ဌာနတွင်းစာရင်းစစ်/တာဝန်ဝတ္တရားများ
ဌာနတွင်းလုပ်ငန်းနှင့်စာရင်းစစ်ဆေးရေးဌာနခွဲ၏ တာဝန်ဝတ္တရားများ
(၁) လုပ်ငန်းနှင့်စာရင်းစစ်ဆေးရေးဌာနစု
( က ) ပို့ကုန်သွင်းကုန်လိုင်စင်ထုတ်ပေးမှု မှတ်တမ်းများ စိစစ်ခြင်း။
( ခ ) ပို့ကုန်သွင်းကုန်လိုင်စင်ရရှိမှု၊ ထုတ်ပေးမှု၊ လက်ကျန်စာရင်းများ စိစစ်ခြင်း။
( ဂ ) ပို့/သွင်းအမှန်တင်သွင်းမှုစာရင်းများ စိစစ်ခြင်း။
( ဃ ) ပို့/သွင်းအုပ်စုလိုက် တစ်မယ်ခြင်းစာရင်းစိစစ်ခြင်း။
( င ) ပို့/သွင်းကုမ္ပဏီအလိုက် တစ်မယ်ခြင်းစာရင်းစိစစ်ခြင်း။
( စ ) ပို့/သွင်းလိုင်စင်ထုတ်ပေးရာတွင် စာရွက်စာတမ်းများ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ
စိစစ်ခြင်း။
( ဆ ) အစားအသောက်နှင့်ဆေးဝါးပစ္စည်းများကဲ့သို့ FDA ထောက်ခံချက်နှင့်အခြား
လိုအပ်သည့် ထောက်ခံချက်များ ပါဝင်မှု ရှိ/မရှိ စစ်ဆေးခြင်း။
( ဇ ) ပြင်ဆင်/အပ်နှံ/ သက်တမ်းတိုးကိစ္စရပ်များ ဆောင်ရွက်ခြင်း။
( ဈ ) လိုင်စင်အရ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စိစစ်ခြင်း။
( ည ) နေ့စဉ်ကုန်ဈေးနှုန်းသတင်းများ၊ တစ်ဖက်နိုင်ငံပေါက်ဈေးများအား
ဆောင်ရွက် ထား ခြင်း ရှိ/မရှိ စစ်ဆေးခြင်း။
( ဋ ) နယ်စခန်းများမှ ကြေးနန်းဖြင့် ခွင့်ပြုမိန့်တောင်းခံလာသည့် EICC ဇယားများ
စိစစ်ထားခြင်း နှင့် ပြန်ကြားပေးခြင်း ရှိ/မရှိ စစ်ဆေးခြင်။
( ဌ ) (၆) လချုပ်၊ နှစ်ချုပ်စာရင်းများ စခန်းနှင့်ရုံးချုပ် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း။
( ဍ ) ရုံးချုပ်မှ သုံးလပတ်အလိုက် ရန်ပုံငွေခွဲဝေပေးထားခြင်းအပေါ် အမှန်သုံးစွဲမှုနှင့် အနီးစပ်ဆုံး LC ဖွင့်လှစ်နိုင်မှု အခြေအနေ။
( ဎ ) ဌစလချုပ်အား Accounting Software ဖြင့် ရေးဆွဲမှုရှိ/မရှိနှင့် ဌစလချုပ်များ (ဌစ ၇၊ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၄၊ ၁၆) များ
စနစ်တကျဖိုင်တွဲထားခြင်း ရှိ/ မရှိ စစ်ဆေးခြင်း။
( ဏ ) ပိုလျှံငွေအား ရုံးချုပ်မှ သတ်မှတ်ရက်အတိုင်း အချိန်မီ ပြန်လည်အပ်နှံခြင်း ရှိ/ မရှိ
စစ်ဆေးခြင်း။
( တ ) ရငွေများကို ထိန်ချန်ထားခြင်းမရှိဘဲ အပြည့်အဝ အချိန်မီဘဏ်သို့ပေးသွင်း ခြင်း
ရှိ/မရှိနှင့် ဘဏ်ချိန်ကျော်လွန်မှ ရရှိငွေအား ဌစ-၅၊ ဌစ-၆ တွင် နေ့စဉ်
