ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့ နှင့် ပြောင်းတို့ ဖြစ်သည်။

တမူးမြို့နယ်စပ်တွင် ဖြစ်ပေါ်နေသောကုန်သွယ်မှုနှင့်ကုန်စျေးနှုန်း အခြေအနေ

တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ‌ဇွန်လ(၃၀)ရက်နေ့မှဇူလိုင်(၂)ရက်နေ့ထိ ကုန်သွယ်မှု အခြေအနေမှာ ပို့ကုန်ပိုင်းတွင် နန့်ဖာလုံကုန်စုံ ၀.၀၁၀ ဒေါ်လာသန်း၊ သွင်းကုန်ပိုင်းတွင် ဆောင်ရွက်နိုင်ခြင်းမရှိပါ။ ကုန်သွယ်မှုပမာဏစုစုပေါင်းတန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ဇူလိုင်လ (၃)ရက် ပြင်ပငွေလဲနှုန်းမှာ ၁ဒေါ်လာ (၂၉၂၆) ကျပ်၊ ၁ဒေါ်လာ (၉၁.၄၄) ရူပီး၊ ၁ရူပီး (၃၂) ကျပ်၊ ၁၀၀ ကျပ်(၃.၁၃) ရူပီး ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရသည်။

လွယ်ဂျယ်နယ်စပ် ကုန်စည်စီးဆင်းမှုအခြေအနေ

          ၁၅-၃-၂၀၂၃ရက်နေ့မှာ လယ်ယာထွက်ကုန်အနေဖြင့် တစ်သျှူးငှက်ပျောကားစီးရေ (၇၈) စီး၊ တန်ချိန် (၁၂၄၈.၀၀၀)တန်၊ တန်ဖိုး (၀.၄၂၅)ဒေါ်လာသန်း၊ ပဲတီစိမ်းကားစီးရေ (၅)စီး၊ (၁၅၅.၅၀၀) တန်၊ တန်ဖိုး(၀.၁၁၁)ဒေါ်လာသန်း၊ မြေပဲကားစီးရေ (၁)စီး၊ (၃၃.၀၀၀)တန်၊ တန်ဖိုး (၀.၀၄၄)ဒေါ်လာသန်း၊ ဖရဲသီး(၉)စီး၊ (၁၅၃.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၃)ဒေါ်လာသန်း၊ စုစုပေါင်း တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၆၀၃)သန်း တင်ပို့နိုင်ခဲ့သည်။ တစ်ဖက်နိုင်ငံမှ ကုန်စုံကားစီးရေ(၇)စီး၊ တန်ချိန်(၄၃.၆၀၀)တန်၊ (၁၅၂၁၅)U၊ (၂၀၀)PR ၊ တန်ဖိုး (၀.၀၈၃)ဒေါ်လာသန်း၊ ထွန်စက်ကားစီးရေ (၁)စီး၊ (၁)U၊ တန်ဖိုး(၀.၀၀၈

ဘင္ဂလားဒေ့ရှ်အစိုးရသည် e-commerce ပလပ်ဖောင်းများတွင်း လိမ်လည်မှုများကို တိုင်ကြားရန်နှင့် ​ြေဖရှင်းချက်များ စတင်ဆောင်ရွက်ြပီဖြစ်ကြောင်း ​ြေကငြာချက်ထုတ်ပြန်

    ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးသူအခွင့် အရေးများကို ကာကွယ်ရန်နှင့် e-commerce တွင် လိမ်လည်မှုများကိုကာကွယ်ရန် Central Complaint Management System (CCMS) ကို ဖေဖော်ဝါရီလ ၁၉ရက်နေ့(တနင်္ဂနွေနေ့)တွင် စတင်မည်ဖြစ်ကြောင်း အဆိုပါနေ့ထုတ် Dhaka Tribune တွင် ဖော်ပြထားသည်။

