ကုန်သွယ်မှုမူဝါဒဌာနခွဲ၏ လုပ်ငန်းတာဝန်များ
ကုန်သွယ်မှုမူဝါဒဌာနခွဲ၏ လုပ်ငန်းတာဝန်များ
ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
ကုန်သွယ်မှုမူဝါဒဌာနခွဲ
ဌာနစု၊ ဌာနစိတ်များ၏ လုပ်ငန်းတာဝန်သတ်မှတ်ချက်များ
၁။ ကုန်သွယ်မှုဆိုင်ရာမူဝါဒ၊ ဥပဒေ လုပ်ထုံးလုပ်နည်းများ ရေးဆွဲထုတ်ပြန်ရေးဌာနစု
(က) ကုန်သွယ်မှုဆိုင်ရာ မူဝါဒလုပ်ထုံးလုပ်နည်းများ ရေးဆွဲထုတ်ပြန်ရေးဌာနစိတ်
- မြန်မာနိုင်ငံ၏ ကုန်သွယ်မှုမူဝါဒများအပေါ် နိုင်ငံတကာနှင့် လိုက်လျောညီထွေမှုရှိပြီး ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲရေးဆွဲနိုင်ရေး ဆောင်ရွက်သွားရန်။
- ရေးဆွဲပြီးမူဝါဒများအပေါ် အပြည့်အဝအကောင်အထည်ဖော်နိုင်မည့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲချမှတ်နိုင်ရေး ဆောင်ရွက်သွားရန်
- တည်ရှိပြီးမူဝါဒများအပေါ် Monitor ပြုလုပ်ဆောင်ရွက်သွားရန်နှင့် ခေတ်နှင့်လျော်ညီစွာ ပြောင်းလဲရန်လိုအပ်က အချိန်နှင့်တစ်ပြေးညီ ပြုပြင်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက် သွားရန်။
- ရေးဆွဲပြီးမူဝါဒ လုပ်ထုံးလုပ်နည်းများအပေါ် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီ မှု ရှိ/မရှိ စိစစ်အကြံပြုပြင်ဆင်သွားရန်။
- အပြီးသတ်ရေးဆွဲပြီး မူဝါဒ၊ လုပ်ထုံးလုပ်နည်းများအပေါ် အတည်ပြုပြဌာန်းနိုင်ရေး သက်ဆိုင်ရာအထက်ဌာန၊ အစိုးရအဖွဲ့နှင့် လွှတ်တော်တို့သို့ တင်ပြနိုင်ရေး ဆောင်ရွက်သွား ရန်။
- သက်ဆိုင်ရာမှ အတည်ပြုပြီးသော မူဝါဒ၊ လုပ်ထုံးလုပ်နည်းများအား ပွင့်လင်းမြင်သာမှုရှိစေ ရေး လိုအပ်သော ထုတ်ပြန်မှုများ ဆောင်ရွက်သွားရန်။
(ခ) ကုန်သွယ်မှုဆိုင်ရာဥပဒေဌာနစိတ်
- ကုန်သွယ်ရေးအတားအဆီးဆိုင်ရာ ကိစ္စရပ်များကို ဥပဒေများနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ရန်။
- ကုန်သွယ်မှုဆိုင်ရာ စာချုပ်စာတမ်းတွင် အဓိကပါဝင်ရမည့်အချက်များ ပါဝင်မှုရှိ/မရှိစိစစ်ရန်။
- စေ့စပ်ညှိနှိုင်း၍မရသည့်ကိစ္စရပ်များအား Myanmar Arbitration Act ဖြင့် စစ်ဆေး ဆောင်ရွက်နိုင်ရန် စီစဉ်ပေးရန်
- ကုန်သွယ်မှုဆိုင်ရာ အရောင်းအဝယ်စာချုပ် အငြင်းပွားမှုဆိုင်ရာ ကိစ္စရပ်များကို လေ့လာ တင်ပြရန်။
- ကုန်သွယ်မှုဆိုင်ရာ အမိန့် ၊ လုပ်ထုံးလုပ်နည်းများ ဥပဒေနှင့် လေ့လာရေးဆွဲရန်။
- နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာဥပဒေများ လေ့လာခြင်း၊ ပြုစုတင်ပြခြင်း၊ ထပ်ဆင့်ဖြန့်ဝေရန်။
- အခြားဝန်ကြီးဌာနများ ထုတ်ပြန်ထားသော ကုန်သွယ်မှုဆိုင်ရာဥပဒေများ လေ့လာရန်။ (ယင်းဥပဒေနှင့်ဆက်နွယ်၍ ပြည်ပပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများချမှတ်ခြင်း)
- ကုန်သွယ်မှုဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်အရ ပြည်ပပို့ကုန် ၊ သွင်းကုန်ဆိုင်ရာ ကန့်သတ် ၊ တားမြစ်ချက်များ လေ့လာခြင်း တင်ပြရန်။
- ကုန်သွယ်မှုဆိုင်ရာ Incoterms များ ၊ Shipping Terms များ ၊ Payment Terms များနှင့် ပတ်သက်သည့် ကိစ္စရပ်များအား ဥပဒေကြောင်းအရ လေ့လာတင်ပြရန်။
- အာဆီယံနှင့် နိုင်ငံတကာစီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များတွင် ဥပဒေပိုင်း ဆိုင်ရာကိစ္စရပ်များ လိုက်ပါဆောင်ရွက်ရန်။
၂။ ပင်ရင်းဒေသစည်းမျဉ်းဌာနစု
(က) ပင်ရင်းဒေသစည်းမျဉ်းဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးဌာနစိတ်
- အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ ၊ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ထူထောင်ထားသော လွတ်လပ်သောကုန်သွယ်မှုဒေသများနှင့် ဘင်းမ်စတက်ကဲ့သို့သော မြန်မာနိုင်ငံမှ လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လွတ်လပ်သော ကုန်သွယ်မှုဒေသများ ကျင့်သုံးမည့် အပြန်အလှန် အကောက်ခွန်သက်သာခွင့်ပေးခြင်း ဆိုင်ရာ ပင်ရင်းဒေသစည်းမျဉ်းနှင့် ပတ်သက်သောကိစ္စရပ်များအား သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ဆောင်ရွက်ခြင်း၊
- ပင်ရင်းဒေသစည်းမျဉ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများတက်ရောက်ကာ စေ့စပ် ဆွေးနွေးညှိနှိုင်းခြင်း၊
( ခ ) ပင်ရင်းဒေသသက်သေခံလက်မှတ်များ ထုတ်ပေးရေးဌာနစိတ်
၃။ ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ဌာနစု
(က) ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ဌာနစိတ်
( ခ ) စီးပွားရေးအကျိုးဆောင်မှတ်ပုံတင်ဌာနနှင့် စီမံရေးရာဌာနစိတ်
စီမံရေးရာ
ကုန်သွယ်မှုမူဝါဒဌာနခွဲ၏ လုပ်ငန်းတာဝန်များ