ရေးသွင်းခြင်း ရှိ/မရှိ စစ်ဆေးခြင်း။
( ထ ) ငွေသားလက်ကျန်များကို ငွေစာရင်းစာအုပ်လက်ကျန်နှင့် တိုက်ဆိုင်စစ်ဆေး၍ ပုံစံ
ဌစ-၆ငွေစာရင်းစာအုပ် လက်ကျန်ရှင်းတမ်းတွင် လိုအပ်သကဲ့သို့ အသေးစိတ်များ
ဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း။
( ဒ ) Bank သွင်းချလံအရ (ဌစ-၇) တွင်ရေးသွင်းထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း။
( ဓ ) ဌစ-၉ ခေါင်းစဉ်တစ်ခုချင်းအလိုက် အဆင့်ဆင့်စုစုပေါင်းများ မှန်ကန်မှု ရှိ/မရှိ
စစ်ဆေးခြင်း။
( န ) ဌစ-၁၀ ရငွေတွင် ယခင်လထိ ရငွေ၊ ပေးငွေစာရင်းများ မှန်ကန်ပြည့်စုံမှု ရှိ/မရှိ
စစ်ဆေးခြင်း။
( ပ ) ကုန်ချကွင်းကြေး ကောက်ခံမှုဖြတ်ပိုင်းပုံစံ ရရှိ/ထုတ်ပေး/ လက်ကျန် မှတ်တမ်း
စာအုပ်ပြုလုပ် ရေးသွင်းထားခြင်း ရှိ/မရှိ၊ Weight Bridge ရှိသော စခန်းများ၌
နေ့စဉ်ရငွေစာရင်း စာအုပ်ရေးဆွဲပြုစုပေးသွင်းထားခြင်းရှိ/မရှိနှင့်ယင်းစာအုပ်ပါ
ယာဉ်စီးရေအတိုင်း ဘဏ်သို့ပေးသွင်းမှု ရှိ/မရှိ၊ ကုန်ချကွင်းကြေး ကောက်ခံမှု
ဖြတ်ပိုင်းဖြတ်ထားမှုနှင့် ယာဉ်ကြီး၊ ယာဉ်ငယ်စာရင်းများ ကိုက်ညီမှုရှိ/မရှိ
စစ်ဆေးခြင်း။
( ဖ ) အသုံးစရိတ်နှင့်ပတ်သက်၍ ခွင့်ပြုမိန့်၊ခွင့်ပြုရန်ပုံငွေ၊ ဘဏ္ဍာရေးစည်းမျဉ်းနှင့်
အညီသုံးစွဲမှုရှိ/မရှိနှင့်အသုံးစရိတ်တစ်ရပ်အား သက်ဆိုင်ရာငွေစာရင်းခေါင်းစဉ်
အောက်တွင် မှန်ကန်စွာ ရေးသွင်း ထားမှုရှိ/မရှိ စစ်ဆေးခြင်း။
( ဗ ) ကြိုတင်ငွေထုတ်ယူ သုံးစွဲပြီးသော်လည်း ပြန်လည်ရှင်းလင်းခြင်းရှိ/ မရှိနှင့်
သက်ဆိုင်ရာခေါင်းစဉ်တွင် စာရင်းညှိနှိုင်းမှုရှိ/မရှိနှင့်အစိုးရအချင်းချင်းငွေပေးချေ
ရာတွင် အထူးမျဉ်းသားချက်ဖြင့် ပေးချေခြင်းရှိ/မရှိစစ်ဆေးခြင်း။
( ဘ ) ဘတ်ဂျက်ခွင့်ပြုငွေတွင် တည်ဆောက်ရေးလုပ်ငန်း၊ စက်ပစ္စည်းများအား ငွေလုံး
ငွေရင်းအသုံးစရိတ်ဖြင့် ဝယ်ယူခြင်းရှိ/မရှိ စစ်ဆေးခြင်း။
( မ ) အပ်ငွေ (တင်ဒါစဘော်ငွေ ၁% ၊ လုပ်ငန်းအာမခံစဘော်ငွေ ၅%) စာရင်းများအား
ရုံးချုပ်၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ထားမှုရှိ/မရှိနှင့် ယာယီ (ကုန်သွယ်
လုပ်ငန်းခွန် ၅% စသည့်) စာရင်းများအား ရရှိသည့်လတွင် ပြည်တွင်းအခွန်သို့
