ဇွန်လဝက်ကျော်ကာလအတွင်း မူဆယ်၊ မြဝတီနဲ့ ကော့သောင်း နယ်စပ်များက သီဟိုဠ်စေ့ တန် ၁၀၀ ကျော်တင်ပို့

 မူဆယ်ကုန်သွယ်ရေးဇုန်၊  မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကော့သောင်းကုန်သွယ်ရေးစခန်းများက  ၂၀၁၅ ခုနှစ် ဇွန်လ ၁ ရက်မှ  ၁၉ ရက်တာကာ လအတွင်း  ကန်ဒေါ်လာ ၀ ဒသမ ၇၄၄ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့     ၁၀၁ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုများမှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ၇၉ တန် ၊ မြဝတီကုန်သွယ်ရေးဇုန်မှ ၁၉ တန်နဲ့ ကော့သောင်း နယ်စပ်မှ ၃ တန်ကျော် အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။  ဇွန်လ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်းမှာတော့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ၁၆ တန်ကျော်သာ အပို့ရှိပြီး မြဝတီနဲ့ ကော့သောင်းနယ်စပ်များမှ မရှိဘူးလို့ သိရပါတယ်။
ခင်မြနွယ်  MIRT