ြမိတ်ဒေသ သစ်သီးများကို မောတောင်ကုန်သွယ်ရေးစခန်းမှ အဓိကထား တင်သွင်းလျက်ရှိ

မတ်လ (၆) ရက်

          မြိတ်ဒေသမှ တစ်ဖက်ထိုင်းနိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ မတ်လ (၁) ရက်မှ (၆) ရက်နေ့ အတွင်း အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်ဖြင့် ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းမှ ပရာကျွတ်ကရီခမ်သို့ ငါးကြိတ်သား (၁၄.၄၀) တန်နှင့်ငါးမှုန့် (၈၀၆.၀၀)တန် တင်ပို့နိုင်ခဲ့ပြီးစုစုပေါင်း ဒေါ်လာသန်း (၀.၉၃၁) သန်းခန့်တင်ပို့နိုင်ခဲ့ကြောင်း သိရှိရသည်။ ကြက်သွန်နီတင်ပို့မှုအား ဖေဖော်ဝါရီလ တတိယအပတ်မှစ၍ မြိတ်ကုန်သွယ်ရေးစခန်းတွင် တင်ပို့မှု မပြုလုပ်တော့ပဲ မောတောင် ကုန်သွယ်ရေးစခန်းတွင်သာ ပြုလုပ်နေကြောင်းသိရှိရသဖြင့် ကုန်သွယ်မှုပမာဏ အနည်းငယ် လျော့နည်းသွားနိုင်ကြောင်း သိရှိရသည်။