ကြက်သွန်ဆိုတာ မွှန်ပါတယ်............

              အခုတစ်လော သတင်းစာ၊ ဂျာနယ်တွေမှာ သတိထားကြည့်မိတဲ့အကြောင်းကတော့ " ကြက်သွန်နီ" ပါပဲ။  လတ်တလော သတင်းအားလုံးရဲ့အပေါ် လွှမ်းမိုးမှုကကြက်သွန်နီအကြောင်းပါ။ နိုင်ငံေ တာ်ကထုတ်တဲ့ သတင်းစာတွေရဲ့ ကာတွန်းတွေမှာဆိုရင်ကို တစ်ကွက်က သူကဘာလို့ အချိန်တိုတိုအတွင်းမှာ  ဘာအရောင်းအဝယ်လုပ်လို့ ကြီးပွားသွားတာလဲဆိုတော့ " ကြက်သွန်နီအရောင်းအဝယ်လုပ်လို့ ပါ တဲ့" ။ နောက်တစ်ကွက်က  သစ်ပင်တက်နေသူကို ကြည့်ပြီးတော့ တက်သွားတာမြန်လိုက်တာ ကြက်သွန်နီဈေးတက်သွားတဲ့အတိုင်းပဲ။ နောက်တစ်ကွက်က ဦးသမီးကိုကျွန်တော်ကြက်သွန်နီတစ်အိတ်နဲ့ တင်တောင်းပါတယ်ဆိုတဲ့အကွက်၊ ခေတ်စနစ်နဲ့ လိုက်လျော ညီထွေစွာ ကုန်ဈေးနှုန်းကို သရော်တဲ့နေရာမှာ ထိမိလှတဲ့ကာတွန်း  ဆရာတွေရဲ့ပညာပါ။  ရုံးကိစ္စ၊ အိမ်ကိစ္စတွေမှာရော ကြက်သွန်နီတက်ရတဲ့ အကြောင်းရင်း၊  မိုးစိုက် (ဥစိုက်)  ကြက်သွန်ဘယ်တော့ပေါ်မလဲ။ ယခုဈေးဘယ်ေ လာက်လဲ၊  လက်ကျန်ဘယ်လောက်ရှိနေလဲ၊ မိုးစိုက် (ဥစိုက်) ပေါ်ရင်ရော ဘယ်ဈေးဖြစ်မလဲ။  အိမ်ကအိမ်ရှင်မကတော့ ဒီအချိန်မှာ  ကြက်သွန်နီဟာ ရွှေဈေးထက်တန်ဖိုးရှိနေကြောင်း ညည်းနေတာဟာ ဆူးလေဘုရားက ခိုအုပ် များ အညာဒေသက ကိုယ့်အိမ်ပြောင်းလာသလား အောက်မေ့ရလောက်အောင်ကို ညည်းပါတယ်။  လက်ဖက်ရည်ဆိုင်က စမူဆာထဲမှာထည့်တဲ့ ကြက်သွန်နီနေရာမှာ မုန်လာထုပ်ရောလာတာ၊ မုန့်ဟင်းခါးစားရင်  ကြက်သွန်ချဉ် လာမချတော့တာကတော့  ကိုယ်တိုင်တွေ့ကြုံရတာပါပဲ။
             လေးစားအပ်သော စာရှုသူခင်ဗျား။ ကိုယ်တွေ့အဖြစ်အပျက်တစ်ခုကို တင်ပြပါဦးမယ်။ တစ်လောက နိုဝင်ဘာ ၂၃-၂၄ ရက်နေ့ က  ဆိပ်ဖြူမြို့နယ်ကို  အလုပ်ရုံဆွေးနွေးပွဲတစ်ခု သွားလုပ်ပါတယ်။ ကိုယ့်ရုံးနဲ့  ဆိပ်ဖြူမြို့ ရဲ့  ညနေဈေးက နီးလေတော့ ဈေးသွား ဟင်း ချက်စရာ ဝယ်ဟင်းချက်မယ်လုပ်တော့ ကြက်သွန်နီပါမလာလို့ ဆိပ်ဖြူ မှာရှိတဲ့ ကိုယ့်ဝန်ထမ်း  အမျိုးသမီးတစ်ယောက်ကို ကြက်သွန်နီသွား ဝယ်ပါဦးဗျာ ဆိုပြီး  အကူအညီတောင်းတော့ သွားဝယ်ပါတယ်။ ပြန်လာတယ် ဆိပ်ဖြူဈေးထဲမှာ ကြက်သွန်နီဝယ်လို့ မရဘူး၊ ရောင်းသူလည်းမရှိဘူးတဲ့ဗျာ။  ဆိပ်ဖြူဆိုတာ တကယ့်ကြက်သွန်ထွက်တဲ့နေရာမှာ  ကြက်သွန်နီမရှိတာ ကိုယ်တိုင်တွေ့ခဲ့ရတာပါဗျာ။ ကဲ---ကြက် သွန်နီ သမိုင်းပြန်ကြည့်ကြဦးစို့။ ကျွန်တော်တို့ အညာဒေသမှာ  ကြက်သွန်နီကို မိုးစိုက် (ဥစိုက်)နဲ့ ဆောင်းစိုက် (အပင်စိုက်)ဆိုပြီး နှစ်မျိုး ရှိပါတ ယ်။ မိုးစိုက်ဆိုတာ ကိုင်းရယ် ကုန်းရယ် ချောင်းစပ်ရယ်မှာပဲ စိုက်ကြပါတယ်။  မိုးကြ က်သွန်နီဆိုတာ ကြာကြာလှောင်လို့မကောင်းပါ။ ဆောင်းကြက်သွန်မပေါ်မီကြားမှာ အခုအခံသဘောထားတဲ့သဘောပါ။  အစိုက်လည်း နည်းတတ်ပါတယ်။ဆောင်းစိုက်ဆိုတာကတော့ ယောချောင်း၊  ကျောချောင်းတစ်လျှောက် ေ ချာင်းရေကျ သဲသောင်တွေ ပေါ်တော့မှ  ကာလအားဖြင့် ပြောရရင်  ဒီဇင်ဘာလမှာပေါ်လာတဲ့ သဲေ သာင်တွေပေါ်မှာ ပျိုးစိုက် (အပင်စိုက်) တော်တော်များများစိုက်ပါတယ်။ ကျောချောင်း၊ ယောချောင်းတစ်လျှောက် ဆိပ်ဖြူမြို့နား က  ဧရာဝတီမြစ်ဝအထိ စိုက်ကြပါတယ်။ ပေါက်မြို့နယ် ဆိပ်ဖြူမြို့ နယ် နှစ်ခုစ လုံးမှာ စိုက်ပါတယ်။ ဒီဇင်ဘာမှာ စတင်စိုက်ပျိုးပြီး မတ်လနောက်ဆုံးပတ်မှာ စတင် ပေါ်ရာမှ ဧပြီလမှာဖြိုင်ဖြိုင်ပေါ်ပါတယ်။  ဆောင်းစိုက်ကြက်သွန် က အလှောင်ခံတယ် အထားခံ တယ်၊ ပြည်တွင်းသုံးရုံမ က ပြည်ပထိပို့ရတဲ့ Export ဈေးကွက်ဝင် သီးနှံပါ။  ဆောင်းစိုက်ကြက်သွန်ဆိုရင် ထားခဲ့တဲ့ မှတ်တမ်းများအရ ပေါက်နယ်မှာ  နှစ်စဉ်ပိဿာချိန် သိန်း ၁၀ဝ နဲ့ ၁၅၀ လောက်၊ ဆိပ်ဖြူမြို့နယ်မှာ  ပိဿာချိန် ၂၅၀ နဲ့ ၃၀ဝ ကြား နှစ်စဉ်ထွက်ပါတယ်။  တစ်နိုင်ငံလုံးရဲ့ စားသုံးမှု၊ ပြည်ပပို့မှုကို ပေါက်(ပခုက္ကူ) ဆိပ်ဖြူ၊ မြင်းခြံ၊ မြစ်သား  စသည့်မြို့နယ်များမှ  ထွက်ရှိတဲ့ဆောင်းစိုက် (ပျိုးစိုက်)ကို  ကျောထောက်ေ နာက်ခံပြုပြီး စိုက်ပျိုး ထွက်ရှိတာပါ။