ပေးသွင်းထားရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်း။
( ယ ) ပေးချေရန် အချိန်မစေ့ရောက်သေးသည့် အပ်ငွေ၊ ယာယီရငွေများအား မှတ်တမ်း
တင်ထား ခြင်း ရှိ/မရှိ ၊ ဌစ (၁၂)၊ ဌစ(၁၅) ၊ ဌစ(၁၆) များတွင် ရေးသွင်းထားခြင်း
ရှိ/မရှိ စစ်ဆေးခြင်း။
( ရ ) ဘဏ်ကိုက်ညှိရှင်းတမ်းဖြင့် ရငွေ/အသုံးစရိတ်များ တိုက်ဆိုင်စစ်ဆေးခြင်းပြီး
ဘဏ်ကိုက်ညီချက် ရှင်းတမ်းအရ ခြားနားချက်အား ဌစ-၁၁ တွင် အသေးစိတ်
ဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း။
( လ ) ငွေ/ပစ္စည်းဆုံးရှုံးမှု ဖြစ်ပေါ်ပါက စနစ်တကျရေးသွင်းထားမှုနှင့် စာရင်းပယ်ဖျက်မှု
ရှိ/ မရှိ စစ်ဆေးခြင်း။
( ဝ ) (၃) လတစ်ကြိမ် သုံးစွဲရန် ပေးပို့အကြောင်းကြားသည့်ငွေမှ ပိုလျှံငွေအား (-) LC
ပြုလုပ်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း။
(၂) မှုခင်းစစ်ဆေးရေးနှင့်အုပ်ချုပ်မှုဌာနစု
( က ) ဌာနဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးရန် လိုအပ်သောကိစ္စရပ်များ
အတွက် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် စစ်ဆေးတွေ့ရှိချက်အပေါ်
အချိန်နှင့်တပြေးညီ အထက်အဆင့်ဆင့်သို့ အစီရင်ခံတင်ပြခြင်း။
( ခ ) ပုံသေပိုင်ပစ္စည်းများ ငွေစာရင်းခေါင်းစဉ်အလိုက်ဝယ်ယူဖြန့်ခွဲမှုများစစ်ဆေးခြင်း။
( ဂ ) ငွေလုံးငွေရင်းခေါင်းစဉ်ဖြင့် ဝယ်ယူသည့် ရုံးသုံးစက်ကိရိယာ၊ ပရိဘောဂနှင့်
ယာဉ်များအား ဝန်ကြီးဌာန ဝယ်/ကော် နှင့် တင်ဒါစစ်ဆေးရေး ကော်မတီသို့
တင်ပြ ဆောင်ရွက်ထားရှိမှု စစ်ဆေးခြင်း။
( ဃ ) ပုံသေပိုင်ပစ္စည်းများအပျက်များ စာရင်းပြုစု၍ လေလံတင်ထုခွဲရောင်းချခြင်း
အား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်း။
( င ) အဆောက်အဦ၊ အခန်း၊ သိုလှောင်ရုံ၊ မြေငှားရမ်းမှုများအား လုပ်ထုံးလုပ်နည်း
နှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်း။
( စ ) ငွေစာရင်းလချုပ်များအား ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်
ထားရှိ မှု ရှိ/မရှိ စစ်ဆေးခြင်း။
( ဆ ) ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ဖောက်ဖျက်သူများအား ဌာနဆိုင်ရာစုံစမ်း
စစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးခြင်း။