မူဆယ်ကုန်သွယ်ရေးဇုန်မှ ပြောင်းလျော့နည်းတင်ပို့

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီ စခန်းစုံမှ မေ ၁၂ ရက်မှ ၁၈ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန် ဒေါ်လာ ၄ ဒသမ ၁၈၀ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၈၆၇၃ တန်ကျော်ကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ပါတယ်။ စခန်း အလိုက်တင်ပို့မှုမှာ မူဆယ်မှ ၁၄၇၆၆ တန်၊ လွယ်ဂျယ်မှ ၃၆၆၉ တန်ကျော်၊ ချင်းရွှေဟော်မှ ၃၃ တန်နဲ့ ကန်ပိုက်တီမှ ၂၀၅ တန်ဖြစ်ပါတယ်။ ယခင်တစ်ပတ် က မူဆယ်မှ ၂၁၄၆၂ တန်၊ လွယ်ဂျယ်မှ ၁၉၃၆ တန်၊ ချင်းရွှေဟော်မှ ၃၂ တန်နဲ့ ကန်ပိုက်တီမှတန် ၂၀၀ တင်ပို့ခဲ့တဲ့ အတွက် ကျန်စခန်းသုံးခုမှ ပိုမိုတင်ပို့ခဲ့ တာတွေ့ရပြီး မူဆယ်မှအဆိုပါ ရက်သတ္တပတ်အတွင်း  ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သဖြင့် တင်ပို့မှုလျော့နည်းရ တာဖြစ်ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ပြောင်းတစ်တန်လျှင် ၃၀၈၅၂၆ ကျပ်ရှိရာမှ မေ ၁၂ ရက်မှ ၁၈ ရက်အထိ ရက်သတ္တပတ်အတွင်း ၃၀၉၆၂၃ ကျပ်သို့ဈေးအနည်းငယ်မြင့် တက်ခဲ့ကြောင်း၊ မူဆယ်သို့ပြောင်းကား ၄၃၉ စီးဝင်ရောက်ခဲ့သဖြင့် ယခင်တစ် ပတ်ထက် ၂၅၉ စီးလျော့နည်းခဲ့ကြောင်း သိရပါတယ်။

မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေးစခန်းမှလည်း  အဆိုပါ ရက်သတ္တပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၁၅၁၆ တန်ဖိုးရှိ ပြောင်းတန် ၅၀ ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။

 မော်မော်အောင်