              ကြက်သွန်နီဈေးကို  ပြန်လည်ဆန်းစစ်လေ့လာကြည့်ကြပါဦးစို့။ ထွက်ပေါ်စ ဧပြီလမှာ ထိပ်စ တစ်ပိဿာ ၂၇၅ ကျပ်မှ ၃၀ဝ ကျပ်၊ လတ်စ တစ်ပိဿာ ကျပ်၂၅၀ မှ ၂၇၅ ကျပ်၊ အောက်စ တစ်ပိဿာ ကျပ် ၇၀ ၊ ကျပ် ၁၀ဝ မှ ၂၀ဝ ကျပ်ဈေးတွင် စတင် အရောင်းအဝယ် ဖြစ်ခဲ့တာပါ။  ဒီလိုနဲ့ ဇွန်၊ ဇူလိုင်လမှာ တစ်ပိဿာထိပ်စ ၃၉၅ ကျပ်၊ ကျပ် ၄၈၀ မှ ၅၁၀ ကျပ်၊  လတ်စ တစ်ပိဿာ  ၃၇၅ ကျပ်၊ ကျပ် ၄၀ဝ မှ ၄၅၀ ကျပ်၊ အော က်စ  တစ်ပိဿာ ကျပ် ၂၅၀ ၊ ၃၇၅ ကျပ်၊ ၄၀ဝ ကျပ်ဈေးများစတင်ဆွဲလာခဲ့ပါတယ်။  နောက်ပိုင်း စက်တင်ဘာလမှာ ထိပ်စ တစ်ပိဿာ ၂၀ဝ၀ ကျပ်၊ ၂၅၀ဝ ကျပ်၊  ၃၀ဝ၀ ကျပ်၊ လတ်စ တစ်ပိဿာ  ၁၇၅၀ ကျပ်၊ ၂၀ဝ၀ ကျပ်၊  ၂၅၀ဝ ကျပ် အောက်စ တစ်ပိဿာ ၁၆၀ဝ ကျပ်-၂၀ဝ၀ ကျပ် - ၂၄၀ဝ ကျပ်အထိဈေးများ တက်လာခဲ့တာကို လေ့လာရပါတယ်။ ကုန်ပစ္စည်းဆိုတာမျိုးက  ကိုယ်လည်းစိုက်တယ်၊  သူလည်းစိုက်တယ်၊ ကိုယ် ထွက်မလား  ပျက်သလား၊  သူထွက်မလား ပျက်သလား ဆိုတာ မူတည်ပြီးေ တာ့ လူတို့စားသုံးမှု၊ ဈေးကွက်ရဲ့ တောင်းဆိုမှု ဆိုတာတွေကြောင့် ကုန်ဈေးနှုန်း တက်ခြင်း၊ ကျခြင်း  ဖြစ်ပေါ်တတ်တာပါ။ ယခုအေ နအထားမှာ ကိုယ့်တိုင်းပြည်က ထွက်တယ်၊ ဒါပေမယ့် ရာသီဥတုတွေရဲ့  အနေအထား  ပျက်စီး မှုကြောင့် ထွက်သင့်သလောက်၊ ရသင့်သလောက် ထွက်ခဲ့ကြသလား ဆန်းစစ်ဖို့ လိုပါလိမ့်မယ်။ သူတစ်ပါးတို င်းပြည်မှာ အကြောင်းကြောင်းသော အကြောင်းကြောင်းများကြောင့် မထွက်ဘူး လိုအပ်လာတယ်၊ ဒီအနေအထား  ပြ ည်ပဈေးကွက်အဆွဲရှိလာတယ် ၊  အနုတ်ရှိ လာတယ်ပေါ့၊  ပြည်ပဈေးကွက် အဆွဲရှိရင် ပြ ည်တွင်းဈေးလည်း တက်လာတယ်ပေါ့ဗျာ၊ ဒါဟာ အရောင်းအဝယ်လောကရဲ့ ဖြစ်တတ်တဲ့ သဘောတရားတစ်ခုပါ၊  ဒီအခြေအနေပေါ်မှာ လူတွေရဲ့ သဘာဝ တရားဖြစ်သင့်ဖြစ်ထိုက်၊  ရသင့်ရထိုက်လာပြီး ဒါဟာ ဈေးကွက်က ပြောသောစကားပါ။  ဒီအပေါ်မှာ ဖြစ်သင့်သည်ထက် ၊ ရထိုက်သည် ထက် ပိုပြီးရချင်တယ်၊ အမြတ်အစွန်းပိုလိုတယ်၊  လောဘ ဦးစီးတာ ေ ပါ့ဗျာ၊ ကိုယ့်ဆီမှာရှိတဲ့  လှောင်ထားတဲ့  ကြက် သွန်ဝယ်ကို ဝယ်မှာဆိုတာ သိနေလေတော့ ဆက်ကိုင်ထားမယ်လို့ မြတ်မှန်းသိလေဆုပ် ကိုင်ထားလေပေါ့၊ အချို့ဆို တစ်ပိဿာ ၄၀ဝ၀ ကျပ် ဈေးဖြစ်ကို ဖြစ်ရမယ်ပေါ့၊ ဖြစ်နိုင်တယ်ဖြ စ်ရမယ်။  သို့သော် ကိုယ့် လက်ထဲမှာ ပိုက်ဘောဖြစ်နေမလားဆိုတာအထိ  စဉ်းစားကြတယ်ဆိုတဲ့ အသံ တွေကြားရပါတယ်၊  နိုဝင်ဘာ ၂၈ ရက်နေ့ထုတ်  ကြေးမုံသတင်းစာမှာ  ဆောင်းပါးရှင် ဆရာမောင်စေအောင်ရဲ့ ကြက်သွ န်နီ အသင်းမှ  တာဝန်ရှိသူများ၏  ထုတ်ဖော်ပြောကြားချက်အရ စားရသလောက် လောဘကြီးလာခြင်းဖြစ်ကြောင်း၊  ကြက်သွန်စိုက်ဒေသတွေက ဘုရင့်နောင်ကုန်စည်ဒိုင်ကို တစ်နေ့ကြက်သွန်ကား၂၅ စီး အနည်း ဆုံးဝင်တ ယ်။ ဈေးမကျဘူး၊ ပစ္စည်းမရှိတာမဟုတ်ဘူး၊ အစကတော့  ကုန်သည်တွေစားပါစေဆိုပြီး   ပြည်ပကမသွင်းဘဲထားတယ်။  
                     စားရသလောက် လောဘကြီးလာတယ်။ တရားဝင်လမ်း ကြောင်းကတင်သွင်းပါက တရုတ်ကြက်သွန်နီ တစ်ပိဿာကို ၁၀ဝ၀ ကျပ်မှ ၁၂၀ဝ ကျပ်သာ ပေါက်ဈေးရှိနိုင်ပြီး ပြည်တွင်းမှာ  ဈေးကျ လာနိုင်ပါတယ်။ ပြီးခဲ့ တဲ့နှစ်က ကြက်သွန်နီအဝင် နည်းတဲ့ရာသီ ကြက်သွန်နီက ၁၅ စီးခန့်ရှိသော်လည်း ယခုကဲ့သို့ ဈေးအဆမတန် မြင့်တက်လာခြင်းမရှိကြောင်း၊  အဝင်နည်း လို့ ဈေးတက်လာတာပါလို့ ေြ ပာ၍မရကြောင်း၊ ဒီနှစ်အဖို့ မနှစ်ကထက်ပင် အများကြီးပိုဝင် နေကြောင်း၊ အခုလပိုင်း စားသုံးသူများ အကြီးအကျယ်ငွေကြေး ကုန်ကျမှုများနေသော်လည်း  ပြည်တွင်းရှိ ကြက်သွန်နီလှောင်လက်များ၊ ပွဲရုံ လုပ် ငန်းလုပ်ကိုင်သူများ၊ ပြည်ပမှ တင်သွင်းရောင်းချသူများ၊ အဆမတ န် မကြုံစဖူး