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

      ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းသည် တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် လက်ရှိကာလတွင် ဆန်ကွဲ၊ RUBBER R.S.S (3)၊နှံစားပြောင်း၊Concentrate Latex 60% DRC (ရော်ဘာကြမ်း)၊ပြောင်းတို့ကိုအဓိကထားတင်ပို့လျက်ရှိပါသည်။ ယခုရက်ပိုင်းအတွင်းတရုတ်နိုင်ငံ၏ ဘိန်းအစားထိုးသီးနှံပါမစ်ခွင့်ပြုချက်ဖြင့် ပြောင်းနှင့် ကြံရာသီရောက်ရှိလာပြီဖြစ်သည့်အတွက်ကြံတင်ပို့မှုများလည်းများပြားလာလျက်ရှိပါသည်။ကြံရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် (၅-၁၁-၂၀၂၂) ရက်နေ့တွင် စတင်စမ်းသပ်တင်ပို့ခဲ့ပြီးကြံတင်ပို့မှုတိုးတက်များပြားလာလျက်ရှိပါသည်။ ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှချင်းရွှေဟော်သို့ ယခုအပတ်တွင

ထိုင်းနိုင်ငံတွင်အဝယ်လိုက်နေသည့် ြမန်မာ့ရှပ် (ခေါ်) ဂုံး

       ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှတင်ပို့သော ပင်လယ်စာများအနက် မြန်မာ့ရှပ် (ခေါ်) ဂုံးများကိုလည်း နှစ်သက်စွာစားသုံးကြပါသည်။ မြန်မာ့ရှပ် (ခေါ်) ဂုံးများကို စားသုံးပါက ကျန်းမာရေးကောင်းမွန်သည့် အပြင် ခွန်အားအမြန်ပြည့်စေသည့် အစားအစာဖြစ်ကြောင်း ယုံကြည့်ကြသည့်အလျောက် တစ်နိုင်ငံလုံး နီးပါးစားသုံးကြပါသည်။ ရိုးရာအစားအစာများနှင့် တွဲဖက်စားသောက်ကြသည့်အပြင် အမျိုးမျိုးချက်ပြုတ် စားသောက်ကြပါသည်။ အဆိုပါ ရှပ်အားထိုင်းပြည်တွင်းစားသုံးသူများပါမက ထိုင်းနိုင်ငံအတွင်းသို့ လာရောက် လည်ပတ်ကြသော နိုင်ငံခြားခရီးသွားများမှာလဲ ကြိုက်နှစ်သက်စွာ စားသုံးကြကြောင်း သိရှိရသည်။

၂၀၂၂ ဒုတိယနှစ်ဝက်ကာလနှင့် ၂၀၂၃ ခုနှစ်တို့တွင် ကမ္ဘာ့ကုန်သွယ်မှုအခြေအနေအား လေ့လာြခင်း

၂၀၂၂ခုနှစ် ဒုတိယနှစ်ဝက်ကာလနှင့် ၂၀၂၃ခုနှစ်တို့တွင် ကမ္ဘာ့ကုန်သွယ်မှုအခြေအနေအား လေ့လာခြင်း

၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့

 

၂၀၂၂ခုနှစ်၏ပထမနှစ်ဝက်တွင် ကမ္ဘာ့ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ(၇.၇)ထရီလီယံ ဝန်းကျင်ထိမြင့်တက်ခဲ့ပြီး၊ ၂၀၂၁ခုနှစ်၏ကာလတူတွင် ကမ္ဘာ့ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ(၁)ထရီလီယံခန့်သာရှိခဲ့သည်။ဤသို့ကုန်သွယ်မှု တန်ဖိုးမြင့်တက်ခဲ့ခြင်းသည် ၂၀၂၂ခုနှစ်တွင် ကုန်စည်စျေးနှုန်းများ မြင့်တက်လာခဲ့ခြင်းကြောင့်ဟု သိရသည်။