွင် အခန်း(၂၃)ဖြင့် ပြဌာန်းဖော်ပြထားပါသည်။ ဖော်ပြပါအခန်း၏ စာပိုဒ် ( ၃ ) အရ အစိုးရ၏ တရားဝင် ကြေငြာထုတ်ဝေခဲ့သည့် ပြန်တမ်းတွင် တင်သွင်းလာသည့်အစားအစာများ ကို လမ်းညွှန်ထိန်းချုပ်ခြင်း၊ အရောင်၊ အနံ့၊ အရသာတို့ကို တာရှည်ခံအောင် ထည့်သည့် အရာများ၊ ပစ္စည်းကရိယာများ၊ containers ထုပ်ပိုးခြင်းနှင့် ကစားစရာအရုပ်များ ပါဝင်ပါသည်။
၅။ အဆိုပါစီမံချက်တွင် စားသောက်ကုန်များ အန္တရာယ်ကင်းရှင်းစေရေးအတွက် ၂၀၁၇ ဘဏ္ဍဍာနှစ်တွင် ဂျပန်နိုင်ငံ၏ကျန်းမားရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသည် စုံစမ်း စစ်ဆေးခြင်း အစီအမံများအား  ၂၀၁၆ ဘဏ္ဍဍာနှစ် နှင့်မတူညီအောင် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ပါဝင်ပါသည်။ ရည်ရွယ်ချက်မှာ တင်သွင်းစားသောက်ကုန်များ၏ ဘေးကင်းလုံခြုံမှုများအတွက် တင်သွင်းလာသည့် စားသောက်ကုန်များအပေါ် ပြင်းထန်ထိရောက်၍ အကျိုးဖြစ်ထွန်းစေမည့် စောင့် ကြည့်စစ်ဆေးမှုများနှင့် လမ်းညွှန်ဆောင်ရွက်မှုများကို မြှင့်တင်ရန်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ချက် များမှာ ၂၀၁၇ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ ၂၀၁၈ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့အထိ ဖြစ်ပါသည်။ အထူးသဖြင့် ရောဂါ ဖြစ်ပွားစေသော ဇီဝပိုးမွှားများအား စောင့်ကြပ်စစ်ဆေးခြင်းများကို အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး ယခင်နှစ်များတွင် ဆောင်ရွက်ခဲ့သည့် စုံစမ်းစစ်ဆေးခြင်းများမှ ရရှိသော အချက်အလက်များနှင့် ရလာဒ်များကို ထည့်သွင်းစဉ်းစား၍ စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ် များကို ပြန်လည်သုံးသပ်မည် ဖြစ်ပါသည်။ တဆက်တည်းမှာပင် စားသောက်ကုန် တင်ပို့သော နိုင်ငံ များ၏ ထုတ်လုပ်သူများ၊ ကုန်ထုတ်လုပ်သူများအပါအဝင် အစိုးရများကြားတွင် စားသောက်ကုန် ကျန်းမာရေး စည်းမျဉ်း၊ စည်းကမ်းများအား ပိုမိုနားလည်နိုင်စေရန် Briefing Sessions များအား ကျင်းပပေးမည်ဖြစ်ပါသည်။ ထို့အပြင် HACCP (Hazard Analysis and Critical Control Point) အားအခြေခံ၍ ကုန်တင်ပို့သောနိုင်ငံများမှ ကုန်ထုတ်လုပ်သူများနှင့် အစိုးရများအကြားတွင် အစားအစာသန့်ရှင်းမှု ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို မြှင့်တင်ဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း  ဖော်ပြပါရှိပါသည်။
၆။ ဂျပန်နိုင်ငံ၏ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၇ ဘဏ္ဍဍာနှစ်အတွက် အစားအစာသွင်းကုန်ထိန်းချုပ်ခြင်းနှင့် လမ်းညွှန်မှုဆိုင်ရာ ပြဌာန်းဖော်ပြချက် တွင် အောက်ဖော်ပြပါအတိုင်း ခေါင်းစဉ်ကြီး( ၉ )ခုဖြင့် အကျယ်တဝင့် ဖော်ပြပါရှိပါသည်-
( က) ရည်ရွယ်ချက်     
( ခ ) အသက်ဝင်မည့်ကာလ 
( ဂ ) တင်သွင်းစားသောက်ကုန်များအပေါ် စောင့်ကြည့်စစ်ဆေးခြင်းနှင့် လမ်းညွှန်မှုများ ပေးခြင်း ကိစ္စရပ်များအား အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေခံလုပ်ထုံး လုပ်နည်းများ
( ဃ) ပို့ကုန်နိုင်ငံများတွင် ဘေးကင်းလုံခြုံမှုအတိုင်းအတာများ မြှင့်တင်ရေး
( င ) စောင့်ကြည့်စစ်ဆေးခြင်းအား ပယ်ဖျက်ခြင်း။
( စ ) သွင်းကုန်လုပ်ငန်းရှင်များအား voluntary safety controls အကြောင်း လမ်းညွှန် မှုများပြုလုပ်ခြင်း
( ဆ) စည်းမျဉ်းချိုးဖောက်မှုကို ရှာဖွေဖော်ထုတ်ရာတွင် တန်ပြန်ဆောင်ရွက်ချက်များ
( ဇ ) အများပြည်သူကို အသိပေးသည့် သတင်းအချက်အလက်ထုတ်ပြန်ချက်များ
( ဈ ) စောင့်ကြည့်လေ့လာခြင်း နှင့် လမ်းညွှန်မှုများ အကောင်အထည်ဖော်ရန်အတွက် လိုအပ်သော အခြားလုပ်ဆောင်ချက်များ စသည်တို့ ဖြစ်ပါသည်။
 
တင်သွင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
 
၇။ ၎င်းပြဌာန်းချက်များအရ ဂျပန်နိုင်ငံသို့တင်ပို့သည့် မြန်မာပို့ကုန်ပစ္စည်းများ ပြန်လည်တင် ပို့ခံရခြင်း မရှိစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် ဂျပန်နိုင်ငံ၏ စားသောက်ကုန်တင်သွင်းရန် လမ်းညွှန်ချက်နှင့် တင်သွင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအနေဖြင့် ဂျပန်နိုင်ငံသို့ စတင်တင်သွင်းသည်မှ ကုန်စည်ဖြန့်ဖြူးခြင်းအထိ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့် (၈) ရပ် ပါဝင်ပါသည်။ ၎င်းတို့မှာ-
(အဆင့်-၁) ဂျပန်နိုင်ငံ၏ ရောဂါပိုးမွှားစစ်ဆေးရေးဌာနမှ သတ်မှတ်ထားသော ဓါတ်ကြွင်း ပါဝင်မှုပမာဏများ ဖော်ပြပါရှိသည့် ကနဦးလမ်းညွှန်အကြံပေးချက်များကို ဦးစွာရယူရမည် ဖြစ်ပါသည်။
(အဆင့်-၂) Import Notification Form အတွက်ပြင်ဆင်ခြင်းဖြစ်ပါသည်။ အစား အသောက် တင်သွင်းခြင်းအတွက် Notification Form နှင့် အခြား စာရွက်စာတမ်းများနှင့် ပါဝင်သောပစ္စည်းများနှင့် ထုတ်လုပ်မှုနည်းလမ်း များပါဝင်ရမည်ဖြစ်ပြီး (လိုအပ်ပါက- ကျန်းမာရေးဆိုင်ရာ ထောက်ခံချက် နှင့် Self-Inspection ရလဒ်များကို တင်ပြရမည် ဖြစ်ပါသည်။)
(အဆင့်-၃) တင်သွင်းကုန်ပစ္စည်းရောက်ရှိခြင်း ဖြစ်ပါသည်။
(အဆင့်-၄) အစားအသောက်သွင်းကုန် တင်သွင်းခြင်းအတွက် On-Line မှ Notification Form ပေးပို့ရမည် ဖြစ်ပါသည်။
(အဆင့်-၅) ဂျပန်နိုင်ငံ၏ ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေးဝန်ကြီးဌာန အနေဖြင့် ရောဂါပိုးမွှားစစ်ဆေးရေးစခန်းတွင် စာရွက်စာတမ်းများစစ်ဆေးခြင်း ဖြစ်ပါသည်။ ဤအဆင့်တွင် စစ်ဆေးရေးဌာနအနေဖြင့် စောင့်ကြည့်စစ်ဆေးရန် မလိုအပ် ဟု ယူဆပြီး Approve ဖြစ်ပါက အဆင့် (၆) သို့ တိုက်ရိုက်ရောက်ရှိသွား မည်ဖြစ်ပြီး Certificate ထုတ်ပေးသွားမည် ဖြစ်ပါသည်။ အကယ်၍      စစ်ဆေးရန် လိုအပ်ပါက လိုအပ်မှုအပေါ်မူတည်၍ ထပ်တိုးအဆင့် (၂) ဆင့် အထိ တိုးမြှင့်လာမည်ဖြစ်ပြီး စစ်ဆေးမှုလုပ်ငန်းစဉ်များအား Diagram ဖြင့်ရေဆွဲပြသထားပါသည်။