အမြတ်အစွန်းရရှိနေပါ တယ်။ ကြက်သွန်နီဈေးတက်မှုရဲ့ အဓိကအကြောင်းရင်းကို ပြည်သူများ သိရှိခွင့်ရလာတယ်။ အောက်တို ဘာလဆန်း ကြက်သွန်ဈေးနှုန်း  စတင်မြင့်တက်ချိန်မှာ လက်ရှိပြည်တွင်းဈေးထက် များ စွာဈေးသက်သာတဲ့ ပြည်ပကြက်သွန်များကို တင်သွင်းခဲ့ပါလျှင် ယခုကဲ့သို့ ကြက်သွန်နီဈေး တစ်ပိဿာ ကျပ် ၃၀ဝ၀ အထက် သို့ရောက်ရှိခြင်း မရှိနိုင်ပါ။ အသင်းအဖွဲ့ရဲ့ စေတနာက စားသုံးသူပြည်သူများအပေါ် ဝေဒနာသဖွယ် ဖြ စ်ပေမယ့် အသင်းသားများအတွက် များစွာအကျိုးရှိစေသည်ဟု ဆိုနိုင်ပါ ကြောင်း၊ ကြက်သွန်ဈေး အဆ မတန် မြင့်တက်လာမှုကို ၂၀၁၅ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှု၊ မိုးမိမှုတို့ကြောင့် ကြက်သွန်နီစိုက်ခင်းများ ပျက်စီးရမှု လှောင်ကြက်သွန်များပျက်စီးမှာ ကို စိုးရိမ်သဖြင့်  ဈေးကွက်သို့ အလော တကြီး  ထုတ်ရောင်းမှုတွေ ကြောင့် ပြည်တွင်းလက်ကျန်နည်းမှု၊ မိုးစိုက်ကြက်သွန်များ  အထွက် နောက်ကျမှုတို့ကြောင့်ဆိုပြီး အကြောင်းပြခဲ့ြ ကသော်လည်း ယခုအနေအထားက ယင်းလုပ်ငန်းရှင်များရဲ့ ေ လာဘကြီးမှုတို့ကြောင့် ဖြစ်ရတာပါလို့ ကြက်သွန်နီအသင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးရဲ့ထုတ်ဖော်ပြောကြားချက်များကြောင့် လုပ်ငန်းရှင်များရဲ့ လောဘကြီးမှုကို အ များပြည်သူများ သိရှိရပါတယ်။  ယခုရက် ပိုင်း ပြည်ပနဲ့ ကုန် ပစ္စည်း  အသွင်းအထုတ်ရှိတဲ့ လုပ်ငန်းရှင်များ အသိုင်းအဝိုင်းရဲ့ အဆိုအရ အိန္ဒိယပြည်မှ ကြက်သွန်နီ ကုန်သေတ္တာအလုံးရေ ၄၅ လုံး၊ ပိဿာချိန်အားဖြင့် ငါးသိန်းပတ်ဝန်းကျင် သင်္ဘောဖြင့် ပြ ည်တွင်းသို့ မကြာမီ ရောက်ရှိလာနိုင်မယ်လို့ သိရှိရပါတယ်။
