အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် အောက်ဖော်ပြပါ သိုလှောင်ရုံနှင့် မြေတို့အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်-
(၁)နှစ်သက်တမ်းငှားရမ်းခြင်း
Lot -1 (က) ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ဓမ္မသုခကျောင်းလမ်းရှိ မြေ (၉၀' x ၅၀') နှင့် မြေ(၇၉' x ၈၂')
(၃)နှစ်သက်တမ်းငှားရမ်းခြင်း
Lot-2 (ခ) မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့ဟောင်းရပ်ရှိ သိုလှောင်ရုံ အမှတ် (၁၁) (၁၅၀x၆၀) (သွပ်၊ သွပ်၊ ကွန်)
(ဂ) တင်ဒါပုံစံရောင်းချမည့်ရက် - (၁၅.၆.၂၀၂၁) ရက်မှ (၁၄.၇.၂၀၂၁)ရက်ထိ
(ရုံးချိန်အတွင်း)
(ဃ) တင်ဒါပုံစံရောင်းချရန် - (၁၄.၇.၂၀၂၁)ရက် ညနေ(၁၆:၀၀)နာရီ
ပိတ်မည့်နေ့/အချိန်
(င) တင်ဒါယှဉ်ပြိုင်ရမည့်ရက်/အချိန်- (၁၅.၇.၂၀၂၁)ရက်နေ့၊ (၁၃:၀၀)နာရီ
(စ) တင်ဒါတင်သွင်းရမည့်နေရာ - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်။
(ဆ) စာရင်းပေးသွင်းရမည့်နေရာ - ရုံးအမှတ်(၅၂)၊ နေပြည်တော်
(ဇ) တင်ဒါစည်းကမ်းချက်များ - (၁၇.၆.၂၀၂၁)ရက်နေ့ (၁၁:၀၀)နာရီ
ရှင်းလင်းမည့်နေ့/အချိန်/နေရာ ရုံးအမှတ်(၅၂)၊ နေပြည်တော်
(ဈ)တင်ဒါပုံစံရောင်းချမည့်နေရာ - စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စီမံရေးရာဌာနခွဲ၊ အမှတ်(၂၂၈/၂၄၀)၊ ဒုတိယထပ်၊ ကမ်းနားလမ်းနှင့်ရွှေဘုံသာလမ်းထောင့်၊ ရန်ကုန်မြို့၊
တိုင်းဒေသကြီးဦးစီးမှူးရုံး၊ မန္တလေးမြို့။
(ည) Deposit ပေးသွင်းမှု - တင်ဒါစည်းကမ်း သတ်မှတ်ချက်ပုံစံတွင် ဖော်ပြ ထားပြီး ဖြစ်ပါသည်။
၂။ စားသုံးသူရေးရာဦးစီးဌာနမှ ငှားရမ်းမည့် သိုလှောင်ရုံနှင့် မြေတို့၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာမြို့နယ်များသို့ သွားရောက်ကြည့်ရှု့နိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တင်ဒါပုံစံဝယ်ယူရမည့်နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၁-၂၅၀၄၃၂၊ ၀၂-၄၀၃၆၃၃၈ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါစိစစ်ရေးကော်မတီ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန