မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

၁။      မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိရာ (၇-၁၁-၂၀၂၃) ရက်နေ့မှ (၁၀-၁၁-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများ ဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ နှမ်း၊ ရေထွက်ပစ္စည်းများဖြစ်သော ငါးကြင်းဆီဖောင်းခြောက်၊ ကဏန်း၊ ပုစွန်၊ ငါးကြိတ်သား၊ ငါးပါးလျှပ်၊ ငါးမွှေထိုး၊ ကျောက်ငါး၊ ငါးသင်ဖြူး၊ ငါးခွေးလျှာ၊ တွင်းထွက် ပစ္စည်းများဖြစ်သော ခဲ/သတ္တုများ နှင့် CMP ပစ္စည်းများကို တင်ပို့ခဲ့ပါတယ်။

၂။       (၇-၁၁-၂၀၂၃) ရက်နေ့မှ (၁၀-၁၁-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်၊ ကြက်သွန်နီ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများဖြစ်ပါတယ်။

၃။      ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံး ပြုရန် လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်း ဝယ်လိုအားမြင့်တက်နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

၄။      ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်း ပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါတယ်။

၅။      (၇-၁၁-၂၀၂၃) ရက်နေ့မှ (၁၀-၁၁-၂၀၂၃) ရက်နေ့ထိ သွင်းကုန်ပစ္စည်းတင်သွင်းမှုအနေဖြင့် တိရိစ္ဆာန် အစာ၊ စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း များနှင့် ယာဉ်ယန္တရားများ၊ ဓာတ်မြေဩဇာ၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ CMP ၊ ဆေးဝါးများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အိမ်သုတ်ဆေး၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန် ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့် စက်ပစ္စည်း ကိရိယာများနှင့် ငါးဖမ်းပစ္စည်းတို့ကို တင်သွင်းခဲ့ပါတယ်။

၆။      (၇-၁၁-၂၀၂၃) ရက်နေ့မှ (၁၀-၁၁-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း များမှာ  အဝတ်အထည်၊ CMP ၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်နှင့်စက် အပိုပစ္စည်းများ၊ သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ ဖြစ်ပါသည်။

၇။      ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၁.၃၂)ကျပ် ရှိပြီး ယခုအပတ်တွင် (၉၁.၇၄) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေး အနည်းငယ် မြင့်တက်သွားပါတယ်။

၈။      (၄-၁၀-၂၀၂၃ မှ ၁၀-၁၁-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ချုပ်ပြီး အထည် (၅၈၀၄၇) U၊  (၀.၅၈၃)‌ဒေါ်လာသန်း၊ ကြက်သွန်နီ (၁)တန်လျှင် (၆၅၁.၉၄၅) ဒေါ်လာဖြင့် (၂၃၀၈.၄၇၆)တန်  (၁.၅၀၅) ဒေါ်လာသန်း၊ ငရုတ်သီး(ခြောက်) (၁)တန်လျှင် (၁၅၄၁.၀၉၀) ဒေါ်လာဖြင့် (၅၉၆.၉၈၀)တန် (၀.၉၂၀) ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို) (၁) တန်လျှင် (၃၁၉.၆၈၇) ဒေါ်လာဖြင့် (၂၅၀.၂၄၅)တန် (၀.၀၈၀)ဒေါ်လာသန်း၊ မတ်ပဲ (၁) တန်လျှင် (၁၀၄၆.၈၇၅) ဒေါ်လာဖြင့် (၆၄.၀၀၀) တန် (၀.၀၆၇) ဒေါ်လာသန်း၊ သတ္တုနှင့်သတ္တုရိုင်းများ (၁) တန်လျှင် (၁၇၇၃.၁၇၄) ဒေါ်လာဖြင့် (၂၈၄.၈၀၀) တန် (၀.၅၀၅) ဒေါ်လာသန်း၊ နှမ်း(ဖြူ) (၁) တန်လျှင် (၂၀၈၃.၃၃၃) ဒေါ်လာဖြင့် (၉၆.၀၀၀) တန် (၀.၂၀၀) ဒေါ်လာသန်း၊ ဂေါ်ဖီထုပ် (၁)တန်လျှင် (၁၉၈.၉၂၄) ဒေါ်လာဖြင့် (၁၁၁၆) တန် (၀.၂၂၂) ဒေါ်လာသန်း၊ ငါးမျိုးစုံ  (၁) တန်လျှင် (၉၅၇.၅၄၉) ဒေါ်လာဖြင့် (၄၆.၉၉၅) တန် (၀.၀၄၅) ဒေါ်လာသန်း၊ ပြောင်းကြိတ်ဖက်မှုန့် (၁) တန်လျှင် (၂၆၈.၅၇၁) ဒေါ်လာဖြင့် (၁၇၅) တန် (၀.၀၄၇) ဒေါ်လာသန်းတို့ ဖြစ်ပါတယ်။

၉။      (၄-၁၁-၂၀၂၃ မှ ၁၀-၁၁-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုး မှာ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၂.၂၈၁) ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၀.၆၇၃) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၁.၂၆၄) ဒေါ်လာသန်း၊ ပုံနှိပ်စက္ကူများ (၀.၆၂၄) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၈၂၂) ဒေါ်လာသန်း၊ အလှကုန်ပစ္စည်းများ (၀.၅၄၃) ဒေါ်လာသန်း၊  ချည်ထည်များ (၁.၈၅၈) ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၄၉၁) ဒေါ်လာသန်း၊ ဝါယာကြိုးများ (၀.၄၉၃) ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (၀.၇၆၅) ဒေါ်လာသန်း တို့ ဖြစ်ပါတယ်။

၁၀။    မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃  ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၅.၆၀၆) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၂၄.၁၄၂) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၂၉.၇၄၈ ) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။