                 စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း ကြက်သွန်နီဈေးနှုန်း တည်ငြိမ်ရေးနဲ့ပတ်သက်တဲ့သတင်းကိုလည်း ၂၀၁၅ ခုနှစ်၊  နိုဝင်ဘာလ ၂၇ ရက်နေ့က  သတင်းထုတ်ပြန်ခဲ့ပါ တယ်။ ကြက်သွန်နီဈေးနှုန်းများမှာ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် ပျမ်းမျှ တစ်ပိဿာ  ၉၀ဝ ကျပ်၊ အောက်တိုဘာလတွင်  တစ်ပိဿာ ၁၂၀ဝ ကျပ်ရှိနေရာမှ   နိုဝင်ဘာလ  တတိယပတ်တွင် တစ်ပိဿာ  ပျမ်းမျှ ၄၀ဝ၀ ကျပ်နီးပါးဖြစ်ပေါ်နေခဲ့ပြီး ပြည်တွင်းမှ  စိုက်ပျိုးသည့် မိုးကြက်သွန်များ ဒီဇင်ဘာလကုန်အတွင်းမှ လှိုင်လှိုင်ပေါ်မည်ဖြစ်သဖြင့် ကြက်သွန်နီဈေးနှုန်း  ကြီးမြင့်မှုနဲ့တွေ့ကြုံရကြောင်း  စားသုံးသူများ ဝန်ထုပ်ဝန်ပိုး မဖြစ်ပေါ်စေရေး  ရည်ရွယ်လျက် အိန္ဒိယနဲ့ တရုတ်နိုင်ငံ တို့မှ ကြက်သွန်နီများ အကန့်အသတ်ဖြင့် ပြည်တွင်းသို့ တင်သွင်းပြီး၊ ပြည်တွင်းကုမ္ပဏီများအား  မြန်မာနိုင်ငံကြက်သွန်နီ/ဖြူနှင့် စားဖို ဆောင်သုံးသီးနှံ စိုက်ပျိုး  ထုတ်လုပ်ရောင်းချသူများ  အသင်းရဲ့ကြီး ကြပ်မှုဖြင့် ခွင့်ပြုတင်သွင်းစေ မည်ဖြစ်ကြောင်း၊  ကြက်သွန်နီ ပြည်ပမှ တင်သွင်းခွင့်တင်ပြလျှောက်ထားလာပါက သတ်မှတ်ချက်ဖြင့် ကိုက်ညီရင် ဆက်လက် တင်သွင်းခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီကဆို ပြီး  နိုင်ငံပိုင် သတင်းစာတွေမှာ  ထုတ်ပြန် ကြေညာထားတာကိုလည်း  ဖတ်ခဲ့ရ ပါတယ်။ ဘာပဲပြောပြော  ကြက်သွန်နီဈေးမြောက်နေတယ်။  ဈေးတက် နေတယ်။ ဖြစ်သင့်ဖြစ်ထိုက်  တက်သင့်တက်ထိုက်လို့ဖြစ်တာလား၊ ထွက် ရှိမှုအနည်းအများ  ဈေးကွက်ရဲ့ တောင်းဆိုမှုဆိုတာတွေကြောင့် ဖြစ်နေတာလား၊  ဒါမှ မဟုတ်ဖြစ်သင့်တာထက် ပိုဖြစ်စေချင်လို့ လူတွေရဲ့ လောဘဦးစီးပြီးဆွဲကိုင်လှုပ်ရှား ကစားတာကြောင့်  ဈေးတက်နေတာလား  စဉ်းစားကြ ရအောင်ပါ။  မကြာခဲ့သော ကာလမှာ အာဆီယံနိုင်ငံများနဲ့ အပေါ င်းနိုင်ငံများက  အာဆီယံစီးပွားရေးအသိုက် အဝန်း  (AEC) ကို သဘောတူညီခဲ့ကြပြီးဖြစ်ပါတယ်။ အာဆီယံနိုင်ငံ များနဲ့အပေါင်းနိုင်ငံများက  ကုန်ပစ္စည်းများ လွတ် လပ်စွာ ရောင်းဝယ် ကြပါတော့မယ်။ ဒီနေ ရာမှာ အရောင်းအဝယ် သစ္စာဗျူဟာ  အခင်းအကျင်းတွေမှာ ရိုးသားမှု သစ္စာရှိမှုတွေလိုလာပါပြီ။  တစ်ခါဆက်ဆံ ဆယ်ခါလန်ဆိုတဲ့  အဖြစ်မျိုးတွေ ရှောင်ကြဉ်ကြဖို့ လိုပါလိမ့်မယ်။ ဘယ်တိုင်းပြည်မှာမဆို ထွက် ကုန်အမျိုးမျိုး ရှိတတ်ကြပါတယ်။  ကိုယ့်တိုင်းပြည်က အပို သူတစ်ပါးတိုင်းပြည်ကအလို၊ ထိုနည်းတူစွာပဲ သူတစ်ပါးတိုင်းပြည်ကအပို ကိုယ့်နိုင်ငံကလိုရင်  တင်ပို့ခြင်း တင်သွင်းခြင်းဆိုတာတွေဟာ  ဆက် ရှိနေ မှာပါ။  အခုတလော ကိုယ့်တိုင်းပြည်မှာ  ကြက်သွန်နီရှိနေပါလျက်  ပြည်ပက တင်သွင်းရတယ် ဆိုတာ  ဖြစ်သင့်ပါသလား။ ဖြစ်ထိုက်ပါသလား  စဉ်းစားကြရတော့မှာပေါ့၊  အခုအနေအထားက ပခုက္ကူမှာ ရေ စကြိုမြို့နယ်နဲ့ ပေါက် မြို့နယ်က မိုးစိုက် (ဥစိုက်)ကြက် သွန် အသစ်တွေဝင်နေပါပြီ။  စဝင်ကာစက တစ်နေ့ပိဿာချိန် ၅၀ဝ၊ ၁၀ဝ၀ မှသည်  ယခုဆိုရင် တစ်နေ့   ပိဿာချိန် ၅၀ဝ၀ မှ   ၁၀ဝဝဝ၊ ၁၇၀ဝ၀ ပိဿာအထိ ဝင်နေပါတယ်။   စဝင်ကာစက   တစ် ပိဿာ ၁၁၀ဝ  ကျပ်မှ ၂၁၀ဝ ကျပ်ဈေးတွေဖြစ်ခဲ့ပေမယ့် ယခုအနေအထားမှာ တစ်ပိဿာ ၁၀ဝ၀ ကျပ်မှ  ၁၉၀ဝ ကျပ် ဈေးတွေကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်နေပါတ ယ်။ ရှေ့ နောက် ဒီထက်များများပေါ်လာရင်  ဈေးဆက်ကျ လာ မှ လားဆိုတာ စဉ်းစားကြရမှာပါ။ တစ်ခါပေါ်တဲ့  ကြက်သွန်က  မိုးစိုက် (ဥစိုက်)  ကြက်သွန်ဖော်ချိန် ကျလို့ ဖော်တာလား၊ ဈေးကောင်းလို့  အ ချိန်မကျ ဘဲ ဖော်တာလား။ ဒါဆိုရင် ဒီကြက်သွန်အရည်အသွေး ဘယ်လောက်ကောင်း မှာလဲ၊  ဘယ်လိုပဲဖြစ်ဖြစ်  ကြက်သွန်နီရဲ့  သတ္တိဟာ  မွှန်တဲ့ သဘောရှိပါတယ်။ စိုက်ပျိုးထုတ်လုပ်သူ ဝယ်ယူစားသုံး သူ ရောင်းဝယ် ဖောက်ကားသူ အားလုံး ကို မျက်နှာမလိုက်ပါဘူး မွှန်တတ်ပါတယ်။

" ဟုတ်ကဲ့ ကြက်သွန်ဟာ မွှန်တတ်ပါတယ်ဗျာ--"

 

မြင့်ဦး - ပခုက္ကူ