ကိုရီးယားကုမ္ပဏီ ၆၅ % က ChatGPT အက်ပလီကေးရှင်း အသုံးပြု၍ ဖန်တီးထားသည့် ကိုယ်ရေးမှတ်တမ်များကို အရေးယူမှုများပြုလုပ်ခဲ့

တောင်ကိုရီးယား အလုပ်သမားဝန်ကြီးဌာနနှင့် ကိုရီးယားအလုပ်အကိုင် သတင်းအချက်အလက် ဝန်ဆောင်မှုအဖွဲ့တို့သည် ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း အလုပ်အကိုင်လမ်းကြောင်းများနှင့်စပ်လျဉ်း၍ နိုင်ငံ၏ထိပ်တန်းကုမ္ပဏီ (၅၀၀) မှ အရောင်းဌာန မန်နေဂျာများအပေါ် စစ်တမ်းကောက်ယူထားသည့် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ကြောင်း The Nation သတင်းဌာနက ဖော်ပြထားပါသည်။
 

စစ်တမ်းဖြေကြားခဲ့သူ ၆၅.၄ %  အနက် ၄၂.၄ %  က အလုပ်လျှောက်ထားသူသည် ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence -AI )အသုံးပြု၍ ကိုယ်ရေးမှတ်တမ်းကို ရေးသားပါက အဆင့်ချအကဲဖြတ်ပြီး ၂၃.၂ %  က လျှောက်လွှာကို ချက်ချင်း ပယ်ချကြောင်း၊စစ်တမ်းဖြေကြားခဲ့သူ ၆၄.၁ %  က AI အသုံးပြု၍ ကိုယ်ရေးမှတ်တမ်းရေးသားမှုအပေါ် မကောင်းရှုမြင်ပြီး “တီထွင်နိုင်မှုနှင့်ဖန်တီးနိုင်စွမ်းကို လျော့နည်းစေသည် ” ဟု ရှုမြင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
 

 AI အသုံးပြု၍ ကိုယ်ရေးမှတ်တမ်းရေးသားမှုကို ကုမ္ပဏီများက အကောင်းမမြင်သော်လည်း AI  အသုံးပြု ကိုယ်ရေးမှတ်တမ်းရေးသားမှု ရှိ/မရှိကို  ကုမ္ပဏီများ၏ ၇၃ %  ခန့်က စစ်ဆေးခြင်းမရှိကြောင်း၊ ၁၈.၇  % က ပြင်ပအေဂျင်စီများ ဌားရမ်း၍ စိစစ်ပြီး ၈.၃ % က ကိုယ်တိုင် စနစ်တကျစိစစ်ကြောင်း ဖော်ပြထားပါသည်။

 Source :https://www.nationthailand.com/world/asia-pacific/40036688