- စီမံခန့်ခွဲမှုဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများအား  စစ်ဆေးခြင်း ဖြစ်ပါသည်။(ထပ်တိုးအဆင်-၁)
- သတ်မှတ်ထားသော ဓါတ်ခွဲခန်းတွင် စစ်ဆေးခြင်းဖြစ်ပြီး ညွှန်ကြားထားသည့် အတိုင်းစစ်ဆေးခြင်း (သို့မဟုတ်) စောင့် ကြည့်စစ်ဆေးခြင်းထက်ပိုသော စီမံခန့်ခွဲမှုဆိုင်ရာ စစ်ဆေးခြင်း ဖြစ်ပါသည်။(ဤထပ်တိုးအဆင့်-၂ သည် နောက်ဆုံး စစ်ဆေးခြင်း ဖြစ်ပြီး စံချိန်မီပါက ခွင့်ပြုခြင်း နှင့် စံချိန်မမီပါက ပြန်လည် တင်ပို့ခြင်း ဟူ၍ ပါရှိပါသည်။
(အဆင့်-၆) အစားအသောက်တင်သွင်းလာခြင်းအပေါ် တင်သွင်းရန် ခွင့်ပြုသည့် Certificate ထုတ်ပေးသည့် အဆင့် ဖြစ်ပါသည်။
(အဆင့်-၇) အကောက်ခွန်ရှင်းလင်းခြင်း အဆင့်ဖြစ်ပါသည်။
(အဆင့်-၈) ပြည်တွင်းသို့ တင်သွင်းလာသည့် စားသောက်ကုန်စည်များ ဖြန့်ဖြူးခြင်း ဖြစ်ပါသည်။
၈။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရှိ စားသောက်ကုန်ပစ္စည်းများ တင်ပို့ရောင်းချသည့် ကုန်သည်လုပ်ငန်းရှင် များအနေဖြင့် ဂျပန်နိုင်ငံသို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် ကုန်သွယ်မှုပညာပေး ဗဟုသုတများကို သိရှိစေရန်နှင့် ကုန်သွယ်မှုပြုရာတွင် အထောက်အကူပြုနိုင်စေရန်အတွက် ဂျပန်နိုင်ငံ၏၂၀၁၇ ဘဏ္ဍဍာနှစ် အတွက် ပြဌာန်းထုတ်ပြန်ချက်ဖြစ်သော ဂျပန်နိုင်ငံ၏ စားသောက်ကုန်တင်သွင်းရန် လမ်းညွှန်ချက် နှင့် တင်သွင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရေးသား ဖော်ပြလိုက်ရပါသည်။
 
 
 
Latest News: 
Latest New တင္ရန္

လိုင်စင်လျှောက်ထားရန်လိုအပ်သော Negative List စာရင်း

Thu, 08/18/2016 - 06:43 -- eiprdep
Undefined

အမိန့်ကြော်ငြာစာအမှတ် ၆၀/၂၀၁၆ ထုတ်ပြန်ပြီးနောက် လိုင်စင် လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းများအဖြစ် ကျန်ရှိနေသော Negative List (၄၁၃၈) လိုင်းစာရင်း

 

Latest News: 
Latest New တင္ရန္
Subscribe to RSS - သွင်းကုန်နှင့်ပတ်သတ်သောသိကောင်းစရာများ